သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၃၁,၁၈၆ ဦး၊ သေဆုံး ၂,၈၅၈ ဦး


ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၅၈၂ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၁ ရက် တနင်္လာနေ့ည ထုတ်ပြန်ချက်အရ COVID-19 ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၁၂ ယောက်ရှိပါတယ်။ ၁၁ ယောက်က ရောဂါ အခံရှိသူတွေဖြစ်ကြပါတယ်။ တနင်္လာနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၁၈,၂၅၇ ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ၁,၀၀၀ အောက်ကို ရောက်နေပေမဲ့ ၅၀၀ ဝန်းကျင်မှာ ယေဘူယျ ရှိနေဆဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၁၃၁,၁၈၆ ယောက်၊ သေဆုံးသူ ၂,၈၅၈ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူက ၁၁၄,၆၀၉ ယောက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာ ဦးစားပေးအဆင့်လိုက် ဖေဖော်ဝါရီလထဲမှာ စတင်ထိုးပေးနိုင်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

[Unicode Version]






XS
SM
MD
LG