သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ တဦးထပ္တုိးၿပီး စုစုေပါင္း ၂၆၃ ဦးရွိ


ဧၿပီလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ကြာရန္တင္းစင္တာတခု

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ Coronavirus ပိုးကူးစက္သူ ေနာက္ထပ္ ၁ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇြန္လ ၁၈ ရက္ေန႔ မနက္မွာ သတင္းထုတ္ျပန္လုိက္တာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း၂၆၃ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာဟာ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္က အသက္ ၁၇ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူ႔ကုိ ေလာေလာဆယ္ ေမာင္ေတာၿမိဳ႕က ခရုိင္ေဆးရုံမွာ ေဆးကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ လူနာဟာ ခရီးသြား ရာဇ၀င္မရွိဘူးလုိ႔ ေဖာ္ျပထားပါတယ္။

ဇြန္လ ၁၇ ရက္ေန႔က အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာန (ရန္ကုန္)၊ ေဆးသုေတသနဦးစီးဌာန ၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာန (မႏၱေလး) နဲ႔ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆးရုံႀကီးတုိ႔မွာ စုစုေပါင္း ဓာတ္ခြဲမႈနမူနာ ၂,၀၉၆ ခုတုိ႔ကုိ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ အခုလုိ ေနာက္ထပ္ လူနာတဦး ကူးစက္ေနေၾကာင္း ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံအတြင္းမွာေရာ ရုိဟင္ဂ်ာဒုကၡသည္စခန္းေတြအတြင္းမွာပါ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ ျဖစ္ပြားေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေနသလုိ၊ မၾကာေသးခင္ ရက္ပုိင္းေတြအတြင္း ျမန္မာႏုိင္ငံထဲကုိ တရားမ၀င္ ျပန္လည္ ၀င္ေရာက္လာသူ ရာနဲ႔ခ်ီရွိတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာဘဲ ဘူးသီးေတာင္ၿမိဳ႕မွာ အခုလုိ ကုိဗစ္ ကူးစက္သူေတြ႔ရွိတယ္ဆုိတဲ့ သတင္း ထြက္ေပၚလာတာပါ။

............

မြန်မာမှာ ကိုဗစ်ကူးစက်သူ တဦးထပ်တိုးပြီး စုစုပေါင်း ၂၆၃ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နေ့ မနက်မှာ သတင်းထုတ်ပြန်လိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၆၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို လောလောဆယ် မောင်တောမြို့က ခရိုင်ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူနာဟာ ခရီးသွား ရာဇဝင်မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဇွန်လ ၁၇ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးတို့မှာ စုစုပေါင်း ဓာတ်ခွဲမှုနမူနာ ၂,၀၉၆ ခုတို့ကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလို နောက်ထပ် လူနာတဦး ကူးစက်နေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရော ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်းမှာပါ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို၊ မကြာသေးခင် ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံထဲကို တရားမဝင် ပြန်လည် ဝင်ရောက်လာသူ ရာနဲ့ချီရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ ဘူးသီးတောင်မြို့မှာ အခုလို ကိုဗစ် ကူးစက်သူတွေ့ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG