သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္းေဒသတြင္း စစ္ေကာင္စီတပ္ေတြ ေလေၾကာင္းသုံး နယ္ေျမရွင္းလင္း


စစ္ကုိင္္းတုိင္းအတြင္းက စစ္ေကာင္စီ တပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

ဒီပဲယင္းၿမိဳ႕နယ္ အေရွ႕ပိုင္း ေညာင္လွေက်းရြာမွာ စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္းေရး လုပ္ေနရာမွာ ေလေၾကာင္းကပါ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအတြက္လည္း ေက်းရြာေပါင္း ၁၅ ရြာက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ဒီပဲယင္းေဒသ အပါအဝင္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းနဲ႔ ခ်င္းျပည္နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲေတြ မၾကာမၾကာ ျဖစ္ေပၚေနၿပီး အခုဆိုရင္ စစ္ေကာင္စီတပ္က အဲဒီေဒသတဝိုက္ေတြကို စစ္ဆင္ေရးေတြ လုပ္လာတာပါ။ ႏုိဝင္ဘာ ၂၇ ရက္ ညေနပိုင္းမွာ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕ အေရွ႕ျခမ္းက ေညာင္လွေက်းရြာကို စစ္ေကာင္စီတပ္ေတြက ရဟတ္ယာဥ္ေတြနဲ႔ ေလေၾကာင္းကေန တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီကေန႔ ႏုိဝင္ဘာ ၂၈ ရက္ မနက္ပိုင္းအထိလည္း စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ိဳ႕ ေက်းရြာထဲအထိ ပစ္ခတ္မီး႐ႈိ႕တာေတြ လုပ္ေနတယ္လို႔ ေဒသခံ ကာကြယ္ေရးအဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“PDF ကေလးေတြကိုပဲ လုပ္တယ္ဆိုၿပီး အမည္သာခံတာ၊ တကယ္က ရြာက အျပစ္မဲ့တဲ့ ျပည္သူေတြကို ရဟတ္ယာဥ္နဲ႔ လိုက္ပစ္တာ။ PDF နဲ႔ ထိေတြ႔တိုက္ပြဲကေတာ့ မရွိဘူး။ သူတို႔က က်ေနာ္တုိ႔ဆီကို စစ္ေၾကာင္းထိုးခ်င္တာ ေရွ႕ဆက္မရတဲ့အတြက္ ေလယာဥ္အကူအညီေတာင္းတဲ့ ပုံစံမ်ိဳးနဲ႔ အမွန္ကေတာ့ ေလယာဥ္ဆင္းၿပီးၿပီးခ်င္း သူတို႔အႏၲရာယ္ သူတို႔တပ္သားေတြ အႏၲရာယ္ ျဖစ္မွာဆိုးလို႔ ေဝဟင္ကေန အျပစ္မဲ့တဲ့ ျပည္သူေတြကို မည္းမည္းျမင္ျမင္ရာ အကုန္စြတ္ပစ္ေနတာ။ အမ်ားစုက ဘာမွမလုပ္ဘူး၊ ဘယ္မွ ေရွာင္စရာမလိုဘူးဆိုတဲ့ လူေတြက ေလယာဥ္သံၾကားေတာ့ ထြက္ေျပးရင္းနဲ႔ ပစ္သတ္ခံရတာ။ ေျပးရင္းလႊားရင္းနဲ႔ သူတို႔နဲ႔ ထိပ္တိုက္ေတြ႔ေတာ့ ပစ္သတ္ခံရတာ။ ေညာင္လွက ဆီဆိုင္တဆိုင္ကို မီးဝင္႐ႈိ႕သြားတယ္။ ေတြ႔တဲ့ဆိုင္ကယ္ေတြကိုလည္း ပုံၿပီးေတာ့ မီးတိုက္သြားတယ္။ အဲ့အေနအထား၊ ၿပီးေတာ့ လက္နက္ႀကီးနဲ႔လည္း ထုတယ္။”

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က အခု သတင္းေရးသားေနခ်ိန္အထိ တစုံတရာ သတင္းထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။

စစ္ေကာင္စီက နယ္ေျမရွင္းလင္း ပစ္ခတ္မႈေတြေၾကာင့္လည္း ေက်းရြာ ၁၅ ရြာနီးပါးက ေဒသခံ ၂,၀၀၀ ေက်ာ္ဟာ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ရတယ္လို႔ သိရပါတယ္။ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တာေၾကာင့္ ေဒသခံ ေက်းရြာသားေတြ ထိခိုက္ေသဆုံးတာမ်ိဳး ရွိတယ္လို႔ ေဒသခံတဦးကလည္း ေျပာပါတယ္။

“သူတို႔နဲ႔ က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာလည္း မရွိဘူး။ ဘာမွမရွိဘူး။ ဒီတိုင္းပဲ သူတို႔ဝင္လာတယ္။ ရဟတ္ယာဥ္ ၅ စီးနဲ႔ ဝင္လာတယ္။ ေရာက္ေရာက္ခ်င္း သူတို႔ ေဝဟင္ကေန ပစ္တယ္။ ပစ္ပစ္ခ်င္း ရြာထဲမွာ ႀကိဳေရွာင္တယ္ေပါ့ေနာ္။ မေရွာင္ေသးတဲ့ လူေတြလည္း ထြက္ေျပးၾကတယ္။ ၂ ဦးက ေသတာ ေသခ်ာတယ္။ သူတို႔ ဒီလိုပစ္လို႔ေပါ့။ ဝင္ဝင္လာခ်င္း ေလယာဥ္ေပၚက ဆင္းတယ္။ သူတို႔ ေလယာဥ္ဆင္းတာကို က်ေနာ္ကုိယ္တိုင္ တပ္အပ္ျမင္ခဲ့တယ္။ က်ေနာ္တုိ႔ရွိေနတဲ့ေနရာနဲ႔ သူတို႔ဆင္းတဲ့ေနရာက ေပ ၂၀၀၊ ၃၀၀ ေလာက္ပဲ ကြာမွာေပါ့ေနာ္။ အဲ့ေနရာမွာ ဆင္းဆင္းျခင္း သူတို႔ပစ္ၾကတယ္။ မဆင္းခင္ ဟတ္စကီး ရဟတ္ယာဥ္နဲ႔တုန္းကလည္း သူတို႔ ပစ္ေနၾကတာေပါ့ ေဝဟင္ကေန။ ရြာသားေတြပဲဗ်၊ ဒီတိုင္းပဲ ျပည္သူလူထု တကယ့္ရြာသားေတြပါပဲ။ သူတို႔ပစၥည္းေလး ဆိုင္ကယ္ေလးရွိလို႔ တေယာက္ကေတာ့ ေျပးသယ္တာေပါ့ေနာ္။ အဲ့ဒါအေနနဲ႔ သြားတာကို ပစ္ခံရတယ္လို႔ က်ေနာ္တို႔ ၾကားတယ္။ ထြက္ေျပးေနရတာက ေညာင္လွ၊ မရကန္၊ လက္ယက္ကုန္း၊ မဲအိုး၊ သေျပသာ၊ ကုန္းႀကီး အဲ့ဘက္က သစ္တို အမ်ားစုပါပဲ ၁၅ ရြာေလာက္ရွိမယ္။ လူဦးေရက က်ေနာ့္ဆီမွာ ၁,၅၀၀၊ ၂,၀၀၀ ရွိတယ္ခင္ဗ်။ တဖြဲ႔က ၅၀၀ ေလာက္ရွိတယ္။ တဖြဲ႔က ၁,၅၀၀ ေလာက္ရွိတယ္။”

အခုႏွစ္ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပ လႈပ္ရွားမႈေတြကို စစ္တပ္က အၾကမ္းဖက္ႏွိမ္နင္းတဲ့ ေနာက္ဆက္တြဲအားျဖင့္ စစ္ကိုင္းတိုင္း အပါအဝင္ ႏိုင္ငံေနရာ အေတာ္မ်ားမ်ားမွာ ဆႏၵျပသူေတြဟာ ေဒသခံ ကာကြယ္ေရးတပ္ေတြဖြဲ႔ၿပီး စစ္တပ္ကို ျပန္ခုခံတိုက္ခိုက္မႈေတြ ျဖစ္ေနတာပါ။

စစ္ကိုင္းတိုင္း အေရွ႕ဘက္မွာ စစ္ေကာင္စီယာဥ္တန္းေတြ မၾကာခဏဆိုသလို မိုင္းဆြဲတိုက္ခိုက္ခံရလို႔ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ ထိခိုက္ဒဏ္ရာရတာေတြ ေသဆုံးတာေတြလည္း​ ရွိခဲ့ပါတယ္။ အထူးသျဖင့္ မေကြး၊ စစ္ကိုင္း၊ ခ်င္းျပည္နယ္ေတြ ပါဝင္တဲ့ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ျခမ္းက တိုက္ပြဲေတြက ပိုၿပီး ျပင္းထန္ခဲ့တာပါ။ အဲဒီမွာ ျမန္မာစစ္တပ္က အင္အားျဖည့္တင္းတာေတြ လုပ္ၿပီး စစ္ဆင္ေရးသေဘာနဲ႔ ေက်းရြာေတြကို ဝင္ေရာက္ရွာေဖြတာေတြ​ ရွိလာပါတယ္။

ဒီအတြက္ ႏိုဝင္ဘာလကစၿပီး စစ္ကိုင္းတိုင္း ေနရာအေတာ္မ်ားမ်ားမွာ ေဒသခံ ကာကြယ္ေရးတပ္ေတြနဲ႔ ထိေတြ႔ တိုက္ပြဲျဖစ္တာေတြ ရွိသလို ေဒသခံ ကာကြယ္ေရး အထိုင္စခန္းေတြကိုပါ ဝင္ေရာက္စီးနင္းတာမ်ိဳးေတြ ရွိေနပါတယ္။ စစ္ဆင္ေရးနဲ႔အတူ မိုင္းဆြဲတိုက္ခိုက္ခံရမႈေတြ ရွိေနတာေၾကာင့္ ေလေၾကာင္းသုံးၿပီး စစ္ေရးအင္အား ျဖည့္တင္းတာ စစ္ဆင္တာေတြ လုပ္ေနတယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

စစ္ကိုင္းတိုင္း PDF ကာကြယ္ေရးတပ္ေတြကို ေပးပို႔မယ့္ လက္နက္ခဲယမ္းေတြကို ျမဝတီၿမိဳ႕နဲ႔ မုံရြာၿမိဳ႕ေတြမွာ ဖမ္းဆီးမိတဲ့အေၾကာင္းလည္း စစ္ေကာင္စီက မေန႔တုန္းက ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဒီပဲယင်းဒေသတွင်း စစ်ကောင်စီတပ်တွေ လေကြောင်းသုံး နယ်မြေရှင်းလင်း

ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း ညောင်လှကျေးရွာမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေရာမှာ လေကြောင်းကပါ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတွက်လည်း ကျေးရွာပေါင်း ၁၅ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဒီပဲယင်းဒေသ အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပေါ်နေပြီး အခုဆိုရင် စစ်ကောင်စီတပ်က အဲဒီဒေသတဝိုက်တွေကို စစ်ဆင်ရေးတွေ လုပ်လာတာပါ။ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ အရှေ့ခြမ်းက ညောင်လှကျေးရွာကို စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းအထိလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကျေးရွာထဲအထိ ပစ်ခတ်မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“PDF ကလေးတွေကိုပဲ လုပ်တယ်ဆိုပြီး အမည်သာခံတာ၊ တကယ်က ရွာက အပြစ်မဲ့တဲ့ ပြည်သူတွေကို ရဟတ်ယာဉ်နဲ့ လိုက်ပစ်တာ။ PDF နဲ့ ထိတွေ့တိုက်ပွဲကတော့ မရှိဘူး။ သူတို့က ကျနော်တို့ဆီကို စစ်ကြောင်းထိုးချင်တာ ရှေ့ဆက်မရတဲ့အတွက် လေယာဉ်အကူအညီတောင်းတဲ့ ပုံစံမျိုးနဲ့ အမှန်ကတော့ လေယာဉ်ဆင်းပြီးပြီးချင်း သူတို့အန္တရာယ် သူတို့တပ်သားတွေ အန္တရာယ် ဖြစ်မှာဆိုးလို့ ဝေဟင်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေကို မည်းမည်းမြင်မြင်ရာ အကုန်စွတ်ပစ်နေတာ။ အများစုက ဘာမှမလုပ်ဘူး၊ ဘယ်မှ ရှောင်စရာမလိုဘူးဆိုတဲ့ လူတွေက လေယာဉ်သံကြားတော့ ထွက်ပြေးရင်းနဲ့ ပစ်သတ်ခံရတာ။ ပြေးရင်းလွှားရင်းနဲ့ သူတို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်သတ်ခံရတာ။ ညောင်လှက ဆီဆိုင်တဆိုင်ကို မီးဝင်ရှို့သွားတယ်။ တွေ့တဲ့ဆိုင်ကယ်တွေကိုလည်း ပုံပြီးတော့ မီးတိုက်သွားတယ်။ အဲ့အနေအထား၊ ပြီးတော့ လက်နက်ကြီးနဲ့လည်း ထုတယ်။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခု သတင်းရေးသားနေချိန်အထိ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီက နယ်မြေရှင်းလင်း ပစ်ခတ်မှုတွေကြောင့်လည်း ကျေးရွာ ၁၅ ရွာနီးပါးက ဒေသခံ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံ ကျေးရွာသားတွေ ထိခိုက်သေဆုံးတာမျိုး ရှိတယ်လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

“သူတို့နဲ့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဘာမှမရှိဘူး။ ဒီတိုင်းပဲ သူတို့ဝင်လာတယ်။ ရဟတ်ယာဉ် ၅ စီးနဲ့ ဝင်လာတယ်။ ရောက်ရောက်ချင်း သူတို့ ဝေဟင်ကနေ ပစ်တယ်။ ပစ်ပစ်ချင်း ရွာထဲမှာ ကြိုရှောင်တယ်ပေါ့နော်။ မရှောင်သေးတဲ့ လူတွေလည်း ထွက်ပြေးကြတယ်။ ၂ ဦးက သေတာ သေချာတယ်။ သူတို့ ဒီလိုပစ်လို့ပေါ့။ ဝင်ဝင်လာချင်း လေယာဉ်ပေါ်က ဆင်းတယ်။ သူတို့ လေယာဉ်ဆင်းတာကို ကျနော်ကိုယ်တိုင် တပ်အပ်မြင်ခဲ့တယ်။ ကျနော်တို့ရှိနေတဲ့နေရာနဲ့ သူတို့ဆင်းတဲ့နေရာက ပေ ၂၀၀၊ ၃၀၀ လောက်ပဲ ကွာမှာပေါ့နော်။ အဲ့နေရာမှာ ဆင်းဆင်းခြင်း သူတို့ပစ်ကြတယ်။ မဆင်းခင် ဟတ်စကီး ရဟတ်ယာဉ်နဲ့တုန်းကလည်း သူတို့ ပစ်နေကြတာပေါ့ ဝေဟင်ကနေ။ ရွာသားတွေပဲဗျ၊ ဒီတိုင်းပဲ ပြည်သူလူထု တကယ့်ရွာသားတွေပါပဲ။ သူတို့ပစ္စည်းလေး ဆိုင်ကယ်လေးရှိလို့ တယောက်ကတော့ ပြေးသယ်တာပေါ့နော်။ အဲ့ဒါအနေနဲ့ သွားတာကို ပစ်ခံရတယ်လို့ ကျနော်တို့ ကြားတယ်။ ထွက်ပြေးနေရတာက ညောင်လှ၊ မရကန်၊ လက်ယက်ကုန်း၊ မဲအိုး၊ သပြေသာ၊ ကုန်းကြီး အဲ့ဘက်က သစ်တို အများစုပါပဲ ၁၅ ရွာလောက်ရှိမယ်။ လူဦးရေက ကျနော့်ဆီမှာ ၁,၅၀၀၊ ၂,၀၀၀ ရှိတယ်ခင်ဗျ။ တဖွဲ့က ၅၀၀ လောက်ရှိတယ်။ တဖွဲ့က ၁,၅၀၀ လောက်ရှိတယ်။”

အခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ငြိမ်းချမ်းတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့ နောက်ဆက်တွဲအားဖြင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံနေရာ အတော်များများမှာ ဆန္ဒပြသူတွေဟာ ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့ပြီး စစ်တပ်ကို ပြန်ခုခံတိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။

စစ်ကိုင်းတိုင်း အရှေ့ဘက်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် မကွေး၊ စစ်ကိုင်း၊ ချင်းပြည်နယ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ အနောက်မြောက်ခြမ်းက တိုက်ပွဲတွေက ပိုပြီး ပြင်းထန်ခဲ့တာပါ။ အဲဒီမှာ မြန်မာစစ်တပ်က အင်အားဖြည့်တင်းတာတွေ လုပ်ပြီး စစ်ဆင်ရေးသဘောနဲ့ ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာတွေ ရှိလာပါတယ်။

ဒီအတွက် နိုဝင်ဘာလကစပြီး စစ်ကိုင်းတိုင်း နေရာအတော်များများမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာတွေ ရှိသလို ဒေသခံ ကာကွယ်ရေး အထိုင်စခန်းတွေကိုပါ ဝင်ရောက်စီးနင်းတာမျိုးတွေ ရှိနေပါတယ်။ စစ်ဆင်ရေးနဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေ ရှိနေတာကြောင့် လေကြောင်းသုံးပြီး စစ်ရေးအင်အား ဖြည့်တင်းတာ စစ်ဆင်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း PDF ကာကွယ်ရေးတပ်တွေကို ပေးပို့မယ့် လက်နက်ခဲယမ်းတွေကို မြဝတီမြို့နဲ့ မုံရွာမြို့တွေမှာ ဖမ်းဆီးမိတဲ့အကြောင်းလည်း စစ်ကောင်စီက မနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG