သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ေရာဂါကူးစက္သူ ၆၀,၀၀၀ နားနီးလာ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ထားတဲ့ က်န္းမာေရးဝန္ထမ္း တဦး။ (ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗုိင္းရပ္စ္ပိုးကူးခံရသူ ၁,၃၄၂ ဦးထပ္တိုးလာတဲ့အတြက္ ႏုိ္၀င္ဘာ ၆ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အခုေနာက္ဆံုး ေရာဂါကူးစက္သူ စုစုေပါင္း ၆၀,၀၀၀ နားကပ္လာပါတယ္။ ၾကာသပေတးေန႔က ဓာတ္ခြဲနမူနာေပါင္း ၁၄,၄၄၉ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္သူ ၁,၃၀၀ ေက်ာ္ ထပ္ေတြ႔ၿပီး ေသဆုံးသူက ၂၄ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေသဆုံးသူေတြထဲမွာေတာ့ နဂိုေရာဂါခံရွိသူ အေယာက္ ၂၀ ပါတယ္လို႔လည္း ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီေရာဂါကူးစက္မႈ စတင္ေတြ႔ရွိခ်ိန္ကစလို႔ ဓာတ္ခြဲစမ္းသပ္နမူနာေပါင္း ၈၀၀,၀၀၀ နီးပါး ျပဳလုပ္ခဲ့ၿပီးပါၿပီ။ ဒီထဲမွာ ကူးစက္သူ ၅၉,၂၇၇ ဦးနဲ႔ ေသဆုံးသူ အေရအတြက္က ၁,၃၇၆ ဦး ရွိပါတယ္။ ေရာဂါကူးစက္ခံရေပမဲ့ ျပန္လည္ေကာင္းမြန္ျပီး ေဆး႐ုံက ဆင္းခြင့္ရသူေပါင္းကေတာ့ ၄၃,၀၀၀ ေက်ာ္ ရွိပါတယ္။

ခုလို ကုိ႐ိုနာဗုိင္းရပ္စ္ကူူူးစက္မႈ တိုးလာခိ်န္မွာပဲ တနဂၤေႏြေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေတြ လိုက္ေကာက္တဲ့ ဧရာ၀တီတုိင္း ပုသိမ္ၿမိဳ႕က မဲ႐ုံ၀န္ထမ္းတခ်ဳိ႕ ပိုးကူးစက္ခံေနရတဲ့သတင္းေတြ ထြက္ေပၚလာပါတယ္။

အိမ္တုိင္ယာေရာက္ ႀကိဳတင္မဲလိုက္ေကာက္ခဲ့တဲ့ ပိုးကူူးခံထားရသူ မဲရုံ၀န္ထမ္း ၇ ေယာက္ကို သီးျခားခြဲေစာင့္ၾကည့္ေနၿပီး သူတို႔နဲ႔ထိေတြ႔ခဲ့သူေတြကို ေျခရာေကာက္ေနပါတယ္လို႔ တာ၀န္ရွိသူေတြကေျပာပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်ရောဂါကူးစက်သူ ၆၀,၀၀၀ နားနီးလာ

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရသူ ၁,၃၄၂ ဦးထပ်တိုးလာတဲ့အတွက် နိုဝင်ဘာ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ အခုနောက်ဆုံး ရောဂါကူးစက်သူ စုစုပေါင်း ၆၀,၀၀၀ နားကပ်လာပါတယ်။ ကြာသပတေးနေ့က ဓာတ်ခွဲနမူနာပေါင်း ၁၄,၄၄၉ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၁,၃၀၀ ကျော် ထပ်တွေ့ပြီး သေဆုံးသူက ၂၄ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာတော့ နဂိုရောဂါခံရှိသူ အယောက် ၂၀ ပါတယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်မှု စတင်တွေ့ရှိချိန်ကစလို့ ဓာတ်ခွဲစမ်းသပ်နမူနာပေါင်း ၈၀၀,၀၀၀ နီးပါး ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီထဲမှာ ကူးစက်သူ ၅၉,၂၇၇ ဦးနဲ့ သေဆုံးသူ အရေအတွက်က ၁,၃၇၆ ဦး ရှိပါတယ်။ ရောဂါကူးစက်ခံရပေမဲ့ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူပေါင်းကတော့ ၄၃,၀၀၀ ကျော် ရှိပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ်ကူူူးစက်မှု တိုးလာချိန်မှာပဲ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ လိုက်ကောက်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က မဲရုံဝန်ထမ်းတချို့ ပိုးကူးစက်ခံနေရတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

အိမ်တိုင်ယာရောက် ကြိုတင်မဲလိုက်ကောက်ခဲ့တဲ့ ပိုးကူူးခံထားရသူ မဲရုံဝန်ထမ်း ၇ ယောက်ကို သီးခြားခွဲစောင့်ကြည့်နေပြီး သူတို့နဲ့ထိတွေ့ခဲ့သူတွေကို ခြေရာကောက်နေပါတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG