သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကူးစက်သူ ၄,၂၀၀ နီးပါး၊ သေဆုံးသူ ၁၆၅ ဦး ထပ်တိုး


ကိုဗစ်ကြောင့် သေဆုံးတဦးကို သယ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းများကို မန္တလေးမြို့မှာ တွေ့ရ။ (ဇူလိုင် ၁၄၊ ၂၀၂၁)
ကိုဗစ်ကြောင့် သေဆုံးတဦးကို သယ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းများကို မန္တလေးမြို့မှာ တွေ့ရ။ (ဇူလိုင် ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း COVID-19 ရောဂါပိုး ကူးစက်သူ လူနာအရေအတွက် သိသိသာသာ တိုးလာနေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ စုစုပေါင်း ၁၁,၀၄၄ ခုကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်နေသူ လူနာသစ် ၄,၁၈၈ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဌာနက ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ဓါတ်ခွဲနမူနာ စုစုပေါင်းရဲ့ ၃၈% နီးပါးမှာ ရောဂါပိုးကူးစက်နေသူတွေ့ရှိခဲ့တာဖြစ်ပြီး ကနေ့အချိန်ထိ အများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ ရီအတွင်းမှပဲ သေဆုံးသူ ၁၆၅ ဦး ရှိခဲ့တဲ့အတွက်လည်း ကျန်းမာရေးဌာနက ကောက်ခံရရှိတဲ့ စာရင်းအရ ဒါဟာ တနေ့အတွင်းသေဆုံးသူ အများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ကနေ့အချိန်ထိ ၄,၃၄၆ ဦး ရှိသွားပြီလို့လည်း ဒီကနေ့ည ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရောဂါပိုးကူးစက်နေသူတွေအတွက် အောက်စီဂျင်လိုအပ်ချက်တွေ ကြီးမားနေတာကြောင့် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အာခံပြီး အောက်စီဂျင်ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးတွေရဲ့ ပုံတွေလည်း လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အလားတူပဲ ဖျားနေသူတွေအတွက် အောက်စီဂျင်လိုအပ်လို့ အွန်လိုင်း လူမှုကွန်ယက်တွေပေါ်မှာ လိုက်ရှာနေကြသူတွေလည်း အခုနောက်ပိုင်း နေ့စဉ်ဆိုသလို တွေ့လာနေရပါတယ်။

တချိန်ထဲမှာပဲ ရန်ကုန်တိုင်းထဲက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုသာန်တွေမှာ မြို့နယ်အလိုက် အလောင်းတွေကို သင်္ဂြိုလ်ဖို့ စည်ပင်သာယာကော်မတီက မေတ္တာရပ်ခံထားပါတယ်။ ဒါဟာ ရန်ကုန်တိုင်းအတွင်း သေဆုံးနှုန်းတိုးနေတဲ့အခြေအနေမှာ မီးသင်္ဂြိုလ်ဖို့ ရောက်လာတဲ့ အလောင်းတွေကို ညအချိန်ထိ သင်္ဂြိုလ်ဖို့ဖြစ်လာတဲ့ အခြေအနေကြောင့်ပါ။

ဇူလိုင် ၁၄ ရက်၊ မနေ့ညတုန်းကရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အလောင်းတွေပုံနေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြို့နယ် ၉ မြို့နယ်အတွင်းကရောက်လာတဲ့ အလောင်းတွေကို တာဝန်ယူရမယ့် ကျီစုသုသာန်မှာတော့ ဒီကနေ့အထိ အလောင်းတွေများနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကလည်း တရားဝင် ကိန်းဂဏန်းတွေထက် လက်တွေ့မှာ သေဆုံးနှုန်းက ပိုများနေတယ်ဆိုတာ ဆေးပညာရှုထောင့်အရ ဖြစ်နိုင်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG