သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီပဲယင္းၿမိဳ႕နယ္ လံုၿခံဳေရး နွင္႔ လူထုထိပ္တိုက္ ပဋိပကၡ


ဒီပဲယင္းၿမိဳ႕ဆႏၵျပပြဲ (ဓါတ္ပံု - Citizen Journalist)

(Zawgyi/Unicode)

ဒီပဲယင္းၿမဳိ႕နယ္မွာ ဆႏၵျပ ျပည္သူေတြနဲ႔ ရဲတပ္ဖဲြ႔ဝင္ေတြၾကား ပဋိပကၡျဖစ္ရာက ရဲႏွစ္ဦး ေသဆုံးသြားတဲ့အတြက္ က်ဴးလြန္သူေတြလို႔ သံသယရွိိတဲ့ေက်းရြာေတြကို စစ္တပ္အင္အားနဲ႔ လာေရာက္ဝိုင္းထားၿပီး အထူးသျဖင့္ တည္ေတာေက်းရြာကို စစ္တပ္က ဝင္ေရာက္ပစ္ခတ္ လုယက္ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့တယ္လို႔ ေဒသခံေတြကေျပာတဲ့အေၾကာင္းကို ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္ ဒီပဲယင္းၿမိဳ႕ေပၚမွာ အနီးဝန္းက်င္ေက်းရြာ အုပ္စု(၇)စုက စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပသူေတြ ၾကာသပေတးတုန္းက ဆႏၵျပၾကၿပီး အျပန္လမ္းမွာ ဖုတ္ထန္းေတာရြာအနီး ပဋိပကၡျဖစ္ေပၚရာက ရဲတပ္ဖြဲ႔ဝင္(၂)ဦး ေသဆုံးၿပီး ရဲစခန္းတာဝန္ခံ အရာရွိတဦး ဒဏ္ရာျပင္းထန္တဲ့အြက္ ေဆးရုံတင္ကုသထားေၾကာင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ထိန္းခ်ဳပ္ထားတဲ့ MRTV ညသတင္းမွာ ေၾကညာခဲ့တာပါ။

" ေန႔လည္ ၁ နာရီက ဒီပဲယင္းၿမဳိ႕နယ္ မူးကန္းနယ္ေျမရဲစခန္းမွာ စခန္းတာဝန္ခံအရာရွိနဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ ၂ ဦးဟာ ၄င္းစခန္းမွာ အမႈဖြင့္ထားတဲ့ ရဲအမႈတဲြမ်ားအား ဒီပဲယင္းၿမဳိ႕နယ္တရားရုံးသို႔ ဥပေဒအႀကံေပး ေတာင္းခံရန္နဲ႔ ၊ စခန္းျဖဳတ္သိမ္းေရး ကိစၥရပ္မ်ား တင္ျပ ေဆာင္ရြက္ရန္ ရဲစခန္းမွထြက္ခြာလာရာမွာ ဒီပဲယင္းၿမဳိ႕နယ္ ဖုတ္ထန္းေတာေက်းရြာအနီး ေရာက္ရွိစဥ္မွာ လူစုလူေဝး အၾကမ္းဖက္အင္အား ၁၀၀ ခန္႔က ရဲတပ္ဖြဲ႔ဝင္မ်ား ေမာင္းႏွင္စီးနင္းလာတဲ့ကားကို ဝိုင္းဝန္းပိတ္ဆို႔ တားဆီးၿပီး၊ လိုက္ပါလာတဲ့ တပ္ဖြဲ႔ဝင္ ၃ ဦးကို ကားေပၚက ဆဲြခ်ကာ ဒုတ္ဓါးမ်ားျဖင့္ ဝိုင္းဝန္းရုိက္ႏွက္ ထိုးခုတ္ခဲ့ေၾကာင္း သိရပါတယ္။ ၄င္းျဖစ္စဥ္အရ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ ၂ ဦး ဒဏ္ရာျပင္းထန္စြာရရွိကာ ေနရာမွာ ေသဆုံးခဲ့ၿပီး စခန္းတာဝန္ခံ အရာရွိမွာ ဓါးဒဏ္ရာ(၇)ခ်က္နဲ႔ ျပင္းထန္စြာရရွိခဲ့တဲ့အတြက္ နယ္ေျမခံ တပ္မေတာ္ ေဆးရုံသို႔ ပို႔ေဆာင္ ကုသေပးလွ်က္ ရွိေနပါတယ္။ "

တကယ္ေတာ့ ၿမဳိ႕ေပၚကေန ဆႏၵျပၿပီး ျပန္လာသူေတြကုိ တင္ေဆာင္လာတဲ့ကားနဲ႔ ရဲကားတို႔ ခ်ိတ္မိရာက အခ်င္းမ်ားၿပီး ဆႏၵျပလူထုက ရဲတပ္ဖဲြ႔ဝင္ေတြကို ဓါးနဲ႔ ဝင္ခုတ္တဲ့ျဖစ္ရပ္ ေပၚေပါက္ခဲ့တာလို႔ အမည္မေဖၚလိုတဲ့ မ်က္ျမင္တဦးက VOA ကို ေျပာပါတယ္။

" က်ေနာ္တို႔ ဒီပဲယင္းမွာ ဆႏၵျပၿပီး ျပန္လာၾကတာေလ။ အဲဒါနဲ႔ ရဲကားက ေနာက္ကေန လိုက္လာတာဗ်။ ေနာက္ကေန လုိက္လာၿပီး သူတို႔က ေက်ာ္တက္ဖို႔ ဟြန္းတီးတယ္ က်ေနာ္တို႔ကလည္း ေရွာင္ေပးတယ္။ အဲဒီမွာ လမ္းကက်ဥ္းတဲ့ခါက်ေတာ့ နည္းနည္း ကားခ်င္း ညိသြားတာေပါ့။ အဲဒီမွာ ဆႏၵျပသူေတြကလည္းပါေတာ့ ေအာ္ဟစ္ၾကတယ္။ ေအာ္လုိက္တဲ့အခ်ိန္မွာ ရဲတေယာက္က ေသနတ္နဲ႔ ထုတ္ပစ္လုိက္တယ္။ ပစ္တဲ့အခ်ိန္မွာ ကားေပၚပါတဲ့ ျပည္သူေတြက ဆင္းၿပီးေတာ့ ရဲေတြကို ဓါးနဲ႔ဝင္ခုတ္တယ္။ အဲဒီမွာ ၂ ေယာက္က က်သြားတယ္။ တေယာက္က လတ္သြားတယ္။ အဲဒီေနာက္ က်ေနာ္တို႔လည္း ျပန္လာလိုက္တယ္။ ျပန္လာၿပီး ညေန ၃ နာရီေက်ာ္ ၄ ေလာက္ေရာက္ေတာ့ စစ္ကား ၆ စီးနဲ႔ အခ်ဳပ္ကား တစီးက်ေနာ္တုိ႔ ရြာေတြဘက္ ေရာက္လာတယ္။ အဲဒီမွာ စစ္သား အေယာက္(၆၀)ေက်ာ္ပါလာတယ္။ အဲ့မွာ ေက်းရြာေတြကိုဝင္လာၿပီးေတာ့ ေသနတ္ အခ်က္ ၅၀ ေလာက္ ေဖါက္တယ္။ ေစ်းဆိုင္ေတြလည္း ဖ်က္ဆီးသြားတယ္။ ကားေတြလည္း ဖ်က္ဆီးသြားတယ္။ အိမ္ေတြကိုလည္း ေသနတ္နဲ႔ပစ္တယ္ မိုးေပၚလည္း ေထာင္ေဖါက္တယ္။ ၿပီးေတာ့ သတၱိရွိရင္ထြက္ခဲ့ဆိုၿပီး စိန္ေခၚတယ္။ လူေတြေတာ့ မထိဘူးေပါ့။ ၿပီးရင္ ရြာထဲရွိတဲ့ ဆန္အိတ္ေတြ ထမ္းယူသြားတယ္။ ၿပီးေတာ့ ရြာထဲရွိတဲ့ လူ(၆)ဦးလည္း ဖမ္းသြားတယ္ေပါ့ အိမ္ထဲကေနဆြဲေခၚ ဖမ္းသြားတာ၊ လူငယ္ ၄ ေယာက္ လူႀကီး ၂ ေယာက္ပါသြားတယ္။ "

အခုလို တည္ေတာေက်းရြာခံ တခ်ဳိ႕ အဖမ္းဆီးခံလုိက္ရတာကို ျပန္လည္လႊတ္ေပးဖို႔အတြက္ ဒီပဲယင္းၿမဳိ႕ေပၚက ျပည္သူေတြေရာ အျခား အနီးဝန္းက်င္ ရြာေတြက ျပည္သူေတြပါ စစ္ကားေတြေနာက္ ေျခရာခံလုိက္ခဲ့ေပမယ့္ အဆက္ျပတ္သြားခဲ့တယ္လို႔ ဒီပဲယင္းၿမဳိ႕ခံ တဦးကလည္း VOA ကို ေျပာပါတယ္။

" စစ္တပ္က မဲတာက အဲဒီ တည္ေတာရြာကိုဝင္တယ္ ေသနတ္ေဖါက္တယ္။ တည္ေတာကို ဗဟုိထားရင္ မူးကန္းဖက္ကလည္း ပိတ္ထားတယ္ ေညာင္လွရြာဖက္ကလည္း ပိတ္ထားတယ္။ ဟုိဘက္သည္ဘက္ က်ေနာ္တို႔လူထုက ပိတ္ထားတယ္ေပါ့။ အဲဒီမွာ သူတို႔က ဒီပဲယင္းဖက္ကေန ရဲကား စစ္ကား အခ်ဳပ္ကားေတြလာတယ္။ တည္ေတာကိုဝင္ၿပီး ေသနတ္ေတြ ေဖါက္တယ္။ ေညာင္လွ၊ မူးကန္း၊ တည္ေတာကို ေရာက္ေနတဲ့ စစ္သားေတြကို က်ေနာ္တို႔က ဟိုဖက္ဒီဖက္ ပိတ္ထားေတာ့ သူတို႔ျပန္ထြက္လို႔ မရျဖစ္သြားၿပီး တပ္ကူေခၚလိုက္ခ်ိန္မွာ ေနာက္ထပ္ စစ္ကား ၇ စီးေရာက္လာတယ္ေပါ့။ ေရာက္လာၿပီး အဖမ္းခံရတဲ့ ဓါးစာခံ(၇)ဦးပါသြားတယ္။ က်ေနာ္တုိ႔က ေဘးကေန ေစာင့္ေနၿပီးေတာ့ ရတဲ့နည္းနဲ႔ လစ္ရင္ ဝင္လုမယ္ဆိုတဲ့အခ်ဳိးမ်ဳိး ရံထားၾကတာေပါ့ဗ်ာ။ သူတို႔ ေခၚသြားေတာ့ ခု က်ေနာ္တို႔က လုိက္ၿပီးလုလို႔ မရေတာ့ဘူးေပါ့။ အခုေတာ့ က်ေနာ္တို႔ ျပန္လာၿပီေပါ့။ "

လက္ရွိမွာေတာ့ အခင္းျဖစ္ပြားခဲ့တဲ့ မူးဆုံလမ္း ေက်း႐ြာေတြျဖစ္တဲ့ ဖုတၳန္းေတာ၊ တည္ေတာ၊ သရက္ကန္၊ ေညာင္လွ ေက်း႐ြာပတ္ပတ္လည္ကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႔က တပ္စြဲထားေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဒီပဲယင်းမြို့နယ် လုံခြုံရေး နှင့် လူထုထိပ်တိုက် ပဋိပက္ခ

(Unicode)

ဒီပဲယင်းမြို့နယ်မှာ ဆန္ဒပြ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်ရာက ရဲနှစ်ဦး သေဆုံးသွားတဲ့အတွက် ကျူးလွန်သူတွေလို့ သံသယရှိတဲ့ကျေးရွာတွေကို စစ်တပ်အင်အားနဲ့ လာရောက်ဝိုင်းထားပြီး အထူးသဖြင့် တည်တောကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ် လုယက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောတဲ့အကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ပေါ်မှာ အနီးဝန်းကျင်ကျေးရွာ အုပ်စု(၇)စုက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေ ကြာသပတေးတုန်းက ဆန္ဒပြကြပြီး အပြန်လမ်းမှာ ဖုတ်ထန်းတောရွာအနီး ပဋိပက္ခဖြစ်ပေါ်ရာက ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးပြီး ရဲစခန်းတာဝန်ခံ အရာရှိတဦး ဒဏ်ရာပြင်းထန်တဲ့အွက် ဆေးရုံတင်ကုသထားကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ထိန်းချုပ်ထားတဲ့ MRTV ညသတင်းမှာ ကြေညာခဲ့တာပါ။

" နေ့လည် ၁ နာရီက ဒီပဲယင်းမြို့နယ် မူးကန်းနယ်မြေရဲစခန်းမှာ စခန်းတာဝန်ခံအရာရှိနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဟာ ၎င်းစခန်းမှာ အမှုဖွင့်ထားတဲ့ ရဲအမှုတွဲများအား ဒီပဲယင်းမြို့နယ်တရားရုံးသို့ ဥပဒေအကြံပေး တောင်းခံရန်နဲ့ ၊ စခန်းဖြုတ်သိမ်းရေး ကိစ္စရပ်များ တင်ပြ ဆောင်ရွက်ရန် ရဲစခန်းမှထွက်ခွာလာရာမှာ ဒီပဲယင်းမြို့နယ် ဖုတ်ထန်းတောကျေးရွာအနီး ရောက်ရှိစဉ်မှာ လူစုလူဝေး အကြမ်းဖက်အင်အား ၁၀၀ ခန့်က ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်စီးနင်းလာတဲ့ကားကို ဝိုင်းဝန်းပိတ်ဆို့ တားဆီးပြီး၊ လိုက်ပါလာတဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ကားပေါ်က ဆွဲချကာ ဒုတ်ဓါးများဖြင့် ဝိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ နေရာမှာ သေဆုံးခဲ့ပြီး စခန်းတာဝန်ခံ အရာရှိမှာ ဓါးဒဏ်ရာ(၇)ချက်နဲ့ ပြင်းထန်စွာရရှိခဲ့တဲ့အတွက် နယ်မြေခံ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ကုသပေးလျှက် ရှိနေပါတယ်။ "

တကယ်တော့ မြို့ပေါ်ကနေ ဆန္ဒပြပြီး ပြန်လာသူတွေကို တင်ဆောင်လာတဲ့ကားနဲ့ ရဲကားတို့ ချိတ်မိရာက အချင်းများပြီး ဆန္ဒပြလူထုက ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ ဝင်ခုတ်တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာလို့ အမည်မဖေါ်လိုတဲ့ မျက်မြင်တဦးက VOA ကို ပြောပါတယ်။

" ကျနော်တို့ ဒီပဲယင်းမှာ ဆန္ဒပြပြီး ပြန်လာကြတာလေ။ အဲဒါနဲ့ ရဲကားက နောက်ကနေ လိုက်လာတာဗျ။ နောက်ကနေ လိုက်လာပြီး သူတို့က ကျော်တက်ဖို့ ဟွန်းတီးတယ် ကျနော်တို့ကလည်း ရှောင်ပေးတယ်။ အဲဒီမှာ လမ်းကကျဉ်းတဲ့ခါကျတော့ နည်းနည်း ကားချင်း ညိသွားတာပေါ့။ အဲဒီမှာ ဆန္ဒပြသူတွေကလည်းပါတော့ အော်ဟစ်ကြတယ်။ အော်လိုက်တဲ့အချိန်မှာ ရဲတယောက်က သေနတ်နဲ့ ထုတ်ပစ်လိုက်တယ်။ ပစ်တဲ့အချိန်မှာ ကားပေါ်ပါတဲ့ ပြည်သူတွေက ဆင်းပြီးတော့ ရဲတွေကို ဓါးနဲ့ဝင်ခုတ်တယ်။ အဲဒီမှာ ၂ ယောက်က ကျသွားတယ်။ တယောက်က လတ်သွားတယ်။ အဲဒီနောက် ကျနော်တို့လည်း ပြန်လာလိုက်တယ်။ ပြန်လာပြီး ညနေ ၃ နာရီကျော် ၄ လောက်ရောက်တော့ စစ်ကား ၆ စီးနဲ့ အချုပ်ကား တစီးကျနော်တို့ ရွာတွေဘက် ရောက်လာတယ်။ အဲဒီမှာ စစ်သား အယောက်(၆၀)ကျော်ပါလာတယ်။ အဲ့မှာ ကျေးရွာတွေကိုဝင်လာပြီးတော့ သေနတ် အချက် ၅၀ လောက် ဖေါက်တယ်။ ဈေးဆိုင်တွေလည်း ဖျက်ဆီးသွားတယ်။ ကားတွေလည်း ဖျက်ဆီးသွားတယ်။ အိမ်တွေကိုလည်း သေနတ်နဲ့ပစ်တယ် မိုးပေါ်လည်း ထောင်ဖေါက်တယ်။ ပြီးတော့ သတ္တိရှိရင်ထွက်ခဲ့ဆိုပြီး စိန်ခေါ်တယ်။ လူတွေတော့ မထိဘူးပေါ့။ ပြီးရင် ရွာထဲရှိတဲ့ ဆန်အိတ်တွေ ထမ်းယူသွားတယ်။ ပြီးတော့ ရွာထဲရှိတဲ့ လူ(၆)ဦးလည်း ဖမ်းသွားတယ်ပေါ့ အိမ်ထဲကနေဆွဲခေါ် ဖမ်းသွားတာ၊ လူငယ် ၄ ယောက် လူကြီး ၂ ယောက်ပါသွားတယ်။ "

အခုလို တည်တောကျေးရွာခံ တချို့ အဖမ်းဆီးခံလိုက်ရတာကို ပြန်လည်လွှတ်ပေးဖို့အတွက် ဒီပဲယင်းမြို့ပေါ်က ပြည်သူတွေရော အခြား အနီးဝန်းကျင် ရွာတွေက ပြည်သူတွေပါ စစ်ကားတွေနောက် ခြေရာခံလိုက်ခဲ့ပေမယ့် အဆက်ပြတ်သွားခဲ့တယ်လို့ ဒီပဲယင်းမြို့ခံ တဦးကလည်း VOA ကို ပြောပါတယ်။

" စစ်တပ်က မဲတာက အဲဒီ တည်တောရွာကိုဝင်တယ် သေနတ်ဖေါက်တယ်။ တည်တောကို ဗဟိုထားရင် မူးကန်းဖက်ကလည်း ပိတ်ထားတယ် ညောင်လှရွာဖက်ကလည်း ပိတ်ထားတယ်။ ဟိုဘက်သည်ဘက် ကျနော်တို့လူထုက ပိတ်ထားတယ်ပေါ့။ အဲဒီမှာ သူတို့က ဒီပဲယင်းဖက်ကနေ ရဲကား စစ်ကား အချုပ်ကားတွေလာတယ်။ တည်တောကိုဝင်ပြီး သေနတ်တွေ ဖေါက်တယ်။ ညောင်လှ၊ မူးကန်း၊ တည်တောကို ရောက်နေတဲ့ စစ်သားတွေကို ကျနော်တို့က ဟိုဖက်ဒီဖက် ပိတ်ထားတော့ သူတို့ပြန်ထွက်လို့ မရဖြစ်သွားပြီး တပ်ကူခေါ်လိုက်ချိန်မှာ နောက်ထပ် စစ်ကား ၇ စီးရောက်လာတယ်ပေါ့။ ရောက်လာပြီး အဖမ်းခံရတဲ့ ဓါးစာခံ(၇)ဦးပါသွားတယ်။ ကျနော်တို့က ဘေးကနေ စောင့်နေပြီးတော့ ရတဲ့နည်းနဲ့ လစ်ရင် ဝင်လုမယ်ဆိုတဲ့အချိုးမျိုး ရံထားကြတာပေါ့ဗျာ။ သူတို့ ခေါ်သွားတော့ ခု ကျနော်တို့က လိုက်ပြီးလုလို့ မရတော့ဘူးပေါ့။ အခုတော့ ကျနော်တို့ ပြန်လာပြီပေါ့။ "

လက်ရှိမှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ မူးဆုံလမ်း ကျေးရွာတွေဖြစ်တဲ့ ဖုတ္ထန်းတော၊ တည်တော၊ သရက်ကန်၊ ညောင်လှ ကျေးရွာပတ်ပတ်လည်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က တပ်စွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG