သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒေါ်လာ သန်း ၆၈၀ တန်ဖိုး မူးယစ်ဆေးများ မြန်မာအာဏာပိုင် ဖျက်ဆီး


မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)
မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိတဲ့ ဖမ်းမိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ဓာတုပစ္စည်းတွေကို မြန်မာစစ်ကောင်စီက ဒီကနေ့ မီးရှို့ဖျက်ဆီးပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ တရားမဝင် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတကာနေ့ အထိမ်းအမှတ် ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ အခုလို မီးရှို့ဖျက်ဆီးတာပါ။

မီးရှို့ဖျက်ဆီးခဲ့တဲ့ထဲမှာ ဘိန်း၊ ဆေးခြောက်၊ မက်သ်အမ်ဖက်တမင်းနဲ့ ကီတမင်းတို့ ပါဝင်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ မူးယစ်ဆေးဝါး အမြောက်အမြားကို စံချိန်တင် ဖမ်းဆီးမိခဲ့တယ်ဆိုတာ ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) က အသိအမှတ်ပြု ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ရှမ်းပြည်နယ်ဟာ အာဆီယံဒေသတွင်းမှာ မက်သ်အမ်ဖက်တမင်း ထုတ်လုပ်တဲ့ အဓိကနေရာတခုအဖြစ် ဆက်ရှိနေတယ် ဆိုတာကိုလည်း UNODC က ပြောထားပါတယ်။ ရှမ်းပြည်နယ်ကထုတ်တဲ့ မက်သ်အမ်ဖက်တမင်းတွေကို ဆက်ပြီး သယ်ဆောင် ဖြန့်ဖြူးပေးနေတဲ့ အဓိကကြားခံနိုင်ငံက လာအိုနိုင်ငံ ဖြစ်တယ်လို့လည်း UNODC က ပြောပါတယ်။

COVID-19 ကြောင့် အသွားအလာတွေကို ကန့်သတ်ထားတဲ့ကြားမှာပဲ ရာဇဝတ်ဂိုဏ်းတွေက အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံတွင်းမှာ တရားမဝင် မူးယစ်ဆေးဝါး တိုးချဲ့ ထုတ်လုပ်နေကြတယ်လို့ UNODC က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုက ဒီအခြေအနေကို ပိုဆိုးရွားလာစေသလို ရဲလုပ်ငန်းနဲ့ နယ်စပ်ဒေသ စီမံခန့်ခွဲရေးတို့ကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့လည်း အတားအဆီး ဖြစ်စေတယ်လို့ UNODC က ပြောပါတယ်။

ရလဒ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက အများပြည်သူအတွက် လူထုကျန်းမာရေး အခြေအနေ ပိုဆိုးသွားစေမယ့် မူးယစ်ဆေးဝါးတွေ ပိုများလာတာပဲ ဖြစ်ပါတယ်လို့ UNODC က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG