သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ လက္ခံေရး အစုိးရျပင္ဆင္


ျမ၀တီနယ္စပ္ဂိတ္မွာ ေတြ႔ရတဲ့ ထိုင္းႏိုင္ငံဘက္က ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားတခ်ိဳ႕ (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ႏိုင္ငံရပ္ျခားမွာရွိတဲ့ ျမန္မာႏိုင္ငံသားေတြ အထူးသျဖင့္ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသား ၁၅၀,၀၀၀ ဝန္းက်င္ေလာက္ ျမန္မာႏိုင္ငံထဲကို မၾကာခင္ေရာက္လာေတာ့မယ့္ အေနအထားရွိတာမို႔ သီးျခားေစာင့္ၾကည့္ေနရာေတြ ျပင္ဆင္ထားတာနဲ႔ ပတ္သက္လို႔ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပံု - Myanmar State Counsellor Office)
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပံု - Myanmar State Counsellor Office)

ဒီကေန႔ မနက္က ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နယ္စပ္ေဒသေတြ ျဖစ္တဲ့ ကရင္၊ မြန္၊ တနသာၤရီတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္တို႔ ေတြ႕ဆုံတဲ့ ေဆြးေႏြးပြဲ ထုတ္လႊင့္ခ်က္မွာေတာ့ ျမန္မာအလုပ္သမားေတြ ျပန္လာတဲ့အခါ သီးျခားခြဲထားဖို႔ အတြက္ ဘယ္လို ေဆာင္႐ြက္ၾကမလဲဆိုတာနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကတပါ။ ေဆြးေႏြးၾကတဲ့အထဲမွာ ျမန္မာျပည္အေနအထားအရ ေနအိမ္မွာထားၿပီး ေစာင့္ၾကည့္တာနဲ႔စာရင္ သီးျခားေနရာသတ္မွတ္ၿပီး ေစာင့္ၾကည့္တာက ပိုၿပီး ထိေရာက္နိင္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။ တကယ့္လက္ေတြ႕အေနအထားမွာေတာ့ သိန္းနဲ႔ခ်ီ ျပန္ဝင္လာၾကမယ့္ ျမန္မာအလုပ္သမားေတြကို Facility Quarantine ဆိုတဲ့ ေနရာသတ္မွတ္ေပးၿပီး သီးျခားခြဲေစာင့္ၾကည့္မႈေတြ လုပ္ႏိုင္ပ့ါမလားဆိုတာ စိုးရိမ္မႈေတြရွိပါတယ္။

လက္ရွိမွာေတာ့ ျမဝတီခ႐ိုင္မွာ လူ ၂,၀၀၀ စာေလာက္ Facility Quarantine ေနႏိုင္ေအာင္ ျပင္ဆင္ထားတဲ့ အေၾကာင္းကို ျမဝတီ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ျမဝတီမွာေတာ့ Quarantine Center ၁၀ ခုေပါ့၊ လူ ၂,၀၀၀ ေလာက္ထားလို႔ရေအာင္ စီမံထားပါတယ္ ခင္ဗ်။ ဒီတစ္ေခါက္ Quarantine မွာေတာ့ အရင္တုန္းက သုံးခဲ့တဲ့ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံး အခင္း ဖ်ာတို႔ အကုန္လုံးေတာ့ ပိုးသတ္သန႔္စင္ၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ဝင္လာတဲ့သူေတြအတြက္ အသစ္ေတြထုတ္ေပးႏိုင္ဖို႔အတြက္ကေတာ့ က်ေနာ္တို႔ ၂,၀၀၀ ထားမယ္ဆို ၂,၀၀၀ ေလာက္ေတာ့ ထားေပးႏိုင္ေအာင္ေတာ့ စီမံထားၿပီးသားျဖစ္ပါတယ္ ခင္ဗ်။”

Facility Quarantine အျဖစ္ ျမန္မာအလုပ္သမား ၁၀၀,၀၀၀ ေက်ာ္ကို အစိုးရဘက္က ေရရွည္ စီစဥ္ေပးႏိုင္ပါ့မလားဆိုတာမွာ အဓိကကအားျဖင့္ ေနရာခက္ခဲ၊ ပစၥည္းအခက္အခဲနဲ႔ Quarantine ကာလ ေစာင့္ၾကပ္မဲ့ လူအရင္းအျမစ္ အခက္အခဲေတြေၾကာင့္ ျဖစ္ပါတယ္။ ေနအိမ္မွာထား ေစာင့္ၾကည့္တာနဲ႔ Facility Quarantine ထားတာ ႏွစ္မ်ိဳးလုံးက လိုအပ္တာျဖစ္တဲ့အတြက္ ဒီႏွစ္ခုကို မွ်ၿပီးေတာ့ လုပ္ဖို႔ လိုတယ္လို႔ အေထြေထြေရာဂါ အထူးကု ဆရာဝန္ႀကီး ေဒါက္တာ မိုးေအာင္ေက်ာ္ႏိုင္က ေျပာပါတယ္။

“တမိသားစုလုံးဆိုလို႔ ရွိရင္ေတာ့ Home Quarantine ကိုပိုၿပီးေတာ့ ဦးစားေပးသင့္တယ္။ သူတို႔ မိသားစုတစုလုံးသည္ Quarantine ထိၿပီ ဆိုလိုရွိရင္ အဲ့ဒီအိမ္ကေန မထြက္ေအာင္ ေစာင့္ၾကည့္ႏိုင္မယ္ဆိုရင္ သူတို႔ဆီကေန အျခားအိမ္ေတြကို ကူးစက္ဖို႔က နည္းသြားတယ္ေပါ့ေနာ္။ အဲ့ေတာ့ ဒီလို မ်ားျပားလာတဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕ အိမ္အေျခအေနအရ Home Quarantine ကို က်ေနာ္တို႔သည္ စနစ္တက် ေဆာင္႐ြက္ပ့ါမယ့္ ေနာက္တခါ စစ္ေဆးတဲ့သူေတြကလည္း သူ႔ရဲ႕ အိမ္အေနအထားနဲ႔ ေနထိုင္ႏိုင္မႈ အေနအထားကို ၾကည့္ရႈၿပီး ေဆာင္႐ြက္သင့္တယ္လို႔ ဆုံးျဖတ္ရင္ေတာ့ Home Quarantine နဲ႔ ေနတာက ပိုၿပီးေတာ့ အက်ိဳးမ်ားႏိုင္ပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ သတ္မွတ္ေနရာထားၿပီး အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္တဲ့ေနရာအေရအတြက္က ၈,၀၀၀ ေက်ာ္ရွိၿပီး ေစာင့္ၾကည့္ခံရသူ အေရအတြက္ဟာ ေမလ ၃ ရက္ေန႔အထိ ၄၅,၀၀၀ ဝန္းက်င္ရွိပါတယ္။ ဒီထဲကမွ အခုေနာက္ဆုံးအခ်ိန္အထိေတာ့ ဓါတ္ခြဲစမ္းသပ္မႈအရ ျမန္မာႏိုင္ငံတြင္း COVID-19 ေရာဂါပိုးေတြ႕ရွိသူ ၁၆၁ ဦး ရွိထားပါတယ္။ အဲဒီထဲမွာေတာ့ ေရာဂါပိုး ကင္းစင္သူ ၄၉ ဦးနဲ႔ ေသဆုံးသူ ၆ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လက်ခံရေး အစိုးရပြင်ဆင်

နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၁၅၀,၀၀၀ ဝန်းကျင်လောက် မြန်မာနိုင်ငံထဲကို မကြာခင်ရောက်လာတော့မယ့် အနေအထားရှိတာမို့ သီးခြားစောင့်ကြည့်နေရာတွေ ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ဒီကနေ့ မနက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်စပ်ဒေသတွေ ဖြစ်တဲ့ ကရင်၊ မွန်၊ တနသာၤရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ ထုတ်လွှင့်ချက်မှာတော့ မြန်မာအလုပ်သမားတွေ ပြန်လာတဲ့အခါ သီးခြားခွဲထားဖို့ အတွက် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတပါ။ ဆွေးနွေးကြတဲ့အထဲမှာ မြန်မာပြည်အနေအထားအရ နေအိမ်မှာထားပြီး စောင့်ကြည့်တာနဲ့စာရင် သီးခြားနေရာသတ်မှတ်ပြီး စောင့်ကြည့်တာက ပိုပြီး ထိရောက်နိင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ တကယ့်လက်တွေ့အနေအထားမှာတော့ သိန်းနဲ့ချီ ပြန်ဝင်လာကြမယ့် မြန်မာအလုပ်သမားတွေကို Facility Quarantine ဆိုတဲ့ နေရာသတ်မှတ်ပေးပြီး သီးခြားခွဲစောင့်ကြည့်မှုတွေ လုပ်နိုင်ပ့ါမလားဆိုတာ စိုးရိမ်မှုတွေရှိပါတယ်။

လက်ရှိမှာတော့ မြဝတီခရိုင်မှာ လူ ၂,၀၀၀ စာလောက် Facility Quarantine နေနိုင်အောင် ပြင်ဆင်ထားတဲ့ အကြောင်းကို မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ မြဝတီမှာတော့ Quarantine Center ၁၀ ခုပေါ့၊ လူ ၂,၀၀၀ လောက်ထားလို့ရအောင် စီမံထားပါတယ် ခင်ဗျ။ ဒီတစ်ခေါက် Quarantine မှာတော့ အရင်တုန်းက သုံးခဲ့တဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး အခင်း ဖျာတို့ အကုန်လုံးတော့ ပိုးသတ်သန့်စင်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဝင်လာတဲ့သူတွေအတွက် အသစ်တွေထုတ်ပေးနိုင်ဖို့အတွက်ကတော့ ကျနော်တို့ ၂,၀၀၀ ထားမယ်ဆို ၂,၀၀၀ လောက်တော့ ထားပေးနိုင်အောင်တော့ စီမံထားပြီးသားဖြစ်ပါတယ် ခင်ဗျ။”

Facility Quarantine အဖြစ် မြန်မာအလုပ်သမား ၁၀၀,၀၀၀ ကျော်ကို အစိုးရဘက်က ရေရှည် စီစဉ်ပေးနိုင်ပါ့မလားဆိုတာမှာ အဓိကကအားဖြင့် နေရာခက်ခဲ၊ ပစ္စည်းအခက်အခဲနဲ့ Quarantine ကာလ စောင့်ကြပ်မဲ့ လူအရင်းအမြစ် အခက်အခဲတွေကြောင့် ဖြစ်ပါတယ်။ နေအိမ်မှာထား စောင့်ကြည့်တာနဲ့ Facility Quarantine ထားတာ နှစ်မျိုးလုံးက လိုအပ်တာဖြစ်တဲ့အတွက် ဒီနှစ်ခုကို မျှပြီးတော့ လုပ်ဖို့ လိုတယ်လို့ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောပါတယ်။

“တမိသားစုလုံးဆိုလို့ ရှိရင်တော့ Home Quarantine ကိုပိုပြီးတော့ ဦးစားပေးသင့်တယ်။ သူတို့ မိသားစုတစုလုံးသည် Quarantine ထိပြီ ဆိုလိုရှိရင် အဲ့ဒီအိမ်ကနေ မထွက်အောင် စောင့်ကြည့်နိုင်မယ်ဆိုရင် သူတို့ဆီကနေ အခြားအိမ်တွေကို ကူးစက်ဖို့က နည်းသွားတယ်ပေါ့နော်။ အဲ့တော့ ဒီလို များပြားလာတဲ့ အချိန်မှာ ကိုယ့်ရဲ့ အိမ်အခြေအနေအရ Home Quarantine ကို ကျနော်တို့သည် စနစ်တကျ ဆောင်ရွက်ပ့ါမယ့် နောက်တခါ စစ်ဆေးတဲ့သူတွေကလည်း သူ့ရဲ့ အိမ်အနေအထားနဲ့ နေထိုင်နိုင်မှု အနေအထားကို ကြည့်ရှုပြီး ဆောင်ရွက်သင့်တယ်လို့ ဆုံးဖြတ်ရင်တော့ Home Quarantine နဲ့ နေတာက ပိုပြီးတော့ အကျိုးများနိုင်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သတ်မှတ်နေရာထားပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့နေရာအရေအတွက်က ၈,၀၀၀ ကျော်ရှိပြီး စောင့်ကြည့်ခံရသူ အရေအတွက်ဟာ မေလ ၃ ရက်နေ့အထိ ၄၅,၀၀၀ ဝန်းကျင်ရှိပါတယ်။ ဒီထဲကမှ အခုနောက်ဆုံးအချိန်အထိတော့ ဓါတ်ခွဲစမ်းသပ်မှုအရ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၆၁ ဦး ရှိထားပါတယ်။ အဲဒီထဲမှာတော့ ရောဂါပိုး ကင်းစင်သူ ၄၉ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG