(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္ခံရသူ ၉၈၆ ေယာက္ ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ ေအာက္တုိဘာ ၂၅ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။
လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၁,၆၉၂ ခုကို ဒီကေန႔ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔ရွိသူ ၉၈၆ ေယာက္ကို ထပ္မံေတြ႔ရွိခဲ့တာပါ။ ဒါေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၄၄,၇၇၄ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ဒါ့အျပင္ ဒီေန႔မွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၂၉ ေယာက္ရွိတဲ့အတြက္ ေသဆုံးသူ စုစုေပါင္းဟာလည္း ၁,၀၉၅ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။
မေန႔ကေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၄၂၃ ေယာက္ ရွိခဲ့တဲ့အတြက္ ဒီေန႔မွာေတာ့ ေန႔စဥ္ ကူးစက္သူအေရအတြက္ က်ဆင္းခဲ့တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။
မေန႔က ကူးစက္သူေတြထဲက ၁,၀၇၁ ေယာက္က ရန္ကုန္တုိင္းကျဖစ္ၿပီး အမ်ားဆုံးျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ပဲခူးတုိင္းက ၁၃၈ ေယာက္နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ခဲ့ၿပီး မႏၱေလးတုိင္းက ၈၇ ေယာက္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။
ဒီေန႔မွာ ၂ ႀကိမ္ဆက္ပိုးမေတြ႔လို႔ ေဆး႐ုံက ဆင္းခြင့္ရသြားသူ ၁,၂၁၂ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ေရာဂါသက္သာေပ်ာက္ကင္းသူ ၂၄,၉၂၀ ရွိၿပီျဖစ္တယ္လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လကစၿပီး ေရာဂါကူးစက္မႈေတြ ျမင့္တက္ခဲ့တာေၾကာင့္ ရခုိင္ျပည္နယ္နဲ႔ ရန္ကုန္တုိင္းက ကိုကိုးကၽြန္းၿမိဳ႕နယ္ကလဲြၿပီး ၿမိဳ႕နယ္အားလုံး အပါအဝင္ မြန္ျပည္နယ္၊ မႏၱေလးတုိင္း၊ ပဲခူးတုိင္း၊ ဧရာဝတီတုိင္းနဲ႔ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ လူေတြကို အိမ္ထဲမွာေနၾကဖို႔ အမိန္႔ထုတ္ထားတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း အဲဒီေနရာေတြမွာ ေနထုိင္ၾကတဲ့သူေတြ အေနနဲ႔ လာမယ့္ ႏုိဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေရြးေကာက္ပဲြမွာ မဲေပးႏုိင္ဖို႔အတြက္ မဲ႐ုံကိုသြားဖို႔ ႁခြင္းခ်က္နဲ႔ သြားလာခြင့္ျပဳလိုက္တယ္လို႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက ဒီေန႔ ေန႔စဲြနဲ႔ အမိန္႔ထုတ္ျပန္လိုက္ပါတယ္။
--------------------------
(Unicode)
မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၄၄,၇၇၄ ဦး၊ သေဆုံး ၁,၀၉၅ ဦး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၉၈၆ ယောက် ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၆၉၂ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၉၈၆ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာပါ။ ဒါကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄,၇၇၄ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၉ ယောက်ရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်းဟာလည်း ၁,၀၉၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
မနေ့ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၄၂၃ ယောက် ရှိခဲ့တဲ့အတွက် ဒီနေ့မှာတော့ နေ့စဉ် ကူးစက်သူအရေအတွက် ကျဆင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
မနေ့က ကူးစက်သူတွေထဲက ၁,၀၇၁ ယောက်က ရန်ကုန်တိုင်းကဖြစ်ပြီး အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပဲခူးတိုင်းက ၁၃၈ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းက ၈၇ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။
ဒီနေ့မှာ ၂ ကြိမ်ဆက်ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသွားသူ ၁,၂၁၂ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၂၄,၉၂၀ ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ရောဂါကူးစက်မှုတွေ မြင့်တက်ခဲ့တာကြောင့် ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး မြို့နယ်အားလုံး အပါအဝင် မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်တချို့မှာ လူတွေကို အိမ်ထဲမှာနေကြဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီနေရာတွေမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲရုံကိုသွားဖို့ ခြွင်းချက်နဲ့ သွားလာခွင့်ပြုလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီနေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။