သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းႏွစ္ပတ္လည္နဲ႔ သမိုင္းသင္ခန္းစာ


စက္တင္ဘာလ ၁၈ ရက္ေန႔ဟာ ၁၉၈၈ ခုႏွစ္က တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ဒီမုိကေရစီအေရး အတြက္ ၿငိမ္းခ်မ္းစြာ ေတာင္းဆုိ ဆႏၵျပခဲ့ၾကတဲ့ လူထု လႈပ္ရွားမႈႀကီးကုိ ျမန္မာစစ္တပ္က အၾကမ္းဖက္ ၿဖိဳခြင္းၿပီး အာဏာသိမ္းခဲ့တဲ့ ႏွစ္ပတ္လည္ေန႔ျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းတဲ့ ၃၁ ႏွစ္ေျမာက္ေန႔ မွာ ဒီ လူထုလႈပ္ရွားမႈႀကီးမွာ ကုိယ္တုိင္ပါ၀င္ခဲ့တဲ့သူေတြရဲ႕ အေတြ႔အႀကံဳ၊ သင္ခန္းစာ ယူသင့္တာေတြနဲ႔ သူတုိ႔ရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္တခ်ဳိ႕ကုိ စုစည္းၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

ရွစ္ေလးလုံး ဒီမုိကေရစီ ေတာင္းဆုိလႈပ္ရွားမႈႀကီးဟာ ေခတ္သစ္ ျမန္မာ့သမုိင္းမွာ အထင္ရွားဆုံး ႏုိင္ငံေရးေျပာင္းလဲမႈကုိ ျဖစ္ေပၚေစခဲ့တဲ့ လူထု လႈပ္ရွားမႈႀကီး ျဖစ္ပါတယ္။ ၁၉၈၈ ခုႏွစ္၊ ၾသဂုတ္လ ၈ ရက္ေန႔မွာ စတင္ခဲ့တဲ့ အဲဒီ လူထုလႈပ္ရွားမႈႀကီးကုိ စစ္တပ္က အၾကမ္းဖက္ ၿဖိဳခြင္းၿပီး အာဏာသိမ္းခဲ့တာ ဒီကေန႔ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ၃၁ ႏွစ္ တင္းတင္းျပည့္ခဲ့ပါၿပီ။

လူထုရဲ႕ အၾကမ္းမဖက္တဲ့ ဆႏၵျပေတာင္းဆုိမႈေတြနဲ႔ တုိင္းျပည္ကုိ ၂၆ ႏွစ္ၾကာ အုပ္ခ်ဳပ္လာခဲ့တဲ့ တပါတီ အာဏာရွင္စနစ္ကုိ ျဖဳတ္ခ်ၿပီး ဒီမုိကေရစီအစုိးရတခုနဲ႔ အစားထုိးအုပ္ခ်ဳပ္ဖုိ႔ ႀကိဳးပမ္းမႈေတြ မေအာင္မျမင္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ တက္ၾကြတဲ့ လူငယ္တဦးအေနနဲ႔ အဲဒီအခ်ိန္က မေက်နပ္မႈေတြ ျဖစ္ေပၚခဲ့တယ္လုိ႔ ရွစ္ေလးလုံးအေရးေတာ္ပုံမွာ ကုိယ္တုိင္ပါ၀င္ခဲ့ၿပီး လက္ရွိမွာ ညီမွ်ျခင္း-ျမန္မာအဖြဲ႔ရဲ႕ ဒါရုိက္တာ ကုိေအာင္မ်ဳိးမင္းက ေျပာပါတယ္။

“က်ေနာ္တုိ႔ အဲဒီတုန္းကေတာ့ လူငယ္စိတ္ထားနဲ႔ေပါ့ေနာ္၊ ဒီ အာဏာသိမ္းမႈကုိ က်ေနာ္တုိ႔ လုံး၀ သည္းညည္း မခံႏုိင္ဘူး။ သူတုိ႔က ကုိယ့္ေရွ႕မွာ ပထမဦးဆုံး ရက္ရက္စက္စက္ ေသြးေခ်ာင္းစီးမတတ္ သတ္ျဖတ္တာ ျမင္ရတဲ့အခါမွာ စိတ္ဓါတ္ေတြက က်ေနာ္တုိ႔ ေတာ္ေတာ္ႀကီးကုိ ျပင္းထန္ခဲ့တာ ျဖစ္တယ္။ အဲဒီတုန္းကေတာ့ က်ေနာ္တုိ႔က ဘာလဲဆုိေတာ့၊ မုန္းတီးမႈကုိ အေျခခံတာ။ မုန္းတီးမႈကုိ အေျခခံၿပီး ဒီ စစ္အာဏာရွင္အစုိးရကုိ တုိက္ထုတ္မယ္ဆုိတဲ့ စိတ္ဓါတ္။ ဒါေပမယ့္ ၃၁ ႏွစ္ ျပန္ၿပီးေတာ့ စဥ္းစားတဲ့အခါမွာ က်ေနာ္တုိ႔ ဘာျမင္လာလဲဆုိေတာ့ ဒီ အစုိးရအေျပာင္းအလဲတခုနဲ႔ က်ေနာ္တုိ႔ ဘယ္လုိမွ ဒီမုိကေရစီကုိ မသြားႏုိင္ဘူး။ အစုိးရ စနစ္ေတြလည္း ေျပာင္းဖုိ႔လုိအပ္သလုိ ျပည္သူ လူထုကလည္း ဒီ အာဏာရွင္စနစ္ကုိ လုံး၀ လက္မခံဘဲနဲ႔ စိတ္ဓါတ္ေတြရွိဖုိ႔ လုိအပ္္တယ္ဆုိတာကုိ ပုိၿပီးေတာ့ ျမင္လာတယ္။”

ရွစ္ေလးလုံး လူထုလႈပ္ရွားမႈႀကီးအတြင္း တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ရဟန္းရွင္လူ အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ၾကတာေၾကာင့္ ျမန္မာႏုိင္ငံမွာ လက္ရွိအေျခအေနေရာက္ေအာင္ ျပဳျပင္ ေျပာင္းလဲမႈေတြ ေဖာ္ေဆာင္ႏုိင္ဖုိ႔ ျဖစ္လာတယ္ဆုိတာ မ်ဳိးဆက္သစ္ေတြ သိဖုိ႔လုိအပ္ေၾကာင္း ရွစ္ေလးလုံးအေရးေတာ္ပုံမွာ ကုိယ္တုိင္ပါ၀င္ခဲ့တဲ့ ဖက္ဒရယ္ ဒီမုိကရက္တစ္အင္အားစုက ကုိျမေအးကလည္း ေျပာပါတယ္။

“၈၈ လူထုအေရးေတာ္ပုံႀကီး ဒုံးဆုိ ျဖစ္လုိက္ၿပီးေတာ့မွ ခ်က္ျခင္းမီးကုိ ေရနဲ႔ၿငိမ္းသတ္လုိက္သလုိ ၿပီးသြားတဲ့ကိစၥမ်ဳိး မဟုတ္ဘူးေလ။ က်ေနာ္ျမင္တာေလ။ ၈၈ လူထုအေရးေတာ္ပုံႀကီးမွာ ေပတရာလမ္းမေပၚမွာ စြန္႔လြတ္သြားတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ေသြးေတြ၊ ရဟန္းရွင္လူ သံဃာျပည္သူေတြရဲ႕ ေသြးေတြ မ်ားစြာရွိတယ္ဗ်။ ေနာက္တခ်က္ကဘာလဲဆုိေတာ့ ေတာထဲ၊ ေတာင္ထဲေရာက္ၿပီး ဘ၀ပ်က္သြားတဲ့သူေတြ၊ တုိက္ပြဲမွာက်တဲ့လူေတြ မ်ားစြာရွိတယ္။ ေထာင္နံရံေလးဘက္ၾကားထဲေရာက္ၿပီး ဘ၀ပ်က္တဲ့ မိသားစုေတြ၊ တကြဲတျပားျဖစ္သြားတဲ့ မိသားစုေတြ အမ်ားႀကီးရွိတယ္။ တႏုိင္ငံလုံးမွာျဖစ္တာ၊ ဒါက။ အဲဒီေတာ့ အဲဒီလုိမ်ဳိး ေပးဆပ္ခဲ့တဲ့ ႀကီးက်ယ္တဲ့၊ ျမန္မာ့ႏုိင္ငံေရးသမုိင္းမွာ အလြန္ကုိ ႀကီးက်ယ္တဲ့ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီးရဲ႕သမုိင္း ျဖတ္သန္းမႈကုိေတာ့ ေနာက္လူေတြက သိဖုိ႔လုိ္တယ္။”

အဲဒီလုိ အသက္ေပါင္း ေထာင္နဲ႔ခ်ီဆုံးရႈံးခဲ့ရေပမယ့္လည္း ကေန႔အခ်ိန္ အဲဒီလူေတြအတြက္ ဥပေဒနဲ႔ကုိက္ညီတဲ့ လုပ္ေဆာင္မႈေတြကုိ ေဖာ္ေဆာင္မေပးႏုိင္ေသးဘူးလုိ႔ ညီမွ်ျခင္း-ျမန္မာရဲ႕ ဒါရုိက္တာ ကုိေအာင္မ်ဳိးမင္းက ေျပာပါတယ္။

“အခုခ်ိန္ထိ က်ေနာ္တုိ႔ ရွစ္ေလးလုံးနဲ႔ စက္တင္ဘာ အာဏာသိမ္းတဲ့အခ်ိန္မွာ ေသဆုံးသူေတြအတြက္ Justice လုိ႔ေခၚတဲ့၊ ဒီ တရားဥပေဒကုိ က်ေနာ္တုိ႔ မေဖာ္ေဆာင္ႏုိင္ခဲ့ေသးဘူး။ အဲဒီတုန္းက ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္မွန္က ဘာေတြလဲ၊ ဘယ္ေလာက္ေသဆုံးခဲ့လဲ၊ သူတုိ႔ရဲ႕ ထိခုိက္နစ္နာမႈကုိ ေနာက္ထပ္တက္လာတဲ့ ဒီမုိကေရစီအစုိးရက ဘယ္ေလာက္အထိ အသိအမွတ္ျပဳၿပီးေတာ့ ျပန္လည္ေပးဆပ္မႈေတြ ရွိမလဲ။ အဲဒါ က်ေနာ္တုိ႔ မလုပ္ႏုိင္ခဲ့ဘူး။ ရွင္းရွင္းေျပာမယ္ဗ်ာ၊ ၈၈ မွာ လမ္းေပၚမွာ ေသဆုံးခဲ့တဲ့သူ ဘယ္ေလာက္အထိလဲဆုိတဲ့ စာရင္းေတာင္မွ က်ေနာ္တုိ႔ မထြက္လာေသးဘူး။”

လက္ရွိအာဏာရ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဟာလည္း ရွစ္ေလးလုံးအေရးေတာ္ပုံႀကီးက ေမြးဖြားေပးလုိက္တဲ့ ႏုိင္ငံေရးပါတီျဖစ္တာနဲ႔အညီ ရွစ္ေလးလုံးနဲ႔ဆုိင္တဲ့ သမုိင္းအစစ္အမွန္ေတြ ေပၚေပါက္လာေရးအပါအ၀င္ ေနာင္ မ်ဳိးဆက္သစ္ လူငယ္ေတြ ရွစ္ေလးလုံးအတြင္း ေပးဆပ္ခဲ့ၾကတာေတြကုိ ျပန္ေျပာင္းအမွတ္ရေစႏုိင္မယ့္ ျပတုိက္၊ အထိမ္းအမွတ္ေတြကုိ ဦးေဆာင္ လုပ္ေပးဖုိ႔ လုိအပ္တယ္လုိ႔ ဖက္ဒရယ္ဒီမုိကရက္တစ္အင္အားစုက ကုိျမေအးက ေျပာပါတယ္။

“အမ်ဳိးသားဒီုမကိေရစီအဖြဲ႔ခ်ဳပ္ကလည္း ရွစ္ေလးလုံးႀကီးက ေမြးဖြားေပးလုိက္တဲ့ ႏုိင္ငံေရးပါတီတရပ္ျဖစ္သလုိ၊ ရွစ္ေလးလုံးမွာလည္း လူထုအေရးေတာ္ပုံႀကီးမွာ ပါ၀င္ခဲ့တဲ့လူေတြလည္း ျဖစ္ပါတယ္။ က်ေနာ္ျမင္တာေလ။ အဲဒီေတာ့ ရွစ္ေလးလုံးသမုိင္းဆုိတာက တအုပ္စု၊ တဖြဲ႔တစည္းပုိင္ မဟုတ္ဘူးေလ။ ျမန္မာႏုိင္ငံ တနံတလွ်ားလုံးျဖစ္လာခဲ့တဲ့ကိစၥဆုိေတာ့ ဒီသမုိင္းနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔က အထြတ္အျမတ္ ထားရမယ္။ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး ဆုိင္ရာ သမုိင္းကုိလည္း မွန္မွန္ကန္ကန္ မွ်မွ်တတ ျပဳစုဖုိ႔လည္း အစုိးရက ဦးေဆာင္သင့္တယ္လုိ႔ က်ေနာ္ျမင္တယ္။”

အေစာပုိင္းကာလေတြက စစ္တပ္က အာဏာသိမ္းတဲ့ စက္တင္ဘာ ၁၈ ရက္ေန႔မွာ ျပည္တြင္း ျပည္ပမွာရွိတဲ့ ဒီမုိကေရစီ အင္အားစုေတြက ကန္႔ကြက္ ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကေပမယ့္လည္း အခုေနာက္ပုိင္း ရွစ္ေလးလုံးအေရးေတာ္ပုံမွာ ကုိယ္တုိင္ ပါ၀င္ခဲ့တဲ့သူေတြေရာ၊ ေနာက္ပုိင္း ဒီမုိကေရစီအေရး လႈပ္ရွားမႈေတြမွာ ပါ၀င္လာၾကတဲ့ မ်ဳိးဆက္သစ္လူငယ္ေတြကပါ စစ္တပ္က အာဏာသိမ္းတဲ့ေန႔ကုိ ကန္႔ကြက္ဆႏၵျပတာေတြ၊ အခမ္းအနားေတြ က်င္းပေလ့မရွိေတာ့တာေၾကာင့္ ဒီကိစၥဟာ ကေန႔ေခတ္ လူငယ္ထုအၾကားမွာ တျဖည္းျဖည္းနဲ႔ ေမွးမွိန္း ကြယ္ေျပာက္စ ျပဳလာေနတာပါ။

ဒါေၾကာင့္လည္း ရွစ္ေလးလုံး အေရးေတာ္ပုံအတြင္း ဒီမုိကေရစီေရးအတြက္ အသက္ေပးလႈသြားခဲ့ၾကတဲ့ ရဟန္းရွင္လူ ျပည္သူအေပါင္းရဲ႕ ေပးဆပ္မႈေတြကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ၊ မွားယြင္းခဲ့တဲ့ အတိတ္ကျဖစ္ရပ္ေတြကုိ သမုိင္းသခၤန္းစာတခုအျဖစ္ မ်ဳိးဆက္သစ္ လူငယ္ေတြ ေလ့လာ သိရွိႏုိင္ေရးအတြက္ပါ ရည္ရြယ္ၿပီး ရွစ္ေလးလုံးအေရးေတာ္ပုံနဲ႔သက္ဆုိင္တဲ့ သမုိင္းျပတုိက္၊ အထိမ္းအမွတ္ ေက်ာက္တုိင္ေတြကုိ အစုိးရက ဦးေဆာင္ၿပီး တည္ေဆာက္ေပးဖုိ႔ ရွစ္ေလးလုံး အေရးေတာ္ပုံ မွာ ပါ၀င္ခဲ့ၾကသူေတြက ေတာင္းဆုိေနၾကတာ ျဖစ္ပါတယ္။

...............

{Unicode}

စစ်အာဏာသိမ်းနှစ်ပတ်လည်နဲ့ သမိုင်းသင်ခန်းစာ

စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၁၉၈၈ ခုနှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီအရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထု လှုပ်ရှားမှုကြီးကို မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ၃၁ နှစ်မြောက်နေ့ မှာ ဒီ လူထုလှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံ၊ သင်ခန်းစာ ယူသင့်တာတွေနဲ့ သူတို့ရဲ့ အနာဂတ် မျှော်လင့်ချက်တချို့ကို စုစည်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေးပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တဲ့ လူထု လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီ လူထုလှုပ်ရှားမှုကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တာ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၃၁ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။

လူထုရဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စံနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရတခုနဲ့ အစားထိုးအုပ်ချုပ်ဖို့ ကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တက်ကြွတဲ့ လူငယ်တဦးအနေနဲ့ အဲဒီအချိန်က မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး လက်ရှိမှာ ညီမျှခြင်း-မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ အဲဒီတုန်းကတော့ လူငယ်စိတ်ထားနဲ့ပေါ့နော်၊ ဒီ အာဏာသိမ်းမှုကို ကျနော်တို့ လုံး၀ သည်းညည်း မခံနိုင်ဘူး။ သူတို့က ကိုယ့်ရှေ့မှာ ပထမဦးဆုံး ရက်ရက်စက်စက် သွေးချောင်းစီးမတတ် သတ်ဖြတ်တာ မြင်ရတဲ့အခါမှာ စိတ်ဓါတ်တွေက ကျနော်တို့ တော်တော်ကြီးကို ပြင်းထန်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းကတော့ ကျနော်တို့က ဘာလဲဆိုတော့၊ မုန်းတီးမှုကို အခြေခံတာ။ မုန်းတီးမှုကို အခြေခံပြီး ဒီ စစ်အာဏာရှင်အစိုးရကို တိုက်ထုတ်မယ်ဆိုတဲ့ စိတ်ဓါတ်။ ဒါပေမယ့် ၃၁ နှစ် ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဘာမြင်လာလဲဆိုတော့ ဒီ အစိုးရအပြောင်းအလဲတခုနဲ့ ကျနော်တို့ ဘယ်လိုမှ ဒီမိုကရေစီကို မသွားနိုင်ဘူး။ အစိုးရ စနစ်တွေလည်း ပြောင်းဖို့လိုအပ်သလို ပြည်သူ လူထုကလည်း ဒီ အာဏာရှင်စနစ်ကို လုံး၀ လက်မခံဘဲနဲ့ စိတ်ဓါတ်တွေရှိဖို့ လိုအပ်တယ်ဆိုတာကို ပိုပြီးတော့ မြင်လာတယ်။”

ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းရှင်လူ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတာကြောင့် မြန်မာနိုင်ငံမှာလက်ရှိအခြေအနေရောက်အောင် ပြုပြင် ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ ဖြစ်လာတယ်ဆိုတာ မျိုးဆက်သစ်တွေ သိဖို့လိုအပ်ကြောင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုက ကိုမြအေးကလည်း ပြောပါတယ်။

“၈၈ လူထုအရေးတော်ပုံကြီး ဒုံးဆို ဖြစ်လိုက်ပြီးတော့မှ ချက်ခြင်းမီးကို ရေနဲ့ငြိမ်းသတ်လိုက်သလို ပြီးသွားတဲ့ကိစ္စမျိုး မဟုတ်ဘူးလေ။ ကျနော်မြင်တာလေ။ ၈၈ လူထုအရေးတော်ပုံကြီးမှာ ပေတရာလမ်းမပေါ်မှာ စွန့်လွတ်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ သွေးတွေ၊ ရဟန်းရှင်လူ သံဃာပြည်သူတွေရဲ့ သွေးတွေ များစွာရှိတယ်ဗျ။ နောက်တချက်ကဘာလဲဆိုတော့ တောထဲ၊ တောင်ထဲရောက်ပြီး ဘဝပျက်သွားတဲ့သူတွေ၊ တိုက်ပွဲမှာကျတဲ့လူတွေ များစွာရှိတယ်။ ထောင်နံရံလေးဘက်ကြားထဲရောက်ပြီး ဘဝပျက်တဲ့ မိသားစုတွေ၊ တကွဲတပြားဖြစ်သွားတဲ့ မိသားစုတွေ အများကြီးရှိတယ်။ တနိုင်ငံလုံးမှာဖြစ်တာ၊ ဒါက။ အဲဒီတော့ အဲဒီလိုမျိုး ပေးဆပ်ခဲ့တဲ့ ကြီးကျယ်တဲ့၊ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန်ကို ကြီးကျယ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့သမိုင်း ဖြတ်သန်းမှုကိုတော့ နောက်လူတွေက သိဖို့လိုတယ်။”

အဲဒီလို အသက်ပေါင်း ထောင်နဲ့ချီဆုံးရှုံးခဲ့ရပေမယ့်လည်း ကနေ့အချိန် အဲဒီလူတွေအတွက် ဥပဒေနဲ့ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ဖော်ဆောင်မပေးနိုင်သေးဘူးလို့ ညီမျှခြင်း-မြန်မာရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။

“အခုချိန်ထိ ကျနော်တို့ ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်းတဲ့အချိန်မှာ သေဆုံးသူတွေအတွက် Justice လို့ခေါ်တဲ့၊ ဒီ တရားဥပဒေကို ကျနော်တို့ မဖော်ဆောင်နိုင်ခဲ့သေးဘူး။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှန်က ဘာတွေလဲ၊ ဘယ်လောက်သေဆုံးခဲ့လဲ၊ သူတို့ရဲ့ ထိခိုက်နစ်နာမှုကို နောက်ထပ်တက်လာတဲ့ ဒီမိုကရေစီအစိုးရက ဘယ်လောက်အထိ အသိအမှတ်ပြုပြီးတော့ ပြန်လည်ပေးဆပ်မှုတွေ ရှိမလဲ။ အဲဒါ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ ရှင်းရှင်းပြောမယ်ဗျာ၊ ၈၈ မှာ လမ်းပေါ်မှာ သေဆုံးခဲ့တဲ့သူ ဘယ်လောက်အထိလဲဆိုတဲ့ စာရင်းတောင်မှ ကျနော်တို့ မထွက်လာသေးဘူး။”

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ သမိုင်းအစစ်အမှန်တွေ ပေါ်ပေါက်လာရေးအပါအဝင် နောင် မျိုးဆက်သစ် လူငယ်တွေ ရှစ်လေးလုံးအတွင်း ပေးဆပ်ခဲ့ကြတာတွေကို ပြန်ပြောင်းအမှတ်ရစေနိုင်မယ့် ပြတိုက်၊ အထိမ်းအမှတ်တွေကို ဦးဆောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုက ကိုမြအေးက ပြောပါတယ်။

“အမျိုးသားဒီုမကိရေစီအဖွဲ့ချုပ်ကလည်း ရှစ်လေးလုံးကြီးက မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်သလို၊ ရှစ်လေးလုံးမှာလည်း လူထုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့လူတွေလည်း ဖြစ်ပါတယ်။ ကျနော်မြင်တာလေ။ အဲဒီတော့ ရှစ်လေးလုံးသမိုင်းဆိုတာက တအုပ်စု၊ တဖွဲ့တစည်းပိုင် မဟုတ်ဘူးလေ။ မြန်မာနိုင်ငံ တနံတလျှားလုံးဖြစ်လာခဲ့တဲ့ကိစ္စဆိုတော့ ဒီသမိုင်းနဲ့ပတ်သက်ပြီး ကျနော်တို့က အထွတ်အမြတ် ထားရမယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဆိုင်ရာ သမိုင်းကိုလည်း မှန်မှန်ကန်ကန် မျှမျှတတ ပြုစုဖို့လည်း အစိုးရက ဦးဆောင်သင့်တယ်လို့ ကျနော်မြင်တယ်။”

အစောပိုင်းကာလတွေက စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြည်တွင်း ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပေမယ့်လည်း အခုနောက်ပိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့သူတွေရော၊ နောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာကြတဲ့ မျိုးဆက်သစ်လူငယ်တွေကပါ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကို ကန့်ကွက်ဆန္ဒပြတာတွေ၊ အခမ်းအနားတွေ ကျင်းပလေ့မရှိတော့တာကြောင့် ဒီကိစ္စဟာ ကနေ့ခေတ် လူငယ်ထုအကြားမှာ တဖြည်းဖြည်းနဲ့ မှေးမှိန်း ကွယ်ပြောက်စ ပြုလာနေတာပါ။

ဒါကြောင့်လည်း ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဒီမိုကရေစီရေးအတွက် အသက်ပေးလှုသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့ ပေးဆပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မှားယွင်းခဲ့တဲ့ အတိတ်ကဖြစ်ရပ်တွေကို သမိုင်းသင်္ခန်းစာတခုအဖြစ် မျိုးဆက်သစ် လူငယ်တွေ လေ့လာ သိရှိနိုင်ရေးအတွက်ပါ ရည်ရွယ်ပြီး ရှစ်လေးလုံးအရေးတော်ပုံနဲ့သက်ဆိုင်တဲ့ သမိုင်းပြတိုက်၊ အထိမ်းအမှတ် ကျောက်တိုင်တွေကို အစိုးရက ဦးဆောင်ပြီး တည်ဆောက်ပေးဖို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

စစ္အာဏာသိမ္းႏွစ္ပတ္လည္နဲ႔ သမိုင္းသင္ခန္းစာ
please wait

No media source currently available

0:00 0:05:03 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG