သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခြဲအတည္ျပဳ ၂,၃၆၄ ဦး၊ ေသဆုံး ၉၈ ဦး


မႏၱေလးၿမိဳ႕မွာ ကုိဗစ္ကူးစက္ခံရၿပီး ေသဆုံးသြားသူေတြကုိ သၿဂႋဳဟ္ဖို႔ သယ္ေဆာင္လာတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၂၆,၁၉၆ ခုကို စစ္ေဆးခဲ့တဲ့ထဲက ေရာဂါကူးစက္သူ ၂,၃၆၄ ေယာက္ ေတြ႔ခဲ့ၿပီး ေသဆံုးသူ ၉၈ ေယာက္ ရွိတယ္လုိ႔ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ အမွန္တကယ္ ေသဆံုးသူ အေရအတြက္ဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

တိုင္းျပည္မွာ ႏုိင္ငံေရးအရ တင္းမာမႈ အရွိန္ျမင့္တက္ေနခ်ိန္မွာပဲ COVID-19 တတိယလိႈင္းကိုလည္း ဆက္ၿပီး ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးတ့ဲေနာက္ စစ္အဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ေဆးဘက္ဝန္ထမ္းေတြ၊ ပရဟိတလုပ္သားေတြ အမ်ားအျပားကို စစ္ေကာင္စီက ၿဖိဳခြဲဖမ္းဆီးတာေၾကာင့္လည္း တတိယလိႈင္းနဲ႔ ႀကံဳရခ်ိန္မွာ ကိုဗစ္ကာကြယ္ေရး၊ ကုသေရးနဲ႔ ျပဳစုေစာင့္ေရွာက္ေရး လုပ္ငန္းေတြမွာ အခက္အခဲေတြနဲ႔ အဆင္မေျပမႈေတြ ႀကံဳေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။

အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္လို႔ ဖမ္းဆီးမႈကလြတ္ေအာင္ ထြက္ေျပးပုန္းေအာင္းေနရသူ ေဆးဘက္ဝန္ထမ္းေတြဟာလည္း ကိုဗစ္လူနာေတြကို ျပဳစုေစာင့္ေရွာက္မႈေပးဖို႔ သက္ဆိုင္ရာ ေဆး႐ံုေတြကို ျပန္မသြားရဲၾကဘူးလို႔ ကရင္ျပည္နယ္က အမည္မေဖာ္တဲ့ လက္ေထာက္ဆရာဝန္တဦးက ဗီြအိုေအကို ေျပာပါတယ္။

ျမန္မာႏုိင္ငံဟာ အေရွ႕ေတာင္အာရွ ၁၀ ႏုိင္ငံထဲမွာ COVID-19 ေရာဂါ ကူးစက္သူ အေရအတြက္အရ ဆ႒မအမ်ားဆံုးႏုိင္ငံ ျဖစ္ေပမယ့္ ေသဆံုးသူ အေရအတြက္မွာေတာ့ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ မေလးရွားႏုိင္္ငံေတြၿပီးရင္ စတုတၳအမ်ားဆံုးႏိုင္ငံ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ေရးအတြက္ဆိုၿပီး ပုဂၢလိကေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြ အပါအဝင္ အေျခခံပညာေက်ာင္းေတြ အားလံုးကုိ စက္တင္ဘာလ ၁၃ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိ သီတင္းနွစ္ပတ္ၾကာ ဆက္ၿပီး ပိတ္ထားမယ့္အေၾကာင္းလည္း စစ္ေကာင္စီက ေၾကညာထားပါတယ္။

--------------------------

(Unicode)

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၂,၃၆၄ ဦး၊ သေဆုံး ၉၈ ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၆,၁၉၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါကူးစက်သူ ၂,၃၆၄ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၉၈ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုင်းပြည်မှာ နိုင်ငံရေးအရ တင်းမာမှု အရှိန်မြင့်တက်နေချိန်မှာပဲ COVID-19 တတိယလှိုင်းကိုလည်း ဆက်ပြီး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆေးဘက်ဝန်ထမ်းတွေ၊ ပရဟိတလုပ်သားတွေ အများအပြားကို စစ်ကောင်စီက ဖြိုခွဲဖမ်းဆီးတာကြောင့်လည်း တတိယလှိုင်းနဲ့ ကြုံရချိန်မှာ ကိုဗစ်ကာကွယ်ရေး၊ ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီးမှုကလွတ်အောင် ထွက်ပြေးပုန်းအောင်းနေရသူ ဆေးဘက်ဝန်ထမ်းတွေဟာလည်း ကိုဗစ်လူနာတွေကို ပြုစုစောင့်ရှောက်မှုပေးဖို့ သက်ဆိုင်ရာ ဆေးရုံတွေကို ပြန်မသွားရဲကြဘူးလို့ ကရင်ပြည်နယ်က အမည်မဖော်တဲ့ လက်ထောက်ဆရာဝန်တဦးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲမှာ COVID-19 ရောဂါ ကူးစက်သူ အရေအတွက်အရ ဆဋ္ဌမအများဆုံးနိုင်ငံ ဖြစ်ပေမယ့် သေဆုံးသူ အရေအတွက်မှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက်ဆိုပြီး ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းတွေ အားလုံးကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ ဆက်ပြီး ပိတ်ထားမယ့်အကြောင်းလည်း စစ်ကောင်စီက ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG