သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမ်ိဳးသားေအာင္ပြဲေန႔ လွ်ပ္တျပက္ ဆႏၵျပပြဲမ်ား ရန္ကုန္၊ မႏၲေလးနဲ႔ ၿမိဳ႕တခ်ိဳ႕မွာ ျပဳလုပ္


ကေလးၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ ဆႏၵျပပြဲ။ (ႏုိဝင္ဘာ ၂၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၁၀ လနီးပါး ၾကာလာတဲ့အခ်ိန္အထိ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ပုံစံအမ်ဳိးမ်ဳိးနဲ႔ ျဖစ္ေပၚေနသလို ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵေဖာ္ထုတ္မႈေတြလည္း ၿမိဳ႕နယ္တခ်ဳိ႕မွာ ယေန႔အထိ ရွိေနဆဲ ျဖစ္ပါတယ္။

ဒီကေန႔ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္၊ ႏုိဝင္ဘာ ၂၈ ရက္ေန႔မွာ က်ေရာက္တဲ့ အမ်ဳိးသားေန႔ အထိမ္းအမွတ္အျဖစ္နဲ႔ ရန္ကုန္အပါအဝင္ နယ္ၿမိဳ႕တခ်ဳိ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ ခ်ီတက္ ဆႏၵျပမႈေတြ ရွိခဲ့ပါတယ္။ “ျပည္သူ႔ဒီမိုကေရစီအတြက္ အာဏာရွင္စနစ္ အျမစ္ျဖတ္” ဆိုတဲ့ စာတန္းေတြ ကိုင္ေဆာင္ထားတဲ့ လူငယ္ေတြက ရန္ကုန္ၿမိဳ႕၊ တာေမြေစ်းေရွ႕မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕၊ ေျမာက္ဒဂုံၿမိဳ႕နယ္က ဗကသ ေက်ာင္းသားေတြကလည္း ရန္ကုန္တိုုင္းအတြင္း ၿမိဳ႕နယ္အသီးသီးက ေက်ာင္းသားသမဂၢေတြ၊ သပိတ္ေကာ္မတီေတြနဲ႔ ပူးေပါင္းၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကသလို ေရႊျပည္သာၿမိဳ႕နယ္အတြင္းမွာလည္း စစ္တပ္ထုတ္ကုန္ မသုံးစြဲေရးနဲ႔ စစ္အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈ ျပဳလုပ္ခဲ့ၾကပါတယ္။

အလားတူပဲ မႏၲေလးၿမိဳ႕မွာလည္း “အာဏာရွင္ဆိုတာ ဘယ္ေတာ့မွ အရွင္မထြက္ဘူး” ဆိုတဲ့ေခါင္းစဥ္နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကသလို ရတနာပုံတကၠသိုလ္ ေက်ာင္းသားေတြကလည္း “ဖက္စစ္ စစ္တပ္ ျဖဳတ္ခ်ေရးနဲ႔ စစ္ကၽြန္ပညာေရး အလိုမရွိ” ေၾကာင္း မႏၲေလးၿမိဳ႕တြင္း လွည့္လည္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ ယေန႔အထိ ေန႔စဥ္ ခ်ီတက္ ဆႏၵျပေနတဲ့ ကေလးၿမိဳ႕ခံေတြလည္း ဒီကေန႔ အစဥ္အလာမပ်က္ ခ်ီတက္ ဆႏၵျပခဲ့ၾကၿပီး စစ္ကိုင္းတိုင္းအတြင္းကပဲ ဆားလင္းႀကီးၿမိဳ႕၊ မေကြးတိုင္း ၿမိဳင္ၿမိဳ႕၊ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နဲ႔ တနသၤာရီတိုင္း ေလာင္းလုံၿမိဳ႕တို႔မွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပပြဲေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အမျိုးသားအောင်ပွဲနေ့ လျှပ်တပြက် ဆန္ဒပြပွဲများ ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ ပြုလုပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၁၀ လနီးပါး ကြာလာတဲ့အချိန်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေသလို ငြိမ်းချမ်းစွာ ချီတက် ဆန္ဒဖော်ထုတ်မှုတွေလည်း မြို့နယ်တချို့မှာ ယနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာ စစ်အာဏာရှင်ဆန့်ကျင် ချီတက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ “ပြည်သူ့ဒီမိုကရေစီအတွက် အာဏာရှင်စနစ် အမြစ်ဖြတ်” ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ထားတဲ့ လူငယ်တွေက ရန်ကုန်မြို့၊ တာမွေဈေးရှေ့မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က ဗကသ ကျောင်းသားတွေကလည်း ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ၊ သပိတ်ကော်မတီတွေနဲ့ ပူးပေါင်းပြီး ချီတက် ဆန္ဒပြခဲ့ကြသလို ရွှေပြည်သာမြို့နယ်အတွင်းမှာလည်း စစ်တပ်ထုတ်ကုန် မသုံးစွဲရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အလားတူပဲ မန္တလေးမြို့မှာလည်း “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး” ဆိုတဲ့ခေါင်းစဉ်နဲ့ ချီတက် ဆန္ဒပြခဲ့ကြသလို ရတနာပုံတက္ကသိုလ် ကျောင်းသားတွေကလည်း “ဖက်စစ် စစ်တပ် ဖြုတ်ချရေးနဲ့ စစ်ကျွန်ပညာရေး အလိုမရှိ” ကြောင်း မန္တလေးမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ယနေ့အထိ နေ့စဉ် ချီတက် ဆန္ဒပြနေတဲ့ ကလေးမြို့ခံတွေလည်း ဒီကနေ့ အစဉ်အလာမပျက် ချီတက် ဆန္ဒပြခဲ့ကြပြီး စစ်ကိုင်းတိုင်းအတွင်းကပဲ ဆားလင်းကြီးမြို့၊ မကွေးတိုင်း မြိုင်မြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့တို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG