သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှားရောက် မြန်မာများ နှင့် ကိုဗစ် အခြေအနေ 


တောင်ကိုရီးယား Seoul မြို့တနေရာ
တောင်ကိုရီးယား Seoul မြို့တနေရာ

(Zawgyi/Unicode)

ကပ်ရောဂါ ကိုဗစ်၁၉ တကျော့ပြန်ကူးစက်မှုတွေမြင့်တက်လာနေတဲ့အတွက် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်တွေ အထူးလိုက်နာကြဖို့ မလေးရှားမြန်မာသံရုံးဘက်က အထူးသတိပေးသလို-အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ဂျပန်နိုင်ငံမှာလည်း စည်းမျဉ်း စည်းကမ်းတွေပိုတင်းမြှင့်ချထားတဲ့အခြေအနေနဲ့ တောင်ကိုရီးယားဘက်မှာလည်း မြန်မာတွေ သတိနဲ့နေထိုင်သွားလာနေကြရပါတယ်။ အာရှနိုင်ငံ တချို့မှာရောက်နေတဲ့ မြန်မာတွေ ကိုဗစ်ကူးစက်မှု အန္တရာယ်က ကာကွယ်နိုင်အောင် ဘယ်လိုနေထိုင်နေကြရ သလဲဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံက ချမှတ်ထားတဲ့ ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ကြဖို့ ဇန်နဝါရီလ ၈ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် အခြေစိုက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေးကြေညာချက်ထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံတွင်းမှာ ကူးစက်မှုနှုန်းမြင့်မားနေချိန် မြန်မာသံရုံးပရဝဏ်အတွင်း မလေးရှားအစိုးရ ချမှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဆောင်ရွက်နေတာမို့အရေးကြီးကိစ္စများမှအပ သံရုံးကို မလာကြဖို့နဲ့ ကိုဗစ်ကာလ အိမ်ပြန်ချင်တဲ့မလေးရှားရောက်မြန်မာတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်လို့ မြန်မာသံရုံးနဲ့အတူ မလေးရှားရောက်မြန်မာ အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်က ပြောပြပါတယ်။

" သံရုံးအဝန်းအဝိုင်းထဲမှာ ကိုဗစ်ရောဂါပိုးတွေ့ပြီဆိုရင် သက်တမ်းလာတိုးမယ့်သူတွေ တခြား အကြောင်းကြောင်းကြောင့် မြန်မာသံရုံးကို လာမယ့်သူတွေ အခက်အခဲရှိမှာစိုးလို့ဆိုပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါတဲ့။ CI နဲ့ပတ်သက်ပြီး ပြန်ချင်တဲ့သူတွေ CI လျှောက်ခွင့်တော့ ရှေ့တပတ် ခဏ ပိတ်ထားမယ်။ ဇန်နဝါရီလ ၁၈ရက်နေ့ကနေစပြီးတော့ ဖုန်းတွေကနေ ဆော့ဝဲလ် အွန်လိုင်း အပွိုင့်မန့်လျှောက်နိုင်အောင် လုပ်ပေးပြီးတော့ သတ်မှတ်ထားတဲ့အချိန်ပေါ် မူတည်ပြီးသူတို့ကိုလာခိုင်းတော့မှာ။ ပြန်ဖို့ စီစဉ်ပေးနေတာတွေကတော့ ၃မျိုးရှိပါတယ်။ ပထမတမျိုးကတော့ တရားဝင် Work Permit သက်တမ်းထပ်တိုးလို့မရလို့ ပါမစ်သက်တမ်းကုန်ဆုံးသွားတဲ့သူတွေပေါ့နော်Waiting Lists တွေမှာ စောင့်နေတာ စာရင်းအရ ၄၀၀၀ ကျော်လောက်ရှိနေတယ်။ နောက် မလေးရှားအစိုးရကနေပြီးတော့ ဒဏ်ကြေး သက်သက်သာသာနဲ့ ပြန်ဖို့ခွင့်ပြုထားတဲ့သူတွေ ကျနော်တို့မြန်မာသံရုံးက ကျန်းမာရေးမကောင်းတဲ့သူတွေ ကိုယ်ဝန်ဆောင်တွေကို အဓိက ဦးစားပေးအနေနဲ့စပြီး ဆောင်ရွက်ပေးနေတယ်။ တတိယတမျိုးကတော့ လဝက ထိန်းသိမ်းရေးစခန်းတွေမှာ ကာလကြာရှည်စွာနေနေရတဲ့မြန်မာနိုင်ငံသားတွေ- ကမ့်၁၃ခုမှာ ရှိတဲ့သူတွေကို အလှည့်ကျ ပြန်ပို့ပေးနေတာပေါ့နော်။"

ကိုဗစ် ၁၉ ကူးစက်မှုတွေ မြင့်မားလာတဲ့အတွက်အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ရတဲ့ဂျပန်နိုင်ငံမှာတော့ မြို့တော် တိုကျိုအပါအဝင် Saitama, Chiba နဲ့ Kanagawa နီးနား ခရိုင်ကြီး၃ခုမှာ အသွားအလာ တင်းကျပ် လူစုလူဝေးတွေမလုပ်ဖို့ တင်းတင်းကျပ်ကျပ်ချမှတ်ထားလိုက်ပြီး လုပ်ငန်းခွင်တွေကိုလည်း စည်းကမ်းချက်တွေ ပိုတိုးမြှင့်ချမှတ်ထားလိုက်ပါတယ်။ဇန်နဝါရီလ ၇ရက်နေ့ကအရေးပေါ် အခြေအနေကြေညာထားတဲ့ ဂျပန်နိုင်ငံတွင်းက အခြေအနေကို ဂျပန်ရောက်တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်းကျော်ဦးက အခုလိုရှင်းပြပါတယ်။

"တိုကျိုမြို့နဲ့ အနီးဆုံးဧရိယာတွေပေါ့နော် ဒီမြို့တွေက တိုကျိုနဲ့ ချိတ်ဆက်နေတာ။ ပိုးကူးတဲ့သူက တနေ့ပြီးတနေ့ပိုမြင့်မားလာနေတယ်။ ဒီနေ့ဆို တိုကျိုနဲ့မဆိုင်တဲ့ အိုဆာကာတို့ တခြားနေရာတွေမှာပါ ကူးစက်မှုမြင့်လာတယ် ဒါကြောင့် အဓိက ကတော့ လူစုလူဝေး နည်းသွားအောင်ပေါ့နော်။ ဆိုင်တွေဆိုရင် အထူးသဖြင့် ညနေ ၈နာရီနောက်ပိုင်း ဆက်မရောင်းရအောင်ပေါ့နော်။သက်ရောက်မှုက ၂လပိုင်း ၇ရက်နေ့အထိဖြစ်တယ်။ သတင်းတွေမှာတော့ ဂျပန်ထုံးစံအတိုင်း အဆက်မပြတ်ကြေညာပေးနေတယ်။ ရေဒီယိုတွေကရော တီဗီချယ်နယ်ဆို လိုင်းပေါင်းစုံကနေ ကိုဗစ်က အကုန်လုံးတက်နေတော့ အကုန်လုံးမြင်နေရတယ်။ အားလုံးက သတိရှိရှိနဲ့ ဂရုစိုက်နေကြရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆို ဆေးရုံတွေမှာ ဆရာဝန်တွေက မေတ္တာရပ်ခံနေတယ်။ ဆေးရုံကုတင်တွေလည်းပြည့်နေပြီ နောက်ပိုင်းဆို ကိုဗစ်ဖြစ်ရင်တောင်မှ ကိုယ့်အိမ်မှာကိုယ်ပဲ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ရမယ့်ပုံစံမျိုးဖြစ်လာပြီတဲ့။ ကူးစက်သူတွေလည်းများလာတော့ အဲ့ဒီ့တွေမှာရှိနေတဲ့မြန်မာတွေ ဖြစ်နိုင်ရင်တော့ကိစ္စမရှိပဲနဲ့ လုံးဝ လုံးဝ အပြင်မထွက်ကြတာ အကောင်းဆုံးပဲ။ အပြင်ထွက်လိုက်ပြီဟေ့ဆိုတာနဲ့ ကိုယ့်ကိုကိုယ် အရမ်းကို ဂရုစိုက်ကြရမှာ။ အခုလိုအရေးပေါ်ကြေညာလိုက်တော့ လူနေမှုစားဝတ်နေရေးတွေတော့ လူတိုင်းလူတိုင်း အခက်ခဲတွေတော့ရှိကြမှာပဲလေ။"

ဗြိတိန်မှာစတွေ့ခဲ့တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ တောင်ကိုရီးယားနိုင်ငံဘက်မှာလည်း ကိုဗစ်၁၉ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေ အဆင့်တွေ သတ်မှတ်ပြီး အတော်လေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

တောင်ကိုရီးယားမြန်မာတွေအပါအဝင် တောင်ကိုရီးယားပြည်သူတွေဘက်က အစိုးရနဲ့ကျန်းမာရေးဝန်ကြီးဌာန ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို အထူးလိုက်နာကြတယ်လို့ တောင်ကိုရီးယားနိုင်ငံ Incheon ဒေသ Bupyeong ဘူဖျောင်းမြို့က ဒေါ်မာလာရွှေကပြောပြပါတယ်။

“တောင်ကိုရီးယားရဲ့နောက်ဆုံးအခြေအနေကတော့ ကူးစက်နှုန်းက လွန်ခဲ့တဲ့သီတင်းပတ်တွေနဲ့စာရင်တော့ နည်းနည်းလျော့ကျသွားပြီ။ အရေးပေါ်အခြေအနေကတော့ သူတို့ကြေညာထားတဲ့ Seoulရယ်Gyeonggi ရယ် Incheon ရယ် မှာ Level III ဆိုပြီး သတ်မှတ်ထားခဲ့တာ ဆိုးလ်မှာ ကူးစက်နှုန်းနည်းနည်းလျော့သွားတယ်Gyeonggi မှာက နည်းနည်းမြင့်တက်လာတယ်။ ပုံမှန်အတိုင်းကို ထိန်းချုပ်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနဘက်က တပြေးတည်း သတိပေးနေတယ်။ နိုင်ငံခြားသားတွေဆို အိုဗာစတေးဖြစ်နေလည်း လာပါ ကျန်းမာရေးဌာနတွေ ဆေးစစ်တဲ့နေရာတွေမှာ ရှိတယ်လေ အဲ့ကိုလာပြီး အခမဲ့ဆေးကုကြပါပေါ့။ ဆေးလာစစ်ကြပါလို့ အမြဲတမ်း ကြေညာနေတယ်လေ စည်းကမ်းတွေတော့ တင်းကျပ်ထားတာတွေရှိတယ် အရင်တုန်းကဆို ပိတ်ရက်တွေမှာ မြန်မာတွေသွားသွားလာလာ အများကြီးရှိကြပေမဲ့ အခုရာသီဥတုကလည်း မိုင်းနက်စ်အောက် ရောက်နေတော့ အပြင်မထွက်ကြဘူး ကိုယ့်ဘာသာ ဆင်ခြင်ပြီးနေနေကြတဲ့သဘောလေးတွေမှာလည်းရှိတယ်။ အရင်လိုတော့ လမ်းပေါ်မှာ လူတွေအများကြီးမတွေ့ရဘူးပေါ့နော်။"

ကိုဗစ်၁၉ ကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုနေကြတဲ့အတွက်လည်း သက်ဆိုင်ရာနိုင်ငံတွေ အဲ့ဒီ့နိုင်ငံတွေကအခြေစိုက်မြန်မာသံရုံးတွေဘက်က မဖြစ်မနေ အရေးကြီးဦးစားပေးလူတွေအပြင်ပြန်လိုသူတွေကိုအသုတ်လိုက် Relief Flights ကယ်ဆယ်ရေးလေကြောင်းလိုင်းတွေနဲ့ အပတ်စဉ်စီစဉ်ဆောင်ရွက်ပေးနေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)











XS
SM
MD
LG