သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ မြန်မာနွယ်ဖွားလားဟူတိုင်းရင်းသားတဦး စိတ်ကြွဆေးပြားနှစ်သန်းနဲ့ဖမ်းဆီးရမိ


In Thailand, a Lahu ethnic group of Burmese origin was arrested with two million methamphetamine (Photo: Royal Thai Police)
In Thailand, a Lahu ethnic group of Burmese origin was arrested with two million methamphetamine (Photo: Royal Thai Police)

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် Fang District၊ ဖန်မြို့ နယ်အတွင်းက ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းလာတဲ့ ပစ်ကပ်ကားငယ်တစီးကို နယ်စပ်စစ်ဆေးရေးဂိတ်ကနေ လိုက်လံဖမ်းဆီးရာမှာ မြန်မာနွယ်ဖွား လားဟူတိုင်းရင်းသားတဦးကို ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား နစ်သန်းနဲ့ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် Fang District၊ ဖန်မြို့နယ်အတွင်းမှာ မေလ ၂၂ ရက်နေ့မနက်ပိုင်းက ရဲစစ်ဆေးရေးဂိတ်မှာ အစစ်မခံပဲ ဖြတ်မောင်းပြေးတဲ့ ပစ်ကပ်ကားငယ်တစ်စီးကို ရဲတပ်ဖွဲ့၀င် တွေကနောက်ကနေ အမှီလိုက်ပြီး ဖမ်းဆီးခဲ့တာပါ။ မောင်းပြေးတဲ့ကားဟာ မယ်အိုင်းမြို့နယ် အရောက်မှာ လမ်းမနံဘေးက အတားဆီးကို၀င်တိုက်ပြီး ရပ်တန့်သွားခဲ့ ပါတယ်။ ရဲတပ်ဖွဲ့၀င်တွေဟာ ကားမောင်းပြေးတဲ့ အသက် ၄၀ အရွယ်၊ မြန်မာနွယ်ဖွား လားဟူ တိုင်းရင်းသားနဲ့ဖမ်းဆီးရာမှာ ကားပေါ်မှာပါလာတဲ့ ဆာလာအိတ် ၂၀ အတွင်းက ၉၉၉ အမှတ်တံဆိပ် ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၂သန်းကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ကားမောင်းတဲ့ သူရဲ့ ၀န်ခံထွက်ဆိုချက်အရ အခုလိုသယ်ဆောင်လာတာဟာ ဒုတိယအကြိမ် ဖြစ်ပြီး သယ်ဆောင်ခအဖြစ် ဘတ်ငွေ သုံးသောင်းနဲ့ မူးယစ်မှောင်ခိုသမားတဦးက ဌားရမ်းခဲ့တာလို့လည်း ဖန်မြို့နယ် ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

အမှတ်၃ စစ်‌‌ဒေသ ဗိုလ်ချုပ် Woraphat Bunma က "ဖမ်းမိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးတွေ အများဆုံး ၀င်လာ‌နေတာကတော့ မဲဆိုင်မြို့ဖြစ်ပြီး ရရှိတဲ့သတင်းတွေအရ မယ်ဆိုင်မြို့မှာ မူးယစ်ဆေးဝါးတွေကို တထောက်နားပြီး ထိုင်းနိုင်ငံအတွင်းပိုင်းတွေဆီ ပုံစံမျိုးစုံနဲ့ သယ်ဆောင်နေပါတယ်။ နောက်နိုင်ငံတကာအထိ အောင်သယ်ဆောင် ပို့ဆောင်နေကြတာပါလို့ ထိုင်းဘာသာနဲ့ပြောဆိုသွားပါတယ်။

ထိုင်းမြန်မာ နယ်စပ် ချင်းမိုင်နဲ့ ချင်းရိုင်ခရိုင်တွေ မှာ ခုလို စိတ်ကြွဆေးပြား တွေ ဖမ်းမိတာဟာ တပါတ်အတွင်း စိတ်ကြွေးအရေအတွက်သန်း ၃၀ကျော် ရှိနေပြီး အများစုဟာ မြန်မာ နယ်စပ်ကနေ ၀င်ရောက်လာတာလို့လည်း အမှတ်၃ စစ်‌‌ဒေသဗိုလ်ချုပ် Maj. Gen. Woraphat Bunma က သတင်းထုတ်ပြန် ပြောဆိုသွားပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့ကလည်း ပြည်သူ့ကျန်းမာရေးဝန်ကြီး မစ္စတာ ဆွန်ဆက် သက်ဆူသင်းက မူးယစ်ဆေးဝါး နဲ့ပတ်သက်လို့ ပြင်ဆင်တဲ့ ဥပဒေအသစ်မှာ စိတ်ကြွဆေး တပြား ကိုလက်၀ယ်တွေခဲ့ရင်တောင် မူးယစ်သုံးစွဲသူအဖြစ် သတ်မှတ်မှာမဟုတ်ပဲ အရေးယူ သွားမှာဖြစ်တယ်လို့ပြောခဲ့တာပါ။

မူးယစ်ဆေးဝါး ဖမ်းမိအောင်သတင်းပေးတဲ့ ပြည်သူတွေကိုလည်း ဖမ်းမိမူးယစ်ဆေးဝါးတန်ဖိုးရဲ့၅ ရာခိုင်နှုံးကိုဆုကြေးအဖြစ်ပေးမှာဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG