[Zawgyi/Unicode]
မေလးရွားႏိုင္ငံမွာ ျပန္ေပးဆြဲ ရာဇ၀တ္ဂိုဏ္းတဂုိဏ္းကုိ ရဲတပ္ဖဲြ႔က ၀င္ေရာက္ စီးနင္းရာမွာ အဓိကသံသယရွိသူ ျမန္မာႏုိင္ငံသားကုိ အေသပစ္ခတ္ ဖမ္းဆီးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ျမန္မာနဲ ့ႏိုင္ငံျခားသားေတြကို ျပန္ေပးဆြဲ ေငြေတာင္းေနတဲ့ ျပန္ေပးဂိုဏ္း၀င္ေတြအျဖစ္ သံသယရွိသူေတြကုိ မေလးရွားႏုိင္ငံပီနန္ျမိဳ႕အနီး Kepala Batas အရပ္က ဆီအုန္းစိုက္ခင္းမွာ ရဲတပ္ဖဲြ႔က ၀င္ေရာက္စီးနင္းခဲ့တာပါ။ အဂၤါေန႔က စီးနင္းမႈအတြင္း အသက္ ၃၀ ေက်ာ္အရြယ္ ျမန္မာႏုိင္ငံသားက ရဲဒင္းတလက္နဲ႔ ခုခံဖုိ႔ ႀကိဳးစားခဲ့တာေၾကာင့္ အေသပစ္ခတ္ ဖမ္းဆီးခဲ့ရေၾကာင္းလည္း ျပည္နယ္ ရဲတပ္ဖြဲ ့မွဴး Datuk Sahabudin Abdul Manan က သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။
ျပန္ေပးဂိုဏ္းမွာ အဓိက ႀကိဳးကုိင္ဦးေဆာင္ေနသူေတြရွိရာ ေနရာကုိ သြားေရာက္ ဖမ္းဆီးခ်ိန္မွာ အဖမ္းမခံဘဲ လက္နက္နဲ႔ ခုခံတုိက္ခုိက္ခဲ့တာေၾကာင့္ ရဲတပ္ဖဲြ႔က ကုိယ့္ကုိယ္ကုိ ကာကြယ္တဲ့အေနနဲ႔ ပစ္ခတ္ခဲ့ရတဲ့အေၾကာင္း ျပည္နယ္ရဲတပ္ဖဲြ႔မွဴးက မေလးရွားဘာသာနဲ႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့တာပါ။
ျမန္မာနိုင္ငံသားေတြ အမ်ားစုပါ၀င္တဲ့ ျပန္ေပးဂိုဏ္းဟာ မၾကာေသးခင္အခ်ိန္အထိ လူ ၂၅ ဦးထက္ မနည္းကို ဖမ္းဆီးခ်ဳပ္ေနွာင္ထားျပီး မိသားစုေတြဆီမွာ ေငြညွစ္ေတာင္းခံခဲ့ၾကတဲ့ မႈခင္းမွတ္တမ္းရွိသူေတြ ျဖစ္တယ္လုိ႔လည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။
ၾသဂုတ္လ ၁၄ ရက္ေန႔က Jalan Changkat ဂ်လန္ခ်န္ကက္ ငါးေမြးျမဴေရးကန္မွာ အလုပ္လုပ္ကိုင္ေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးကို ျပန္ေပးဂိုဏ္း၀င္ေတြက ရာဘာျခံတစ္ခုမွာ ရိုက္ႏွက္ဖမ္းဆီးခ်ဳပ္ေနွာင္ထားျပီး ဇနီးျဖစ္သူကို ေငြညွစ္ေတာင္းခံေနတဲ့အခ်ိန္ ရဲတပ္ဖြဲ႔က ဟန္႔တားဖမ္းဆီးႏုိင္ခဲ့ၿပီး ေနာက္ပုိင္းမွာ မသကၤာသူေတြကုိ ေျခရာခံလုိက္ႏုိင္ခဲ့တာလုိ႔လည္း ေဒသခံသတင္းေတြက ေဖာ္ျပပါတယ္။
ျပန္ေပးဂိုဏ္းနဲ႔ ဆက္ႏြယ္ၿပီး ျမန္မာႏုိင္ငံသား ၆ ဦးနဲ႔ မေလးရွားႏုိင္ငံသား ၅ ဦးကုိ ဖမ္းဆီးထားၿပီး ၁၉၆၁ ခုႏွစ္ ျပန္ေပးဆဲြမႈဆိုင္ရာ ဥပေဒပုဒ္မ (၃) နဲ႔ အေရးယူမွာျဖစ္တယ္လုိ႔လည္း မေလးရွားအာဏာပုိင္ေတြက ေျပာပါတယ္။ မေလးရွားႏုိ္င္ငံ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေတာ့ ရဲတပ္ဖဲြ႔က ပစ္ခတ္ဖမ္းဆီးခဲ့သူနဲ႔ ပတ္သက္လုိ႔ အခုအခ်ိန္အထိ တရား၀င္ အေၾကာင္းၾကားတာ ရွိမရွိ မသိရေသးဘူးလုိ႔ ေျပာပါတယ္။
"သူက ေဆးရံုမွာ အေလာင္းက ေဆးရံုကုိ ေရာက္ေနတာ ယူအန္ကဒ္အတု ကုိင္ထားတယ္လို႔ေတာ့ သိရပါတယ္။ ဒီေတာ့ ဘာလူမ်ိဳးဘာနိုင္ငံသားလည္းေတာ့ မသိဘူး။ ျမန္မာသံရံုးကုိေတာ့ဒီ မေလးရွားႏိုင္ငံကအစိုးရက ဆက္သြယ္သလား၊ မဆက္သြယ္ဘူးလားေတာ့က်ေနာ္မသိထားေသးပါဘူး။"
Selangor ျပည္နယ္က ေနရာတခ်ဳိ႕မွာ လုယက္မႈနဲ ့ေဖါက္ထြင္းမႈေပါင္း ၄၅ မႈထက္ မနည္း က်ဴးလြန္ခဲ့တယ္လုိ႔ သံသယရွိတဲ့ သူေတြကို မေန႔တုန္းက ရဲတပ္ဖဲြ႔က လုိက္လံရွာေဖြေနေၾကာင္းလည္း ေဒသခံသတင္းေတြက ေဖာ္ျပပါတယ္။ သံသယရွိသူ တခ်ဳိ႕ကုိေတာ့ ဆက္လက္ရွာေဖြေနဆဲျဖစ္ၿပီး ဖမ္းဆီးမိသူေတြထဲမွာေတာ့ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ထုတ္ေပးထားတဲ့ ဒုကၡသည္ကဒ္ျပား ကုိင္ေဆာင္ထားသူေတြ ပါ၀င္ေနၿပီး၊ ရာဇ၀တ္မႈေတြနဲ႔ ဆက္ႏြယ္တဲ့ သက္ေသခံပစၥည္းေတြကုိလည္း သိမ္းဆည္း ရမိခ့ဲေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႔ကုိ ကုိးကားၿပီး သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
မြန်မာအများစုပါ မလေးရှားပြန်ပေးဂိုဏ်း မလေးရဲတပ်ဖွဲ့နှိမ်နင်း
မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲ ရာဇဝတ်ဂိုဏ်းတဂိုဏ်းကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရာမှာ အဓိကသံသယရှိသူ မြန်မာနိုင်ငံသားကို အသေပစ်ခတ် ဖမ်းဆီးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနဲ့နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲ ငွေတောင်းနေတဲ့ ပြန်ပေးဂိုဏ်းဝင်တွေအဖြစ် သံသယရှိသူတွေကို မလေးရှားနိုင်ငံပီနန်မြို့ အနီး Kepala Batas အရပ်က ဆီအုန်းစိုက်ခင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ အင်္ဂါနေ့က စီးနင်းမှုအတွင်း အသက် ၃၀ ကျော်အရွယ် မြန်မာနိုင်ငံသားက ရဲဒင်းတလက်နဲ့ ခုခံဖို့ ကြိုးစားခဲ့တာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းလည်း ပြည်နယ် ရဲတပ်ဖွဲ့မှူး Datuk Sahabudin Abdul Manan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပြန်ပေး ဂိုဏ်းမှာ အဓိက ကြိုးကိုင်ဦးဆောင်နေသူတွေရှိရာ နေရာကို သွားရောက် ဖမ်းဆီးချိန်မှာ အဖမ်းမခံဘဲ လက်နက်နဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတဲ့အကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက မလေးရှားဘာသာနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မြန်မာနိုင်ငံသားတွေ အများစုပါဝင်တဲ့ ပြန်ပေးဂိုဏ်းဟာ မကြာသေးခင်အချိန်အထိ လူ ၂၅ ဦးထက် မနည်းကို ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုတွေဆီမှာ ငွေညှစ်တောင်းခံခဲ့ကြတဲ့ မှုခင်းမှတ်တမ်းရှိသူတွေ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က Jalan Changkat ဂျလန်ချန်ကက် ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ပြန်ပေးဂိုဏ်းဝင်တွေက ရာဘာခြံတစ်ခုမှာ ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ထားပြီး ဇနီးဖြစ်သူကို ငွေညှစ်တောင်းခံနေတဲ့အချိန် ရဲတပ်ဖွဲ့က ဟန့်တားဖမ်းဆီးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ မသင်္ကာသူတွေကို ခြေရာခံလိုက်နိုင်ခဲ့တာလို့လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။
ပြန်ပေးဂိုဏ်းနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသား ၆ ဦးနဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ဖမ်းဆီးထားပြီး ၁၉၆၁ ခုနှစ် ပြန်ပေးဆွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၃) နဲ့ အရေးယူမှာဖြစ်တယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကတော့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့သူနဲ့ ပတ်သက်လို့ အခုအချိန်အထိ တရားဝင် အကြောင်းကြားတာ ရှိမရှိ မသိရသေးဘူးလို့ ပြောပါတယ်။
"သူက ဆေးရုံမှာ အလောင်းက ဆေးရုံကို ရောက်နေတာ ယူအန်ကဒ်အတု ကိုင်ထားတယ်လို့တော့ သိရပါတယ်။ ဒီတော့ ဘာလူမျိုးဘာနိုင်ငံသားလည်းတော့ မသိဘူး။ မြန်မာသံရုံးကိုတော့ဒီ မလေးရှားနိုင်ငံကအစိုးရက ဆက်သွယ်သလား၊ မဆက်သွယ်ဘူးလားတော့ကျနော်မသိထားသေးပါဘူး။"
Selangor ပြည်နယ်က နေရာတချို့မှာ လုယက်မှုနဲ့ဖေါက်ထွင်းမှုပေါင်း ၄၅ မှုထက် မနည်း ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ သူတွေကို မနေ့တုန်းက ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်းလည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ သံသယရှိသူ တချို့ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဖမ်းဆီးမိသူတွေထဲမှာတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ ဒုက္ခသည်ကဒ်ပြား ကိုင်ဆောင်ထားသူတွေ ပါဝင်နေပြီး၊ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။