သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၃၁,၇၃၇ ဦး၊ ေသဆံုး ၂,၈၇၈ ဦး


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္ စင္တာမွာေတြ႔ရတဲ့ က်န္းမာေရးဝန္ထမ္း။ (ဒီဇင္ဘာ ၁၉ ၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၅၅၁ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္အခုထိ ကူးစက္သူ စုစုေပါင္း ၁၃၁,၇၃၇ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID – 19 ေၾကာင့္ ေသဆုံးသူက ၂၀ ဦးရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၂,၈၇၈ ေယာက္ရွိၿပီျဖစ္ပါတယ္။ ဒီကေန႔ ေသဆုံးသူေတြထဲ ေရာဂါအခံရွိသူ ၁၅ ေယာက္ပါဝင္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ဒီကေန႔ အတြက္ပိုးေတြ႕လူနာႏႈန္းက ၂.၅၃ ရာခိုင္ႏႈန္းရွိတာပါ။ ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၂,၀၃၇,၉၃၀ ခု စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး ဒီကေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနာမူနာေပါင္းက ၂၁,၇၃၉ ခု ရွိပါတယ္။ အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၁၅,၀၆၁ ေယာက္ရွိပါတယ္။

ဒီဇင္ဘာလ ၂၉ ရက္ေန႔ကေန ဇန္နဝါရီလ ၁၁ ရက္ေန႔အထိ သီတင္းပတ္ေတြအတြင္း ရန္ကုန္တိုင္းအတြင္း COVID 19 ကူးစက္သူ ၈၅,၂၀၆ ေယာက္ ရွိၿပီး ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္သလို မႏၲေလးတိုင္းအတြင္း ေရာဂါ ကူးစက္သူ ၁၅,၁၉၄ ေယာက္နဲ႔ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံ၊ နယ္ေျမ အသီးသီးရဲ႕ COVID 19 ေရာဂါ ျဖစ္ပြါးေသဆုံးမႈ စာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၇၀ မွာ ရွိေနတယ္လို႔ ဇန္နဝါရီလ ၁၁ ရက္ေန႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ထုတ္ျပန္ထားတဲ့ စာရင္းအခ်က္အလက္ေတြကို ကိုးကားၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အေရွ႕ေတာင္အာရွမွာ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားက အဆင့္ ၂၁ ေနရာမွာရွိၿပီး ဘဂၤလားေဒ့ရွ္က အဆင့္ ၂၇ ေနရာမွာရွိပါတယ္။

[Unicode Version]

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၃၁,၇၃၇ ဦး၊ သေဆုံး ၂,၈၇၈ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၅၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၁,၇၃၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၂၀ ဦးရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၈၇၈ ယောက်ရှိပြီဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူတွေထဲ ရောဂါအခံရှိသူ ၁၅ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီကနေ့ အတွက်ပိုးတွေ့လူနာနှုန်းက ၂.၅၃ ရာခိုင်နှုန်းရှိတာပါ။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂,၀၃၇,၉၃၀ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး ဒီကနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနာမူနာပေါင်းက ၂၁,၇၃၉ ခု ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၁၅,၀၆၁ ယောက်ရှိပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ သီတင်းပတ်တွေအတွင်း ရန်ကုန်တိုင်းအတွင်း COVID 19 ကူးစက်သူ ၈၅,၂၀၆ ယောက် ရှိပြီး ကူးစက်မှုနှုန်း အများဆုံးဖြစ်သလို မန္တလေးတိုင်းအတွင်း ရောဂါ ကူးစက်သူ ၁၅,၁၉၄ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ၊ နယ်မြေ အသီးသီးရဲ့ COVID 19 ရောဂါ ဖြစ်ပွါးသေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇၀ မှာ ရှိနေတယ်လို့ ဇန်နဝါရီလ ၁၁ ရက်နေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ စာရင်းအချက်အလက်တွေကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၂၁ နေရာမှာရှိပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၇ နေရာမှာရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG