သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးထပ္တုိး၊ စုစုေပါင္း ၂၄၈ ဦးရွိၿပီ


ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ထဲတေနရာတြင္ ေတြ႔ရတဲ့ လူတခ်ိဳ႕။ (ဇြန္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ႏွစ္ ဦးကုိ ဒီကေန႔ပဲ အတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ကူးစက္ခံရသူ ၂၅၀ နီးပါး ရွိသြားပါၿပီ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံကေန မၾကာေသးခင္က ျပန္လာခဲ့ၿပီးေနာက္ ေမာင္ေတာၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားတဲ့ အသက္ ၄၆ ႏွစ္အရြယ္ အမ်ဳိးသမီးနဲ႔ အသက္ ၃၂ ႏွစ္အရြယ္ အမ်ဳိးသားတုိ႔မွာ ေရာဂါပုိးေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ညပိုင္းမွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ဳိးသားက်န္းမာေရး ဓာတ္ခဲြမႈဆုိင္ရာဌာန၊ ေဆးသုေတသနဦးစီးဌာနနဲ႔ အမွတ္ (၁) တပ္မေတာ္ ေဆး႐ုံႀကီးတုိ႔မွာ ဓာတ္ခဲြနမူနာ စုစုေပါင္း ၇၈၅ ခုကုိ စစ္ေဆးခဲ့ရာမွာ လူနာသစ္ ႏွစ္ ဦးကုိ အတည္ျပဳခဲ့တာပါ။

အခုေနာက္ဆုံး လူနာသစ္ ႏွစ္ ဦးနဲ႔ပါဆုိရင္ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦး အပါအ၀င္ စုစုေပါင္း ေရာဂါကူးစက္သူ ၂၄၈ ေယာက္အထိ ရွိပါၿပီ။

ဒီအထဲက ႏွစ္ ႀကိမ္ဆက္တုိက္ ဓာတ္ခဲြနမူနာ စစ္ေဆးရာမွာ ေရာဂါပုိးမေတြ႔သူ ေျခာက္ ဦး ထပ္တုိးလာတဲ့အတြက္ ေရာဂါပုိးကင္းစင္သူ စုစုေပါင္း ၁၆၅ ဦးအထိ ရွိခဲ့ၿပီး ၁၄၈ ေယာက္ကုိ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ေပမဲ့ အသြားအလာ ဆက္လက္ ကန္႔သတ္ ေစာင့္ၾကည့္ေနေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၂၄၈ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ နှစ် ဦးကို ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ကူးစက်ခံရသူ ၂၅၀ နီးပါး ရှိသွားပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်က ပြန်လာခဲ့ပြီးနောက် မောင်တောမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာနနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီးတို့မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၈၅ ခုကို စစ်ဆေးခဲ့ရာမှာ လူနာသစ် နှစ် ဦးကို အတည်ပြုခဲ့တာပါ။

အခုနောက်ဆုံး လူနာသစ် နှစ် ဦးနဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ရောဂါကူးစက်သူ ၂၄၈ ယောက်အထိ ရှိပါပြီ။

ဒီအထဲက နှစ် ကြိမ်ဆက်တိုက် ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့သူ ခြောက် ဦး ထပ်တိုးလာတဲ့အတွက် ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၁၆၅ ဦးအထိ ရှိခဲ့ပြီး ၁၄၈ ယောက်ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပေမဲ့ အသွားအလာ ဆက်လက် ကန့်သတ် စောင့်ကြည့်နေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG