သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက စိတ်ကြွဆေး ၅ တန်ခွဲ အိန္ဒိယရေပိုင်နက်မှာ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးမီးရှို့အခမ်းအနား (ရန်ကုန်) (ဇွန် ၂၆၊ ၂၀၂၃)
မူးယစ်ဆေးဝါးမီးရှို့အခမ်းအနား (ရန်ကုန်) (ဇွန် ၂၆၊ ၂၀၂၃)

စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ မက်သာအက်ဖာတမင်း(methamphetamine) မူးယစ်ဆေး ၅ ဒသမ ၅ တန်ကို အိန္ဒိယကမ်းခြေစောင့်တပ်က အင်္ဂါနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဒါဟာပမာဏအများဆုံးဖမ်းဆီးမိတာဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်တွေက ထုတ်ဖေါ်ကြေညာပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်က လေကြောင်းကနေထောက်လှမ်းရာမှာ မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေ တစီး မြန်မာနဲ့အိန္ဒိယရေပိုင်နက်အစပ်မှာတွေ့ရှိခဲ့ရတဲ့အတွက် တနင်္ဂနွေနေ့မနက်အစောပိုင်းကတည်းက ကမ်းခြေစောင့်သင်္ဘောတစီးကို စေလွှတ်ထားခဲ့တာဖြစ်တယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံသား ၆ ဦးလိုက်ပါလာတဲ့ ဒီငါးဖမ်းစက်လှေကို အိန္ဒိယရေပိုင်နက်အတွင်း ဝင်ရောက်လာစဉ် ဖမ်းဆီးခဲ့ပြီး စက်လှေပေါ်မှာ တရားမဝင်မူးယစ်ဆေး ၅၅၀၀ ကီလိုဂရမ်ကိုဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါ တယ်။ဖမ်းမိတဲ့ငါးဖမ်းစက်လှေကိုတော့ အိန္ဒိယရေတပ်စခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်သူတွေဟာ တရုတ်နဲ့ထိုင်းကိုဖြတ်ပြီး ကုန်းလမ်းကနေသယ်ဆောင်ရာမှာ လုံခြုံရေးတင်းကြပ်လာမှုကြောင့် ရေကြောင်းကနေ ပြောင်းလဲသယ်ယူတာတွေများလာနေပါတယ်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုစောင့်ကြည့်ရေးရုံး UNODC ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ရှေ့တောင်အာရှအတွင်း မူးယစ်ဆေးဝါးတန်ချိန် ၁၉၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက စိတ်ကြွဆေး ၅ တန်ခွဲ အိန္ဒိယရေပိုင်နက်မှာ ဖမ်းဆီးရမိ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG