သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၈ ေလးလံုး လူထုအေရးေတာ္ပံု ၃၂ ႏွစ္ျပည့္ေပမယ့္ ဒီမိုကေရစီေရး မၿပီးဆံုးေသး


ရွစ္ေလးလုံး အေရးေတာ္ပုံ ၃၂ ႏွစ္ျပည့္ ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ ျမင္ကြင္းမ်ား။ (ၾသဂုတ္ ၈၊ ၂၀၂၀၊ ဓာတ္ပုံ - ဦးဖုိးႏုိင္လင္း)

(Zawgyi / Unicode)

စစ္အာဏာရွင္ကို ေတာ္လွန္ခဲ့ၾကတဲ့ ၈ ေလးလံုး လူထုအေရးေတာ္ပံုႀကီး ၃၂ ႏွစ္သက္တမ္းမွာ ျပည္သူေတြေမွ်ာ္လင့္တဲ့ ဒီမိုကေရစီ အေျပာင္းအလဲမ်ဳိး ေပၚေပါက္ေနပါၿပီလား၊ ၈ ေလးလံုး မ်ိဳးဆက္ေတြရဲ႕ အျမင္ေတြကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

၈ ရက္ ၈ လ ၁၉၈၈ ခုႏွစ္က ႏုိင္ငံတဝန္း ရဟန္းရွင္လူ ေက်ာင္းသားျပည္သူအမ်ား တတိုင္းျပည္လံုး အတုိင္းအတာနဲ႔ ဒီမိုကေရစီရရွိေရး ေတာင္းဆို တိုက္ပြဲဝင္ခဲ့ၾကတဲ့ လူထုလႈပ္ရွားမႈႀကီးဟာ ဒီကေန႔ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ႏွစ္ေပါင္း ၃၂ ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ၈ ေလးလံုး လူထုအေရးေတာ္ပံုႀကီးကေန ရဟန္းရွင္လူ ေက်ာင္းသူျပည္သူလူထု လိုလားေတာင့္တ တုိက္ပြဲဝင္ခဲ့တဲ့ စစ္မွန္တဲ့ ဒီမိုကေရစီစနစ္၊ ဒီမိုကေရစီစံႏႈန္းနဲ႔ညီတဲ့ အေျခခံ လူ႔အခြင့္အေရးေတြ အခုအခ်ိန္အထိ တင္းျပည့္က်ပ္ျပည့္ မရရွိေသးဘူးလို႔ ၈ ေလးလံုးမ်ိဳးဆက္ေတြနဲ႔ ဒီမိုကေရစီ အင္အားစုေတြက ေျပာဆိုလုိက္ပါတယ္။

လူထုက မဲအမ်ားစုနဲ႔ ေရြးခ်ယ္ခဲ့တဲ့ NLD အရပ္သားအစိုးရလက္ထက္ မ်က္ေမွာက္ေခတ္ ႏုိင္ငံေရး အခင္းအက်င္းကေတာ့ စစ္အစိုးရ ေရးဆြဲခဲ့တဲ့ ၂၀၀၈ အေျခခံဥပေဒေအာက္မွာပဲ ရွိေနေသးၿပီး ဖက္ဒရယ္ဒီမိုကေရစီစနစ္ ထူေထာင္ေရးကလည္း အလွမ္းေဝးေနတုန္းပဲလို႔ ၈ ေလးလံုးမ်ိဳးဆက္ေတြက ဒီကေန႔မွာပဲ သေဘာထားေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

၈ ေလးလံုး လူထုအေရးေတာ္ပံုႀကီးရဲ႕ အဓိက ဘံုရည္မွန္းခ်က္ျဖစ္တဲ့ စစ္အာဏာရွင္စနစ္ အၿပီးတုိင္ခ်ဳပ္ၿငိမ္းေရး၊ ဒီမိုကေရစီစနစ္ ထြန္းကားေရး အပါအဝင္ တိုင္းျပည္ရဲ႕ အဓိကလိုအပ္ခ်က္ေတြျဖစ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တရားဥပေဒ စိုးမိုးေရးနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ပေပ်ာက္ေရးေတြကို အစိုးရ၊ တုိင္းရင္းသားေတြနဲ႔ ျပည္တြင္းျပည္ပ ဒီမိုကေရစီအင္အားစုေတြ ဆက္လက္ ႀကိဳးပမ္းသြားၾကဖို႔လည္း ၈ ေလးလံုးမ်ိဳးဆက္ေတြက တုိက္တြန္းၾကပါတယ္။

ျပည္သူလူထု လိုလားေတာင့္တတဲ့ ၈ ေလးလံုး ရည္မွန္းခ်က္ ျဖစ္ထြန္းလာႏုိင္ေအာင္ ခိုင္မာတဲ့ အေျခခံဥပေဒနဲ႔ မူတရပ္ကို ထူေထာင္ႏုိင္ေရး ဒီမိုကေရစီ အင္အားစုေတြဘက္က မဟာမိတ္ဖြဲ႔ ပူးေပါင္းၿပီး ႀကိဳးစားသြားၾကဖို႔ ၈ ေလးလံုး ႏွစ္ပတ္လည္ေန႔မွာ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္သူ ကိုျမေအးက တုိက္တြန္းပါတယ္။

“၈၈ လူထုအေရးေတာ္ပံုႀကီးကာလ ေတာင့္တခ်က္ေတြကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရင္ က်ေနာ္တို႔က မမီေသးဘူး၊ မေရာက္ေသးဘူးလို႔ ျမင္တယ္။ ၿပီးေတာ့ အခုလက္ရွိ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံအခင္းအက်င္းကလည္း ဘာလဲဆိုေတာ့ လမ္းျပေျမပံုရဲ႕ ၂၀၀၈ အေျခခံဥပေဒ ေအာက္မွာပဲ ရွိေနေသးတယ္လို႔ ျမင္တယ္။ ဒါက လက္ရွိ ပကတိအေျခအေနကို သံုးသပ္တာပါ။ ဒီကေန႔ တုိင္းရင္းသားျပည္သူလူထု တရပ္လံုးကေန ေျပာေနတာက ျမန္မာႏုိင္ငံကို ဖက္ဒရယ္ဒီမုိကေရစီ ႏုိင္ငံေတာ္ႀကီး တည္ေဆာက္မယ္၊ အဲ့ေတာ့ က်ေနာ္တို႔က ဖက္ဒရယ္စနစ္နဲ႔သြားတဲ့ Constitution တရပ္ ေပၚေပါက္ေရးအတြက္ဆို ၂၀၀၈ အေျခခံဥပေဒကို ျပင္ရင္ျပင္၊ မျပင္ရင္ အသစ္ေရးဆြဲ၊ အဲ့လိုသြားမွသာလွ်င္ က်ေနာ္တို႔ ၈ ေလးလံုးရည္မွန္းခ်က္ေတြလည္း ျပည့္မီမယ္။ ျပည္သူလူထု လိုလားေတာင့္တခ်က္ေတြလည္း ျပည့္ဝမယ္။ က်ေနာ္တို႔ႏိုင္ငံလည္း တုိးတက္ေျပာင္းလဲသြားလိမ့္မယ္လို႔ ျမင္တယ္။”

တုိင္းျပည္မွာ စစ္မွန္တဲ့ ဒီမိုကေရစီ ေဖာ္ေဆာင္ႏုိင္ေရး ျပည္သူလူထု ေမွ်ာ္လင့္ခ်က္အတုိင္း ျဖစ္လာေအာင္ ဒီမိုကေရစီလမ္းစ ေပၚလာခ်ိန္ ေနာက္ျပန္မဆုတ္ဘဲ ညီညီၫြတ္ၫြတ္နဲ႔ ေရွ႕ဆက္သြားၾကဖို႔ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္သူ ကိုဂ်င္မီကလည္း တုိက္တြန္းပါတယ္။

“အာဏာရွင္စနစ္ အၿပီးတုိင္ခ်ဳပ္ၿငိမ္းေရး၊ ဒီမိုကေရစီရရွိေရး၊ အဲဒီအေျခခံနဲ႔ က်ေနာ္တို႔ သြားခဲ့ၾကေတာ့ အခုလက္ရွိ အေျခအေနမွာေတာ့ ဒီမိုကေရစီက အျပည့္အဝ မရေသးပါဘူး။ ဒါေပမယ့္ ေသခ်ာတာတခုကေတာ့ အခု က်ေနာ္တို႔ေရာက္ေနတဲ့ အေျခအေနတခုက လြယ္လြယ္ကူကူနဲ႔ ေရာက္ခဲ့ၾကတာ မဟုတ္ပါဘူး။ အဲဒီေတာ့ အဓိက အေရးႀကီးဆံုးက က်ေနာ္တို႔ေတြ ေရွ႕ကို ဆက္တက္ၾကဖို႔ လိုသလို လက္ရွိအေျခအေနကေန ေနာက္ျပန္ ေလွ်ာမက်သြားေအာင္လည္း လုပ္ဖို႔လိုတယ္။ အဲဒါ အေရးႀကီးဆံုးပဲ။

“အခုက ဘာပဲေျပာေျပာ ဒီ ကိုဗစ္ကာလမွာေတာင္မွ က်ေနာ္တို႔ တခ်ိန္တုန္းက က်ည္ဆန္ေတြ ထြက္လာတဲ့ ၿမိဳ႕ေတာ္ခန္းမႀကီးေရွ႕မွာေတာင္ ၈ ေလးလံုးကို ဂုဏ္ျပဳထားတဲ့ ဆုိင္းဘုတ္အႀကီးႀကီး ေထာင္ႏုိင္ၿပီေပါ့ဗ်ာ။ ေနာက္ အဲဒီအေရွ႕မွာလည္း ပန္းေတြခ်ၿပီး အေလးျပဳႏုိင္ၿပီေပါ့ဗ်ာ။ ဒါေပမယ့္ က်ေနာ္တို႔ က်ဆံုးသြားသူေတြရဲ႕ သစၥာအဓိ႒ာန္ကို ခုိင္ခုိင္ၿမဲၿမဲ ကိုင္ၿပီးေတာ့ ေရွ႕ဆက္သြားရဦးမယ့္ ခရီးကလည္း ေတာ္ေတာ္လိုဦးမယ္။ ဒါေၾကာင့္မို႔ ၂၀၀၈ အေျခခံဥပေဒကို ျပင္ဖို႔ ႀကိဳးစားၾကဦးမယ္။”

ရဟန္းရွင္လူ ျပည္သူလူထု လမ္းေတြေပၚထြက္ လူထုအားနဲ႔ ေတာင္းဆိုခဲ့တဲ့ အေျခခံလူ႔အခြင့္အေရး၊ အလုပ္သမား အခြင့္အေရး၊ အမ်ိဳးသမီး အခြင့္အေရး စတဲ့ အေျခခံခိုင္မာတဲ့ စနစ္ေတြ ထူေထာင္ႏိုင္ဖို႔ ၈ ေလးလံုး ရည္မွန္းခ်က္ေတြ ျပည့္မီေအာင္ တုိင္းျပည္ကို ဦးေဆာင္သူေတြဘက္က ဆက္ၿပီး အေကာင္အထည္ေဖာ္ဖို႔ အေရးႀကီးတယ္လို႔လည္း အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူ Triangle Women အဖြဲ႔က မခင္ေလးက သံုးသပ္ပါတယ္။

“စခဲ့ၾကတုန္းက လံုးဝ အေမွာင္အေျခအေန။ အခုမွာဆိုရင္ေတာ့ ေရာင္ျခည္ေလး ပ်ိဳးလာ႐ံုေလာက္ပဲ ရွိေသးတယ္လို႔ ျမင္ရတယ္။ လမ္းေၾကာင္းေပၚ ေရာက္ေနၿပီလို႔ ေျပာလို႔ရဖို႔ ခက္ေသးတယ္။ အဲ့ေတာ့ အမ်ားႀကီး လုပ္ေဆာင္စရာေတြ လုပ္ရဦးမယ္။ ဦးေဆာင္သူအပိုင္းက ဒီ့ထက္ပိုၿပီး ျပတ္ျပတ္သားသားနဲ႔ ဦးေဆာင္ႏုိင္မယ္ဆိုရင္ က်မတို႔ ေနာက္ကလိုက္ရမယ့္ ျပည္သူလူထုေတြ ႏုိင္ငံေရးအာသီသရွိတဲ့သူေတြ အားလံုးက ညီညီညြတ္ညြတ္နဲ႔ အားလံုးလုိက္ၾကမွာပဲလို႔ က်မ အျပည့္အဝ ယံုၾကည္တယ္။ အဲဒီေတာ့ ဦးေဆာင္သူ အခန္းက႑ကလူေတြ ပိုၿပီးေတာ့ ႀကိဳးစားဖို႔လိုတယ္ ဆုိတာကိုေတာ့ က်မ ဒီေန႔မွာ သံုးသပ္မိပါတယ္။”

ဆရာႀကီး သခင္ကိုယ္ေတာ္မိႈင္း ကြန္ရက္က ဦးထြန္းဝင္းၿငိမ္းကလည္း တိုင္းျပည္ရဲ႕ ဒီမိုကေရစီေျပာင္းလဲေရးမွာ ဒီမိုကေရစီအင္အားစုေတြ ညီၾကဖို႔လိုတယ္လို႔ ျမင္ပါတယ္။

“၈ ေလးလံုး ၃၂ ႏွစ္ေျမာက္ေန႔ေပါ့ေနာ္ က်ေနာ္တို႔ ေတာင္းဆိုခဲ့တဲ့ မဆလ တပါတီ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရး၊ ဒီမိုကေရစီ ရရွိေရးေပါ့၊ တပါတီအာဏာရွင္စနစ္ ျပဳတ္က်ဖို႔ေပါ့၊ အခုအခ်ိန္အထိ စစ္အာဏာရွင္စနစ္ႀကီးက ၂၀၀၈ အေျခခံဥပေဒကို အကာအကြယ္ ယူထားၿပီးမွ ဆက္ၿပီး ရပ္တည္ေနတာျဖစ္တယ္။ ဒါေၾကာင့္ လူထုအားကို ယံုၾကည္ဖို႔ လိုပါတယ္။ ဒီမိုကေရစီ အင္အားစုေတြကလည္း ညီညီညြတ္ညြတ္နဲ႔ ဆက္ၿပီး တုိက္ပြဲဝင္ၾကရမွာ ျဖစ္ပါတယ္။”

ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ေဟာင္း တေယာက္ျဖစ္တဲ့ ကိုမင္းေသြးသစ္ကလည္း ၈ ေလးလံုးတုန္းက လူထုလူတန္းစားအားလံုး ကိုယ့္အခြင့္အေရးအတြက္ ေတာင္းဆို တိုက္ပြဲဝင္ခဲ့ၾကသလို လက္ရွိ ျပည္သူေတြ လိုလားတဲ့ဆႏၵ ျပည့္မီဖို႔ဆိုရင္ လူထုရဲ႕ ေမွ်ာ္လင့္ခ်က္ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းေပးႏိုင္ဖို႔ လိုတယ္လို႔ သံုးသပ္ပါတယ္။

“၈ ေလးလံုး ၃၂ ႏွစ္ျပည့္ အေရးေတာ္ပံုႀကီး ႏွစ္ ၃၀ ေက်ာ္ ၾကာလာေပမယ့္ လူထုကလိုလားတဲ့ ဆႏၵေတြ အခုအခ်ိန္အထိ အျပည့္အဝေတာ့ မရရွိေသးပါဘူး။ က်ေနာ္တို႔ ဒီမိုကေရစီ အင္အားစုေတြ အားလံုး စုေပါင္းၿပီး ဆက္ၿပီး တုိက္ပြဲဝင္ေနၾကရဦးမွာပဲ၊ ဆက္လုပ္ေနၾကရဦးမွာပါပဲ။ စစ္တပ္ဘက္က အဘက္ဘက္ကေန စီးပြားေရးမွာဆို ဦးပိုင္လိုကအစ အားလံုး တည္ေဆာက္ထားတယ္။ က်ေနာ္တို႔လိုခ်င္တဲ့ပန္းတုိင္ရဖို႔ ၈ေလးလံုးရည္မွန္းခ်က္ေတြျပည့္မွွီဖို႔ဆိုရင္ က်ေနာ္တို႔ လူထုအားနဲ႔ေရာ လႊတ္ေတာ္တြင္း လူထုက ေရြးခ်ယ္တင္ေျမႇာက္လုိက္တဲ့ လူထုကိုယ္စားလွယ္ အင္အားစုေတြနဲ႔ပါ တိုက္ပြဲဝင္ေနၾကရဦးမွာပဲ။”

ဒီကေန႔က်ေရာက္တဲ့ ၈ ေလးလံုး လူထုအေရးေတာ္ပံုႀကီး ၃၂ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ၃၂ ႏွစ္ေျမာက္ ၈ ေလးလံုး ဒီမိုကေရစီ အေရးေတာ္ပံုေန႔ အထိမ္းအမွတ္ ဆိုင္းဘုတ္နီေတြ စိုက္ထူၾကသလို မဟာဗႏၶဳလပန္းၿခံက လြတ္လပ္ေရးေက်ာက္တုိင္ အနီးမွာလည္း ၈ ေလးလံုး ရင္ျပင္နီဟစ္တုိင္ အထိမ္းအမွတ္အေနနဲ႔ ႏွင္းဆီနီေတြ ျဖန္႔ႀကဲၿပီးေတာ့ ဒီမိုကေရစီ အင္အားစုေတြ စုေပါင္းၿပီး ၈ ေလးလံုး အေရးေတာ္ပံု ကာလအတြင္း အသက္ေပးခဲ့ၾက၊ ဘဝေတြ ရင္းခဲ့ၾကတဲ့ ရဟန္းရွင္လူ ျပည္သူလူထုကို ဦးညႊတ္ ဂုဏ္ျပဳၾကပါတယ္။

ဒီကေန႔က်ေရာက္တဲ့ ၃၂ ႏွစ္ေျမာက္ ၈ ေလးလံုး ႏွစ္ပတ္လည္ေန႔မွာ ဒီမိုကေရစီေရးအတြက္ မားမားမတ္မတ္ ရပ္တည္ခဲ့ၾကတဲ့ သိန္းခ်ီတဲ့ ျမန္မာျပည္သူေတြရဲ႕ ရဲဝ့့ံမႈက ျမန္မာျပည္သူ၊ အေမရိကန္ျပည္သူေတြနဲ႔ ကမာၻတဝန္းက ျပည္သူေတြအတြက္ စိတ္ဓာတ္ခြန္အား ျဖစ္ရပါေၾကာင္းလည္း ရန္ကုန္အေျခစိုက္ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးကလည္း သေဘာထားေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဒီေန႔က်ေရာက္တဲ့ ၃၂ ႏွစ္ေျမာက္ ၈ ေလးလံုး ႏွစ္ပတ္လည္ေန႔ဟာ ကမာၻ႔ကပ္ေရာဂါ COVID-19 ကာလျဖစ္တာမို႔ ၈ ေလးလံုး အေရးေတာ္ပံု အခမ္းအနားေတြကို ရန္ကုန္ၿမိဳ႕ အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာေတာ့ လူေတြက ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔အညီ မ်က္ႏွာဖံုး ႏွာေခါင္းစည္းေတြ တပ္ဆင္ၿပီး လူစုလူေဝးမျဖစ္ေအာင္ ေရွာင္ၿပီးေတာ့ ေအာက္ေမ့ဘြယ္ ဂုဏ္ျပဳ ဦးညြတ္ခဲ့ၾကတယ္လို႔ ပါဝင္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

၈ လေးလုံး လူထုအရေးတော်ပုံ ၃၂ နှစ်ပြည့်ပေမယ့် ဒီမိုကရေစီရေး မပြီးဆုံးသေး

စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ၈ လေးလုံး လူထုအရေးတော်ပုံကြီး ၃၂ နှစ်သက်တမ်းမှာ ပြည်သူတွေမျှော်လင့်တဲ့ ဒီမိုကရေစီ အပြောင်းအလဲမျိုး ပေါ်ပေါက်နေပါပြီလား၊ ၈ လေးလုံး မျိုးဆက်တွေရဲ့ အမြင်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

၈ ရက် ၈ လ ၁၉၈၈ ခုနှစ်က နိုင်ငံတဝန်း ရဟန်းရှင်လူ ကျောင်းသားပြည်သူအများ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဒီမိုကရေစီရရှိရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ လူထုလှုပ်ရှားမှုကြီးဟာ ဒီကနေ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့မှာ နှစ်ပေါင်း ၃၂ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ၈ လေးလုံး လူထုအရေးတော်ပုံကြီးကနေ ရဟန်းရှင်လူ ကျောင်းသူပြည်သူလူထု လိုလားတောင့်တ တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ အခြေခံ လူ့အခွင့်အရေးတွေ အခုအချိန်အထိ တင်းပြည့်ကျပ်ပြည့် မရရှိသေးဘူးလို့ ၈ လေးလုံးမျိုးဆက်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုလိုက်ပါတယ်။

လူထုက မဲအများစုနဲ့ ရွေးချယ်ခဲ့တဲ့ NLD အရပ်သားအစိုးရလက်ထက် မျက်မှောက်ခေတ် နိုင်ငံရေး အခင်းအကျင်းကတော့ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ ရှိနေသေးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးကလည်း အလှမ်းဝေးနေတုန်းပဲလို့ ၈ လေးလုံးမျိုးဆက်တွေက ဒီကနေ့မှာပဲ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

၈ လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး အပါအဝင် တိုင်းပြည်ရဲ့ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပပျောက်ရေးတွေကို အစိုးရ၊ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ ဆက်လက် ကြိုးပမ်းသွားကြဖို့လည်း ၈ လေးလုံးမျိုးဆက်တွေက တိုက်တွန်းကြပါတယ်။

ပြည်သူလူထု လိုလားတောင့်တတဲ့ ၈ လေးလုံး ရည်မှန်းချက် ဖြစ်ထွန်းလာနိုင်အောင် ခိုင်မာတဲ့ အခြေခံဥပဒေနဲ့ မူတရပ်ကို ထူထောင်နိုင်ရေး ဒီမိုကရေစီ အင်အားစုတွေဘက်က မဟာမိတ်ဖွဲ့ ပူးပေါင်းပြီး ကြိုးစားသွားကြဖို့ ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက တိုက်တွန်းပါတယ်။

“၈၈ လူထုအရေးတော်ပုံကြီးကာလ တောင့်တချက်တွေကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့က မမီသေးဘူး၊ မရောက်သေးဘူးလို့ မြင်တယ်။ ပြီးတော့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံအခင်းအကျင်းကလည်း ဘာလဲဆိုတော့ လမ်းပြမြေပုံရဲ့ ၂၀၀၈ အခြေခံဥပဒေ အောက်မှာပဲ ရှိနေသေးတယ်လို့ မြင်တယ်။ ဒါက လက်ရှိ ပကတိအခြေအနေကို သုံးသပ်တာပါ။ ဒီကနေ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးကနေ ပြောနေတာက မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်၊ အဲ့တော့ ကျနော်တို့က ဖက်ဒရယ်စနစ်နဲ့သွားတဲ့ Constitution တရပ် ပေါ်ပေါက်ရေးအတွက်ဆို ၂၀၀၈ အခြေခံဥပဒေကို ပြင်ရင်ပြင်၊ မပြင်ရင် အသစ်ရေးဆွဲ၊ အဲ့လိုသွားမှသာလျှင် ကျနော်တို့ ၈ လေးလုံးရည်မှန်းချက်တွေလည်း ပြည့်မီမယ်။ ပြည်သူလူထု လိုလားတောင့်တချက်တွေလည်း ပြည့်ဝမယ်။ ကျနော်တို့နိုင်ငံလည်း တိုးတက်ပြောင်းလဲသွားလိမ့်မယ်လို့ မြင်တယ်။”

တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး ပြည်သူလူထု မျှော်လင့်ချက်အတိုင်း ဖြစ်လာအောင် ဒီမိုကရေစီလမ်းစ ပေါ်လာချိန် နောက်ပြန်မဆုတ်ဘဲ ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်သွားကြဖို့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီကလည်း တိုက်တွန်းပါတယ်။

“အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ အဲဒီအခြေခံနဲ့ ကျနော်တို့ သွားခဲ့ကြတော့ အခုလက်ရှိ အခြေအနေမှာတော့ ဒီမိုကရေစီက အပြည့်အဝ မရသေးပါဘူး။ ဒါပေမယ့် သေချာတာတခုကတော့ အခု ကျနော်တို့ရောက်နေတဲ့ အခြေအနေတခုက လွယ်လွယ်ကူကူနဲ့ ရောက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီတော့ အဓိက အရေးကြီးဆုံးက ကျနော်တို့တွေ ရှေ့ကို ဆက်တက်ကြဖို့ လိုသလို လက်ရှိအခြေအနေကနေ နောက်ပြန် လျှောမကျသွားအောင်လည်း လုပ်ဖို့လိုတယ်။ အဲဒါ အရေးကြီးဆုံးပဲ။

“အခုက ဘာပဲပြောပြော ဒီ ကိုဗစ်ကာလမှာတောင်မှ ကျနော်တို့ တချိန်တုန်းက ကျည်ဆန်တွေ ထွက်လာတဲ့ မြို့တော်ခန်းမကြီးရှေ့မှာတောင် ၈ လေးလုံးကို ဂုဏ်ပြုထားတဲ့ ဆိုင်းဘုတ်အကြီးကြီး ထောင်နိုင်ပြီပေါ့ဗျာ။ နောက် အဲဒီအရှေ့မှာလည်း ပန်းတွေချပြီး အလေးပြုနိုင်ပြီပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ ကျဆုံးသွားသူတွေရဲ့ သစ္စာအဓိဋ္ဌာန်ကို ခိုင်ခိုင်မြဲမြဲ ကိုင်ပြီးတော့ ရှေ့ဆက်သွားရဦးမယ့် ခရီးကလည်း တော်တော်လိုဦးမယ်။ ဒါကြောင့်မို့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားကြဦးမယ်။”

ရဟန်းရှင်လူ ပြည်သူလူထု လမ်းတွေပေါ်ထွက် လူထုအားနဲ့ တောင်းဆိုခဲ့တဲ့ အခြေခံလူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး စတဲ့ အခြေခံခိုင်မာတဲ့ စနစ်တွေ ထူထောင်နိုင်ဖို့ ၈ လေးလုံး ရည်မှန်းချက်တွေ ပြည့်မီအောင် တိုင်းပြည်ကို ဦးဆောင်သူတွေဘက်က ဆက်ပြီး အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့လည်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Triangle Women အဖွဲ့က မခင်လေးက သုံးသပ်ပါတယ်။

“စခဲ့ကြတုန်းက လုံးဝ အမှောင်အခြေအနေ။ အခုမှာဆိုရင်တော့ ရောင်ခြည်လေး ပျိုးလာရုံလောက်ပဲ ရှိသေးတယ်လို့ မြင်ရတယ်။လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောလို့ရဖို့ ခက်သေးတယ်။ အဲ့တော့ အများကြီး လုပ်ဆောင်စရာတွေ လုပ်ရဦးမယ်။ ဦးဆောင်သူအပိုင်းက ဒီ့ထက်ပိုပြီး ပြတ်ပြတ်သားသားနဲ့ ဦးဆောင်နိုင်မယ်ဆိုရင် ကျမတို့ နောက်ကလိုက်ရမယ့် ပြည်သူလူထုတွေ နိုင်ငံရေးအာသီသရှိတဲ့သူတွေ အားလုံးက ညီညီညွတ်ညွတ်နဲ့ အားလုံးလိုက်ကြမှာပဲလို့ ကျမ အပြည့်အဝ ယုံကြည်တယ်။ အဲဒီတော့ ဦးဆောင်သူ အခန်းကဏ္ဍကလူတွေ ပိုပြီးတော့ ကြိုးစားဖို့လိုတယ် ဆိုတာကိုတော့ ကျမ ဒီနေ့မှာ သုံးသပ်မိပါတယ်။”

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွန်ရက်က ဦးထွန်းဝင်းငြိမ်းကလည်း တိုင်းပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးမှာ ဒီမိုကရေစီအင်အားစုတွေ ညီကြဖို့လိုတယ်လို့ မြင်ပါတယ်။

“၈ လေးလုံး ၃၂ နှစ်မြောက်နေ့ပေါ့နော် ကျနော်တို့ တောင်းဆိုခဲ့တဲ့ မဆလ တပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ရရှိရေးပေါ့၊ တပါတီအာဏာရှင်စနစ် ပြုတ်ကျဖို့ပေါ့၊ အခုအချိန်အထိ စစ်အာဏာရှင်စနစ်ကြီးက ၂၀၀၈ အခြေခံဥပဒေကိုအကာအကွယ် ယူထားပြီးမှ ဆက်ပြီး ရပ်တည်နေတာဖြစ်တယ်။ ဒါကြောင့်လူထုအားကို ယုံကြည်ဖို့ လိုပါတယ်။ ဒီမိုကရေစီ အင်အားစုတွေကလည်း ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။”

ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ကလည်း ၈ လေးလုံးတုန်းက လူထုလူတန်းစားအားလုံး ကိုယ့်အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသလို လက်ရှိ ပြည်သူတွေ လိုလားတဲ့ဆန္ဒ ပြည့်မီဖို့ဆိုရင် လူထုရဲ့ မျှော်လင့်ချက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

“၈ လေးလုံး ၃၂ နှစ်ပြည့် အရေးတော်ပုံကြီး နှစ် ၃၀ ကျော် ကြာလာပေမယ့် လူထုကလိုလားတဲ့ ဆန္ဒတွေ အခုအချိန်အထိ အပြည့်အဝတော့ မရရှိသေးပါဘူး။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံး စုပေါင်းပြီး ဆက်ပြီး တိုက်ပွဲဝင်နေကြရဦးမှာပဲ၊ ဆက်လုပ်နေကြရဦးမှာပါပဲ။ စစ်တပ်ဘက်က အဘက်ဘက်ကနေ စီးပွားရေးမှာဆို ဦးပိုင်လိုကအစ အားလုံး တည်ဆောက်ထားတယ်။ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ရဖို့ ၈လေးလုံးရည်မှန်းချက်တွေပြည့်မှီဖို့ဆိုရင် ကျနော်တို့ လူထုအားနဲ့ရော လွှတ်တော်တွင်း လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လူထုကိုယ်စားလှယ် အင်အားစုတွေနဲ့ပါ တိုက်ပွဲဝင်နေကြရဦးမှာပဲ။”

ဒီကနေ့ကျရောက်တဲ့ ၈ လေးလုံး လူထုအရေးတော်ပုံကြီး ၃၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၃၂ နှစ်မြောက်၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်နီတွေ စိုက်ထူကြသလို မဟာဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင် အနီးမှာလည်း ၈ လေးလုံး ရင်ပြင်နီဟစ်တိုင် အထိမ်းအမှတ်အနေနဲ့ နှင်းဆီနီတွေ ဖြန့်ကြဲပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းပြီး ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း အသက်ပေးခဲ့ကြ၊ ဘဝတွေ ရင်းခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို ဦးညွှတ် ဂုဏ်ပြုကြပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၃၂ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီရေးအတွက် မားမားမတ်မတ် ရပ်တည်ခဲ့ကြတဲ့ သိန်းချီတဲ့ မြန်မာပြည်သူတွေရဲ့ ရဲဝံ့မှုက မြန်မာပြည်သူ၊ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက ပြည်သူတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်ရပါကြောင်းလည်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၂ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလဖြစ်တာမို့ ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားတွေကို ရန်ကုန်မြို့ အပါအဝင် မြို့တော်တော်များများမှာတော့ လူတွေက ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ပြီး လူစုလူဝေးမဖြစ်အောင် ရှောင်ပြီးတော့အောက်မေ့ဘွယ် ဂုဏ်ပြု ဦးညွတ်ခဲ့ကြတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG