သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အက်ပ္အတည္း ဆံုးခန္းတိုင္ဖြယ္ မျမင္ေသး (ICG)


မႏၱေလးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ေတြ ထိပ္တုိက္ေတြ႔ေနတဲ့ျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ေကာင္စီရဲ႕ တပ္ေတြနဲ႔ လက္နက္ကိုင္ ခုခံသူေတြၾကား ျမန္မာႏိုင္ငံတြင္း တိုက္ပြဲေတြဟာဆိုရင္ ဆိုးဆိုးရြားရြား အေျခအေနနဲ႔ ေရွ႕မတိုး ေနာက္မဆုတ္သာ ျဖစ္ေနၿပီလို႔ သံုးသပ္သူေတြက ေျပာပါတယ္။

ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္အေျခစိုက္ ႏုိင္ငံတကာ ပဋိပကၡေတြကို ေလ့လာေစာင့္ၾကည့္တဲ့ International Crisis Group - ICG က မၾကာခင္ကထုတ္တဲ့ စစ္အာဏာသိမ္းမႈေနာက္ပိုင္း အၾကမ္းဖက္မႈမ်ားဆိုင္ရာ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံဟာ အခ်ိန္တိုအတြင္း အဆံုးမသတ္မယ့္ ဆိုးဆိုးရြားရြား ေရွ႕မတိုး ေနာက္မဆုတ္သာ အေျခအေနကို ေရာက္ရွိေနေၾကာင္း ေဖာ္ျပပါတယ္။

ျမန္မာစစ္တပ္ဘက္က ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ အရပ္သား ပစ္မွတ္ေတြကို ထိုးေဖာက္ တိုက္ခိုက္မႈေတြ၊ ေျမေအာက္အဖြဲ႔အစည္းေတြကို ဖမ္းဆီးမႈေတြ လုပ္ႏိုင္ေနေပမယ့္လည္း ဒီလုပ္ရပ္ေတြဟာ အခုအခ်ိန္ထိ ေတြ႔ျမင္ရသေလာက္ေတာ့ ခုခံတြန္းလွန္ေရး လႈပ္ရွားမႈကို ထိထိေရာက္ေရာက္ ၿဖိဳခြဲႏိုင္တာမ်ိဳး မေတြ႔ရဘူးလို႔ ICG အဖြဲ႔ရဲ႕ အႀကီးတန္း အႀကံေပးနဲ႔ ျမန္မာဆိုင္ရာ သံုးသပ္သူ Richard Horsey က ဗြီအိုေအကို ေျပာပါတယ္။

တပ္မေတာ္ဟာ ႏုိင္ငံတဝန္းမွာ လံုၿခံဳေရး ၿခိမ္းေျခာက္မႈနဲ႔ ရင္ဆိုင္ေနရတယ္၊ အရန္တပ္ဖြဲ႔ေတြကို သံုးေနရတယ္လို႔ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရး အင္စတီက်ဳက ဦးမင္းေဇာ္ဦးက ေျပာပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ စစ္တပ္ၾကား ဆယ္စုႏွစ္နဲ႔ခ်ီ တိုက္ခိုက္ေနၾကတာ ျဖစ္ေၾကာင္း အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဳရဲ႕ ျမန္မာဆိုင္ရာ ၫႊန္ၾကားေရးမွဴး Jason Tower က ေျပာဆိုေပမယ့္ အခု ျပည္တြင္းစစ္ အျမစ္တြယ္လာေနၿပီဆိုတဲ့ ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ ေျပာဆိုခ်က္ကို သေဘာတူပါတယ္။ စစ္တပ္အုပ္ခ်ဳပ္မႈကို ခြင့္ျပဳမွာမဟုတ္ဘူး ဆိုတာကို လူထုၾကား တခဲနက္ ထုတ္ေဖာ္လာမႈဟာ ျဖစ္ထြန္းမႈအသစ္ ျဖစ္ေၾကာင္းလည္း သူက ဗြီအိုေအကို ေျပာပါတယ္။

စစ္ေကာင္စီဘက္က အလံုးအရင္းနဲ႔ ဖမ္းဆီးမႈ၊ ေတာ္လွန္သူေတြရွိရာ ၿမိဳ႕ေတြအေပၚ တိုက္ခိုက္မႈေတြက ခုခံတြန္းလွန္မႈေတြကို ပိုၿပီး အားေကာင္းေစတယ္လို႔လည္း သူက ထပ္ေလာင္း ေျပာပါတယ္။ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြကို ပူးေပါင္းလာတဲ့လူေတြ ပိုမ်ားလာၿပီး ဆက္လက္ တြန္းလွန္ေနၾကတာဟာ သိပ္ကို ထင္သာျမင္သာျဖစ္ၿပီး ဒီအေျခအေနက ေလ်ာ့ပါးသြားတာလည္း မေတြ႔ရဘူးလို႔ အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဳရဲ႕ ျမန္မာဆိုင္ရာ ၫႊန္ၾကားေရးမွဴး Jason Tower က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာ့အကျပ်အတည်း ဆုံးခန်းတိုင်ဖွယ် မမြင်သေး (ICG)

စစ်ကောင်စီရဲ့ တပ်တွေနဲ့ လက်နက်ကိုင် ခုခံသူတွေကြား မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဟာဆိုရင် ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပြီလို့ သုံးသပ်သူတွေက ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ International Crisis Group - ICG က မကြာခင်ကထုတ်တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း အဆုံးမသတ်မယ့် ဆိုးဆိုးရွားရွား ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို ရောက်ရှိနေကြောင်း ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဘက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အရပ်သား ပစ်မှတ်တွေကို ထိုးဖောက် တိုက်ခိုက်မှုတွေ၊ မြေအောက်အဖွဲ့အစည်းတွေကို ဖမ်းဆီးမှုတွေ လုပ်နိုင်နေပေမယ့်လည်း ဒီလုပ်ရပ်တွေဟာ အခုအချိန်ထိ တွေ့မြင်ရသလောက်တော့ ခုခံတွန်းလှန်ရေး လှုပ်ရှားမှုကို ထိထိရောက်ရောက် ဖြိုခွဲနိုင်တာမျိုး မတွေ့ရဘူးလို့ ICG အဖွဲ့ရဲ့ အကြီးတန်း အကြံပေးနဲ့ မြန်မာဆိုင်ရာ သုံးသပ်သူ Richard Horsey က ဗွီအိုအေကို ပြောပါတယ်။

တပ်မတော်ဟာ နိုင်ငံတဝန်းမှာ လုံခြုံရေး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်၊ အရန်တပ်ဖွဲ့တွေကို သုံးနေရတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျုက ဦးမင်းဇော်ဦးက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်နေကြတာ ဖြစ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောဆိုပေမယ့် အခု ပြည်တွင်းစစ် အမြစ်တွယ်လာနေပြီဆိုတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ကို သဘောတူပါတယ်။ စစ်တပ်အုပ်ချုပ်မှုကို ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာကို လူထုကြား တခဲနက် ထုတ်ဖော်လာမှုဟာ ဖြစ်ထွန်းမှုအသစ် ဖြစ်ကြောင်းလည်း သူက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ဖမ်းဆီးမှု၊ တော်လှန်သူတွေရှိရာ မြို့တွေအပေါ် တိုက်ခိုက်မှုတွေက ခုခံတွန်းလှန်မှုတွေကို ပိုပြီး အားကောင်းစေတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပူးပေါင်းလာတဲ့လူတွေ ပိုများလာပြီး ဆက်လက် တွန်းလှန်နေကြတာဟာ သိပ်ကို ထင်သာမြင်သာဖြစ်ပြီး ဒီအခြေအနေက လျော့ပါးသွားတာလည်း မတွေ့ရဘူးလို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG