သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးစည္းကမ္း ရခိုင္ျပည္နယ္တြင္း လိုက္နာသူမ်ားျပား


ရခုိင္ျပည္နယ္တြင္း ကိုဗစ္ကပ္ေရာဂါလိုက္နာရမည့္စည္းကမ္းမ်ားထုတ္ျပန္ထားတဲ့ ျမင္ကြင္း။

(Zawgyi/Unicode)

ကိုဗစ္ကူးစက္သူ၊ ေသဆုံးသူေတြ တိုးလာေနတဲ့ ရခိုင္ျပည္နယ္တစ္ခုလုံးမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ဒီေန႔ ဇူလိုင္လ ၂၁ ရက္ေန႔ က စတင္ၿပီး stay-at-home မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ထုတ္ျပန္လိုက္ၿပီးေနာက္ ရခိုင္ျပည္ နယ္မွာ အျပင္ထြက္သူ မရွိသေလာက္နည္းသြားၿပီး ယာဥ္ေတြနဲ႔ ေဈးဆိုင္ေတြလည္း ပိတ္ထားၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မလိုအပ္ရင္ အျပင္မထြက္ဖို႔နဲ႔ ကိုဗစ္စည္းကမ္းေတြကို လိုက္နာၾကဖို႔ ULA/AA ရခိုင့္တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ကို ရခိုင္တစ္ျပည္နယ္လုံးအတိုင္းအတားနဲ႔ လိုက္နာၾကတာကို ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္မွာေတာင္မွ ULAရဲ႕ ထုတ္ျပန္ခ်က္အတိုင္း လိုက္နာၾကတယ္လို႔ အမ္းေဒသခံ ကိုမ်ိဳးလြင္က ေျပာပါတယ္။
“ “ULAကထုတ္တဲ့ ထုတ္ျပန္ခ်က္အေပၚမွာေတာ့ အမ္းေဒသခံ အမ်ားစုက လိုက္နာၾကတာကို ေတြ႔ရတယ္။ လိုက္နာၾကတယ္ဆိုတာက က်ေနာ္တို႔ ျမင္ရတာက လူတိုင္းနီးပါးက Mask တပ္ၾကတယ္။ တစ္ရြာနဲ႔ တစ္ရြာ အုပ္စုအတြင္း သြားလာခြင့္ရွိေပမယ့္? ရြာအဝင္အထြက္ေတြမွာေတာ့ လက္ေဆးရတယ္။ Mask တပ္ရတာေတြရွိတယ္။ ကိုယ့္အုပ္စုကလြဲၿပီး တစ္ျခားေက်းရြာ အုပ္စုေတြကို သြားမယ္ဆိုရင္ေတာ့ အကန္႔အသတ္ေတြရွိတယ္ေပါ့ေနာ္။ အုပ္စုအတြင္းသြားလာခြင့္ ရွိတယ္ဆိုေပမယ့္ ညအိမ္တည္းခိုတာေတြေတာ့ မရဘူးေပါ့။”



ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္မွာလည္း အျပင္ထြက္သူေတြ သိသိသာ သာနည္းသြားၿပီး ရခိုင္ျပည္နယ္အတြင္း ေျပးဆြဲေနတဲ့ ယာဥ္လႈိင္းေတြလည္း ပိတ္ထားတယ္လို႔ ေက်ာက္ေတာ္ေဒသခံ ကိုေက်ာ္လွျမင့္က ေျပာပါတယ္။
“ AAက Stay-home ထုတ္လိုက္တဲ့အေပၚ မူတည္ၿပီးေတာ့ ျပည္သူေတြက ဒီ တအားလိုက္နာၾကတယ္လို႔ ျမင္ပါတယ္။ အရင္ေန႔ေတြထက္ စာရင္ေတာ့ ဒီေန႔က အေကာင္းဆံုးအေျခအေနတစ္ခုကို ေရာက္သြားၿပီးလို႔ေတာ့ က်ေနာ္တို႔ ျမင္ပါတယ္။ ဒီလိုပဲ နွစ္ပတ္ဆက္တိုက္ရွိမယ္ဆိုရင္ လက္ရွိကူးစက္ေနတဲ့ ကိုဗစ္-၁၉ ေရာဂါကိုလည္း ထိန္းခ်ဳပ္ႏိုင္မယ္လို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္ဗ် ”

ဒါအျပင့္ ေျမာက္ဦးၿမိဳ႕နယ္မွာလည္း ေက်း႐ြာအဝင္အထြက္ေတြ ပိတ္ထားသလို ၿမိဳ႕ေပၚမွာ လည္း ေဈးဆိုင္ေတြ ပိတ္ထားတာရွိၿပီး လူသြားလူလာေတြလည္း မရွိသေလာက္နည္းသြားတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ လြတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးထြန္းသာစိန္က ေျပာပါတယ္။
“ ေတာ္ေတာ္မ်ားမ်ား သက္ေရာက္မွုရွိတယ္လို႔ ေျပာရမွာပါပဲ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ အခုေျမျပင္အေျခအေနမွာက မေန႔ကနဲ႔ ဒီေန႔ စာရင္ေတာ့ ဒီေန႔က အသြားအလာေတာ္ ေတာ္နည္းသြားတယ္။ ေစ်းဆိုင္ေတြကလည္း ႀကိဳတန္းေတြ ဘာေတြ အကာအစီးေတြနဲ႔ ေရာင္းခ်ေနတာကိုေတြ႔ရတယ္။ တစ္ခ်ိိဳ႕ဆိုင္ေတြလည္း ပိတ္ထားတာကို ေတြ႔ျမင္ေနရတယ္။ ရပ္ရြာေတြမွာလည္း ဝါးတား ဂိတ္ေတြဘာေတြ ခ်ၿပီးေတာ့ လက္သန္႔ေဆးရည္ဗူးတို႔ Maskတို႔ တပ္ၿပီးေတာ့ ေစာင့္ေနၾကတာကိုလည္း ေတြ႔ျမင္ရပါတယ္။”

ေရာဂါးကူးစက္မႈေတြ အမ်ားဆုံးရွိေနတဲ့ စစ္ေတြ၊ ေမာင္ေတာနဲ႔ ရခိုင္ျပည္ေတာင္ကပိုင္းက ေတာင္ကုတ္၊ သံတြဲ၊ ဂြ စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း အရင္ေန႔ေတြထက္ စာရင္အိမ္ျပင္ ထြက္ သူေတြ မရွိသေလာက္ နည္းပါးေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္အတြင္းေျပးဆြဲေနတဲ့ ေရေၾကာင္း၊ ကုန္းေၾကာင္းေတြကိုလည္း ပိတ္ထားၾကတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။
ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္ကူးစက္မႈေတြနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ ေကာင္စီဘက္ကလည္း စည္းကမ္းတင္းၾကပ္ထားၿပီး မလိုက္နာသူေတြကို ဖမ္းဆီးမႈေတြ ရွိေနတာပါ။ ျပည္သူေတြရဲ႕ စားဝတ္ေနေရးကို ထည့္တြက္တဲ့အတြက္ ရခိုင္ျပည္နယ္မွာ ေလာေလာတယ္ Stay-at-home မသတ္မွတ္ဘူးလို႔ ျပည္နယ္ေကာင္စီဘက္က ေျပာၾကားထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဘက္က ေဒသၾတင္း ကိုဗစ္ စည္းကမ္းအခုလို ထုတ္ျပန္လိုက္တာနဲ႔ ပတ္သက္ၿပီး တုန္႔ျပန္ခ်က္ရဖို႔ ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ရွိသူေတြကို ဗြီအိုေအက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။ ရခိုင္ျပည္နယ္အတြင္းမွာ မေန႔ကအထိ ကိုဗစ္ကူးစက္ခံရသူ ၁,၇၀၀ ေက်ာ္အထိရွိေနၿပီး ေသဆုံးသူ ၆၀ ေက်ာ္ရွိတယ္လို႔ ရခိုင္ျပည္နယ္က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ကူးစက်သူ၊ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ က စတင်ပြီး stay-at-home မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ပြည် နယ်မှာ အပြင်ထွက်သူ မရှိသလောက်နည်းသွားပြီး ယာဉ်တွေနဲ့ ဈေးဆိုင်တွေလည်း ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မလိုအပ်ရင် အပြင်မထွက်ဖို့နဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာကြဖို့ ULA/AA ရခိုင့်တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတားနဲ့ လိုက်နာကြတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှာတောင်မှ ULAရဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာကြတယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။
“ “ULAကထုတ်တဲ့ ထုတ်ပြန်ချက်အပေါ်မှာတော့ အမ်းဒေသခံ အများစုက လိုက်နာကြတာကို တွေ့ရတယ်။ လိုက်နာကြတယ်ဆိုတာက ကျနော်တို့ မြင်ရတာက လူတိုင်းနီးပါးက Mask တပ်ကြတယ်။ တစ်ရွာနဲ့ တစ်ရွာ အုပ်စုအတွင်း သွားလာခွင့်ရှိပေမယ့်? ရွာအဝင်အထွက်တွေမှာတော့ လက်ဆေးရတယ်။ Mask တပ်ရတာတွေရှိတယ်။ ကိုယ့်အုပ်စုကလွဲပြီး တစ်ခြားကျေးရွာ အုပ်စုတွေကို သွားမယ်ဆိုရင်တော့ အကန့်အသတ်တွေရှိတယ်ပေါ့နော်။ အုပ်စုအတွင်းသွားလာခွင့် ရှိတယ်ဆိုပေမယ့် ညအိမ်တည်းခိုတာတွေတော့ မရဘူးပေါ့။”
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာလည်း အပြင်ထွက်သူတွေ သိသိသာ သာနည်းသွားပြီး ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လှိုင်းတွေလည်း ပိတ်ထားတယ်လို့ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။
“ AAက Stay-home ထုတ်လိုက်တဲ့အပေါ် မူတည်ပြီးတော့ ပြည်သူတွေက ဒီ တအားလိုက်နာကြတယ်လို့ မြင်ပါတယ်။ အရင်နေ့တွေထက် စာရင်တော့ ဒီနေ့က အကောင်းဆုံးအခြေအနေတစ်ခုကို ရောက်သွားပြီးလို့တော့ ကျနော်တို့ မြင်ပါတယ်။ ဒီလိုပဲ နှစ်ပတ်ဆက်တိုက်ရှိမယ်ဆိုရင် လက်ရှိကူးစက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကိုလည်း ထိန်းချုပ်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ဗျ ”

ဒါအပြင့် မြောက်ဦးမြို့နယ်မှာလည်း ကျေးရွာအဝင်အထွက်တွေ ပိတ်ထားသလို မြို့ပေါ်မှာ လည်း ဈေးဆိုင်တွေ ပိတ်ထားတာရှိပြီး လူသွားလူလာတွေလည်း မရှိသလောက်နည်းသွားတယ်လို့ မြောက်ဦးမြို့နယ် လွတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းသာစိန်က ပြောပါတယ်။
“ တော်တော်များများ သက်ရောက်မှုရှိတယ်လို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အခုမြေပြင်အခြေအနေမှာက မနေ့ကနဲ့ ဒီနေ့ စာရင်တော့ ဒီနေ့က အသွားအလာတော် တော်နည်းသွားတယ်။ ဈေးဆိုင်တွေကလည်း ကြိုတန်းတွေ ဘာတွေ အကာအစီးတွေနဲ့ ရောင်းချနေတာကိုတွေ့ရတယ်။ တစ်ချို့ဆိုင်တွေလည်း ပိတ်ထားတာကို တွေ့မြင်နေရတယ်။ ရပ်ရွာတွေမှာလည်း ဝါးတား ဂိတ်တွေဘာတွေ ချပြီးတော့ လက်သန့်ဆေးရည်ဗူးတို့ Maskတို့ တပ်ပြီးတော့ စောင့်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။”

ရောဂါးကူးစက်မှုတွေ အများဆုံးရှိနေတဲ့ စစ်တွေ၊ မောင်တောနဲ့ ရခိုင်ပြည်တောင်ကပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ မြို့နယ်တွေမှာလည်း အရင်နေ့တွေထက် စာရင်အိမ်ပြင် ထွက် သူတွေ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ ရေကြောင်း၊ ကုန်းကြောင်းတွေကိုလည်း ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကောင်စီဘက်ကလည်း စည်းကမ်းတင်းကြပ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးမှုတွေ ရှိနေတာပါ။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထည့်တွက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ လောလောတယ် Stay-at-home မသတ်မှတ်ဘူးလို့ ပြည်နယ်ကောင်စီဘက်က ပြောကြားထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ဒေသတြင်း ကိုဗစ် စည်းကမ်းအခုလို ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရှိသူတွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ မနေ့ကအထိ ကိုဗစ်ကူးစက်ခံရသူ ၁,၇၀၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၆၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG