သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၂၃ ဦးထပ္တုိး၊ စုစုေပါင္း ၂၈၆ ဦးရွိ


မတ္လ ၂၃ ရက္ေန႔တုန္းက ထိုင္း-ျမန္မာနယ္စပ္မွ ျပန္လာၾကသူမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ Coronavirus ပိုးကူးစက္သူ ေနာက္ထပ္ ၂၃ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁၉ ရက္ေန႔ မနက္ ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း၂၈၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာ ၂၃ ဦးဟာ တနသၤာရီတုိင္း၊ ဧရာ၀တီတုိင္း၊ ရန္ကုန္တုိင္း၊ ပဲခူးတုိင္း၊ မႏၱေလးတုိင္း၊ ရခုိင္နဲ႔ မြန္ျပည္နယ္တုိ႔က အသီးသီးျဖစ္ၾကပါတယ္။




အခု အသစ္ေတြ႔ရွိတဲ့ လူနာ ၂၃ ဦးထဲက ၄ ဦးကလြဲလုိ႔ က်န္လူနာ ၁၉ ဦးစလုံးဟာ ထုိင္းႏုိင္ငံက ျပန္ေရာက္ လာသူေတြျဖစ္တယ္လုိ႔ ဆုိပါတယ္။ ၿပီးခဲ့တဲ့ ေမလကုန္ပုိင္းနဲ႔ အခုဆန္းပုိင္းေတြက ထုိင္းႏုိင္ငံမွာေရာက္ေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ နယ္စပ္ ေဒသအသီးသီးကေန ျပန္လာခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ သက္ဆုိင္ရာ နယ္စပ္ဂိတ္ေတြကေန ျပန္လာသူေတြ အားလုံးကုိ သူ႔နယ္ေျမအလုိက္ သီးျခားခြဲထားဖုိ႔ ျပည္နယ္၊ တုိင္းေဒသႀကီးအစုိးရအသီးသီးက စီစဥ္ေပးထားေၾကာင္း တာ၀န္ရွိသူေတြက ဗီြအုိေအ အပါအ၀င္ သတင္းမီဒီယာ အသီးသီးကုိ ေျပာၾကားခဲ့ၾကပါတယ္။

ေလာေလာဆယ္ အဲဒီ လူနာ ၂၃ ဦး စလုံးကုိ ေ၀ဘာဂီ အထူးကုေဆးရုံမွာ ေဆးကုသမႈ ေပးေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇြန္လ ၁၈ ရက္ေန႔က အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာန (ရန္ကုန္)၊ ေဆးသုေတသန ဦးစီးဌာန၊ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆးရုံႀကီး၊ ျပည္သူ႔ က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (မႏၱေလး) နဲ႔ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (ေမာ္လၿမိဳင္) တုိ႔မွာ စုစုေပါင္း ဓာတ္ခြဲမႈနမူနာ ၂,၄၂၂ ခုတုိ႔ကုိ စမ္းသပ္ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္မွာ ေရာဂါပုိးကူးစက္ေနသူ ၂၃ ဦးကုိ ေတြ႔ရွိခဲ့တာပါ။

...............

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၂၃ ဦးထပ်တိုး၊ စုစုပေါင်း ၂၈၆ ဦးရှိ
(Unicode)

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၈၆ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာ ၂၃ ဦးဟာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့က အသီးသီးဖြစ်ကြပါတယ်။

အခု အသစ်တွေ့ရှိတဲ့ လူနာ ၂၃ ဦးထဲက ၄ ဦးကလွဲလို့ ကျန်လူနာ ၁၉ ဦးစလုံးဟာ ထိုင်းနိုင်ငံက ပြန်ရောက် လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ အခုဆန်းပိုင်းတွေက ထိုင်းနိုင်ငံမှာရောက်နေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နယ်စပ် ဒေသအသီးသီးကနေ ပြန်လာခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေကနေ ပြန်လာသူတွေ အားလုံးကို သူ့နယ်မြေအလိုက် သီးခြားခွဲထားဖို့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအသီးသီးက စီစဉ်ပေးထားကြောင်း တာဝန်ရှိသူတွေက ဗွီအိုအေ အပါအဝင် သတင်းမီဒီယာ အသီးသီးကို ပြောကြားခဲ့ကြပါတယ်။

လောလောဆယ် အဲဒီ လူနာ ၂၃ ဦး စလုံးကို ဝေဘာဂီ အထူးကုဆေးရုံမှာ ဆေးကုသမှု ပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသန ဦးစီးဌာန၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့မှာ စုစုပေါင်း ဓာတ်ခွဲမှုနမူနာ ၂,၄၂၂ ခုတို့ကို စမ်းသပ် စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ရောဂါပိုးကူးစက်နေသူ ၂၃ ဦးကို တွေ့ရှိခဲ့တာပါ။

XS
SM
MD
LG