သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဘယ္ေလာက္တိုးတက္ေနၿပီလဲ


၂၀၁၀ ခုနွစ္ ျမန္မာႏွစ္ဆန္းတရက္ေန႔က ရန္ကုန္ၿမိဳ႕ ကမၻာေအးဘုရားအနီးရွိ ငါးကန္မွာ လူအမ်ား ငါးလႊတ္ခဲ့တာေၾကာင့္ ေရကန္တြင္း ပလတ္စတစ္မ်ားျပန္႔ႀကဲေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၁၇၊ ၂၀၁၀)

[Zawgyi/Unicode]

ဒီကေန႔ကေတာ့ ကုလသမဂၢ သတ္မွတ္ထားတဲ့ အျပည္ျပည္ဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔ ျဖစ္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈ လုပ္ငန္းေတြမွာ ဘယ္လိုစိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရပါသလဲ၊ ျပည္သူေတြဘက္ကေရာ ဘယ္ေလာက္ထိ စိတ္ဝင္စားမႈ ရွိလာသလဲဆိုတာေတြကို စိမ္းလန္းအမိေျမ ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဥကၠ႒ ဦးဝင္းမ်ိဳးသူက ေျပာျပေပးမွာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးပါမယ္။

မေမခ။ ။ လက္ရွိမွာ ျပည္သူေတြဘက္က သဘာဝပတ္ဝန္းက်င္နဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ထိ ဂ႐ုျပဳထိန္းသိမ္းလာတာ ေတြ႕ရပါသလဲ။

ဦးဝင္းမ်ိဳးသူ။ ။ ရာသီဥတုေျပာင္းလဲျခင္း၊ ေနာက္ ပတ္ဝန္းက်င္ထိခိုက္ျခင္းေတြေပၚမွာ ရွိတဲ့ အျမင္သေဘာထားေပါ့ေနာ္ ... သိရွိေနတဲ့ သူတို႔ရဲ႕ ဗဟုသုတေပါ့ေနာ္ ... ဒါေတြက ျမင့္တက္လာတယ္၊ ဘယ္သူမဆိုသြားေမးလိုက္ရင္ သစ္ေတာေတြ ပ်က္တဲ့အတြက္ ရာသီဥတုကို ထိခိုက္တယ္၊ ေနာက္ ေရအရင္းျမစ္ကို ထိခိုက္တယ္၊ ေရေတြၾကီးတယ္ဆိုတာေလာက္ကေတာ့ လူတိုင္းလိုလို ကေလးက အစ ေျပာႏိုင္လာတာျဖစ္တဲ့အတြက္ ဒီအပိုင္းမွာေတာ့ မဆိုးဘူးေျပာႏိုင္ပါတယ္။ သို႔ေပမဲ့ အားလုံးသိသင့္သိထိုက္တာေတြကေတာ့သိဖို႔ အမ်ားႀကီးရွိေနပါေသးတယ္။

မေမခ။ ။ လက္ရွိမွာ သဘာဝပတ္ဝန္းက်င္ထိခိုက္ဆုံးျဖစ္တဲ့ ပလတ္စတစ္သုံးစြဲမႈပိုင္းက အိမ္နီးခ်င္းႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားေလွ်ာ့ခ်လာခ်ိန္မွာ ျမန္မာႏိုင္ငံမွာ ဒီပလတ္စတစ္ သံုးစဲြမႈက ေလွ်ာ့ခ်ႏိုင္တာ မရွိေသးဘူး။ ဒါကဘာေၾကာင့္လဲ အသိပညာေပးတာ အားနည္းေနပါလား။ သုံးစြဲမႈအေပၚဆရာဘယ္လို သုံးသပ္ပါလဲ။

ဦးဝင္းမ်ိဳးသူ။ ။ ဒီပလတ္စတစ္နဲ႔႔ ပတ္သတ္တဲ့ လူထုရဲ႕အျမင္သေဘာထားကေတာ့ ပ်မ္းမွ်လူေတြၾကားထဲမွာေတာ့ ဒါကို ငါတို႔ လိုက္နာဆင္ေျခမယ္ဆိုတဲ့ အေလ့အက်င့္ေတြကေတာ္ေတာ္ေလး အားနည္းေနတယ္။ က်ေနာ္တို႔ နယ္ေတြသြားရင္ လမ္းေတြေပၚမွာ စြန႔္ပစ္ထားတဲ့ ပလက္စတစ္ေတြ ျပန႔္ၾကဲေနတာ၊ ေရေျမာင္းေတြ ပိတ္ေနတာ၊ ျမစ္ေခ်ာင္းေတြထဲစီးေနတာ၊ တခ်ိဳ႕ဆို ဒါေတြကို မီးရႈိ႕တာ အႏၱရာယ္ရွိတဲ့ အဆိပ္ဓါတ္ေငြ႕ေတြကို သတိမထားမိတာ သတိမျပဳမိတာ၊ ဂ႐ုမစိုက္ဘဲ လုပ္ေနတာေတြက ေတာ္ေတာ္ေလးေတြ႕ေနရတယ္။ ဒီအေပၚမွာ က်ေနာ္တို႔ ေတာ္ေတာ္ေလးျပဳျပင္ယူရဦးမယ္ ထင္ပါတယ္။

မေမခ။ ။ လက္ရွိအစိုးရဘက္က သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္တာမွာ ဘယ္ေလာက္ေလာက္ထိ သတိထားလုပ္ေဆာင္တာ၊ ဒီအေပၚေသခ်ာဂ႐ုတစိုက္ လုပ္ေဆာင္တာမ်ိဳးေတြရွိပါသလဲ။

ဦးဝင္းမ်ိဳးသူ။ ။ ကိုလံဘီယာ တကၠသိုလ္ကေနထုတ္တဲ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာနဲ႔ ပတ္သတ္လို႔ ေထာင္စု ႏွစ္အတြက္ ေလ့လာတဲ့ ပေရာ္ဖက္ဆာေတြရဲ႕ အစီရင္ခံစာထုတ္ျပန္ခ်က္တခု ရက္ပိုင္းတြင္းထြက္ခဲ့တာ ရွိပါတယ္။ တကယ္တိုးတက္မႈရွိတဲ့ေအာင္ လုပ္ေဆာင္ႏိုင္တာက လုပ္ငန္း ၁ ခု၊ ၂ ခုပဲ ရွိပါတယ္။ က်န္တာက လုပ္ေဆာင္ဆဲ အမ်ားစုကေတာ့ တိုးတက္မႈမရွိတာ၊ တခ်ိဳ႕ဆို က်ဆုံးတာေတြရွိတယ္လို႔ ေျပာထားတာရွိပါတယ္။ ဒီေတာ့ လုပ္ေတာ့လုပ္ေနတယ္။ ထိေရာက္မႈ မရွိဘုူးေျပာရမွာပါ။

မေမခ။ ။ လက္ရွိသဘာဝပတ္ဝန္းက်င္နဲ႔ ပတ္သတ္တဲ့ ျပႆနာေတြမွာ အစိုးရကိုင္တြယ္မႈပိုင္း အားနည္းတယ္လို႔ ေဝဖန္မႈေတြ ရွိေနတယ္။ ဘယ္လိုေၾကာင့္အားနည္းတာလဲ ဒီအေပၚဘယ္လို ျပဳျပင္ေျပာင္းလဲရမလဲ။

ဦးဝင္းမ်ိဳးသူ။ ။ ခံယူခ်က္ကေနအရင္စရမယ္ထင္ပါတယ္။ သြားေမးရင္ေတာ့ ႏိုင္ငံေရးေခါင္းေဆာင္အကုန္လုံး ဌာနဆိုင္ရာေတြအကုန္ ဒါပဲေျပာတယ္။ တကယ္လက္ေတြ႕က်ရင္ စီးပြားေရးထိမွာ စိုးလို႔ ဘယ္လိုမူဝါဒေတြပဲ ခ်ထားခ်ထား သဘာဝပတ္ဝန္းက်င္ကို ေနာက္ကို ပစ္ပယ္လိုက္တာပါပဲ။ စီးပြားေရးဖြံၿဖိဳးလိုရင္ေတာ့ ပတ္ဝန္းက်င္ ထိမွာပဲဆိုတဲ့ ခံယူခ်က္ကို ျပင္ရမွာပါ။ ညီတူစိတ္ထားထားဖို႔ အေရးႀကီးဆုံးပါပဲ။ ညီတူစိတ္ထား မထားေတာ့ အေရးရယ္၊ အေၾကာင္းရယ္ စီးပြားေရးဘက္ကို ဘက္လိုက္တာ ရွိေနတာေပါ့ဗ်ာ။

မေမခ။ ။ လက္ရွိျမန္မာႏိုင္ငံရဲ႕သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးမွာ ဘယ္လိုစိန္ေခၚမႈက အႀကီးမားဆုံး စိန္ေခၚမႈပါလဲ။

ဦးဝင္းမ်ိဳးသူ။ ။ စိန္ေခၚခ်က္အႀကီးဆုံးအေနနဲ႔ ေျပာပါဆိုရင္ က်ေနာ္တို႔ ရင္ဆိုင္ရတာက သစ္ေတာျပဳန္းတီးျခင္းလို႔ ေျပာခ်င္ပါတယ္။ ဒါကို အေလးထားေဆာင္႐ြက္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

မေမခ။ ။ ဒီလိုစိန္ေခၚခ်က္ေတြကို က်မတို႔ ဘယ္လို အေျဖရွာ ေျဖရွင္းသင့္ပါလဲ ဆရာ။

ဦးဝင္းမ်ိဳးသူ။ ။ သစ္ေတာေရးရာကိစၥေတြ အထူးသျဖင့္ ေျမယာစီမံခန႔္ခြဲေရးကိစၥေတြလည္းပါတာေပါ့။ ေျမယာစီမံခန႔္ခြဲတာနဲ႔ သစ္ေတာျပဳန္းတာ ဆက္စပ္ေနေတာ့ေလ။ အဲဒီစီမံခန႔္ခြဲမႈမွာ လူထုက ဆုံးျဖတ္ႏိုင္တဲ့ အေနအထားကို ပါလာမွသာလွ်င္ ဒီအပိုင္းကို ေအာက္ေျခမွာ ထိေရာက္တဲ့ သစ္ေတာထိန္းသိမ္းတာေတြ ျဖစ္လာမွာျဖစ္တယ္။ လက္ရွိအေနအထားမွာက တကယ့္လူထုကို ထဲထဲဝင္ဝင္ ပါဝင္ခြင့္မေပးထားပါဘူးဗ်။ အဲဒါကိုပဲ အဓိကထားျပင္ရမွာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘယ်လောက်တိုးတက်နေပြီလဲ

ဒီကနေ့ကတော့ ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ပြည်သူတွေဘက်ကရော ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိလာသလဲဆိုတာတွေကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပြပေးမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

မမေခ။ ။ လက်ရှိမှာ ပြည်သူတွေဘက်က သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဂရုပြုထိန်းသိမ်းလာတာ တွေ့ရပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ရာသီဥတုပြောင်းလဲခြင်း၊ နောက် ပတ်ဝန်းကျင်ထိခိုက်ခြင်းတွေပေါ်မှာ ရှိတဲ့ အမြင်သဘောထားပေါ့နော် ... သိရှိနေတဲ့ သူတို့ရဲ့ ဗဟုသုတပေါ့နော် ... ဒါတွေက မြင့်တက်လာတယ်၊ ဘယ်သူမဆိုသွားမေးလိုက်ရင် သစ်တောတွေ ပျက်တဲ့အတွက် ရာသီဥတုကို ထိခိုက်တယ်၊ နောက် ရေအရင်းမြစ်ကို ထိခိုက်တယ်၊ ရေတွေကြီးတယ်ဆိုတာလောက်ကတော့ လူတိုင်းလိုလို ကလေးက အစ ပြောနိုင်လာတာဖြစ်တဲ့အတွက် ဒီအပိုင်းမှာတော့ မဆိုးဘူးပြောနိုင်ပါတယ်။ သို့ပေမဲ့ အားလုံးသိသင့်သိထိုက်တာတွေကတော့သိဖို့ အများကြီးရှိနေပါသေးတယ်။

မမေခ။ ။ လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးဖြစ်တဲ့ ပလတ်စတစ်သုံးစွဲမှုပိုင်းက အိမ်နီးချင်းနိုင်ငံ တော်တော်များများလျှော့ချလာချိန်မှာ မြန်မာနိုင်ငံမှာ ဒီပလတ်စတစ် သုံးစွဲမှုက လျှော့ချနိုင်တာ မရှိသေးဘူး။ ဒါကဘာကြောင့်လဲ အသိပညာပေးတာ အားနည်းနေပါလား။ သုံးစွဲမှုအပေါ်ဆရာဘယ်လို သုံးသပ်ပါလဲ။

ဦးဝင်းမျိုးသူ။ ။ ဒီပလတ်စတစ်နဲ့ ပတ်သတ်တဲ့ လူထုရဲ့အမြင်သဘောထားကတော့ ပျမ်းမျှလူတွေကြားထဲမှာတော့ ဒါကို ငါတို့ လိုက်နာဆင်ခြေမယ်ဆိုတဲ့ အလေ့အကျင့်တွေကတော်တော်လေး အားနည်းနေတယ်။ ကျနော်တို့ နယ်တွေသွားရင် လမ်းတွေပေါ်မှာ စွန့်ပစ်ထားတဲ့ ပလက်စတစ်တွေ ပြန့်ကြဲနေတာ၊ ရေမြောင်းတွေ ပိတ်နေတာ၊ မြစ်ချောင်းတွေထဲစီးနေတာ၊ တချို့ဆို ဒါတွေကို မီးရှို့တာ အန္တရာယ်ရှိတဲ့ အဆိပ်ဓါတ်ငွေ့တွေကို သတိမထားမိတာ သတိမပြုမိတာ၊ ဂရုမစိုက်ဘဲ လုပ်နေတာတွေက တော်တော်လေးတွေ့နေရတယ်။ ဒီအပေါ်မှာ ကျနော်တို့ တော်တော်လေးပြုပြင်ယူရဦးမယ် ထင်ပါတယ်။

မမေခ။ ။ လက်ရှိအစိုးရဘက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်တာမှာ ဘယ်လောက်လောက်ထိ သတိထားလုပ်ဆောင်တာ၊ ဒီအပေါ်သေချာဂရုတစိုက် လုပ်ဆောင်တာမျိုးတွေရှိပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ကိုလံဘီယာ တက္ကသိုလ်ကနေထုတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သတ်လို့ ထောင်စု နှစ်အတွက် လေ့လာတဲ့ ပရော်ဖက်ဆာတွေရဲ့ အစီရင်ခံစာထုတ်ပြန်ချက်တခု ရက်ပိုင်းတွင်းထွက်ခဲ့တာ ရှိပါတယ်။ တကယ်တိုးတက်မှုရှိတဲ့အောင် လုပ်ဆောင်နိုင်တာက လုပ်ငန်း ၁ ခု၊ ၂ ခုပဲ ရှိပါတယ်။ ကျန်တာက လုပ်ဆောင်ဆဲ အများစုကတော့ တိုးတက်မှုမရှိတာ၊ တချို့ဆို ကျဆုံးတာတွေရှိတယ်လို့ ပြောထားတာရှိပါတယ်။ ဒီတော့ လုပ်တော့လုပ်နေတယ်။ ထိရောက်မှု မရှိဘုူးပြောရမှာပါ။

မမေခ။ ။ လက်ရှိသဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေမှာ အစိုးရကိုင်တွယ်မှုပိုင်း အားနည်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ ဘယ်လိုကြောင့်အားနည်းတာလဲ ဒီအပေါ်ဘယ်လို ပြုပြင်ပြောင်းလဲရမလဲ။

ဦးဝင်းမျိုးသူ။ ။ ခံယူချက်ကနေအရင်စရမယ်ထင်ပါတယ်။ သွားမေးရင်တော့ နိုင်ငံရေးခေါင်းဆောင်အကုန်လုံး ဌာနဆိုင်ရာတွေအကုန် ဒါပဲပြောတယ်။ တကယ်လက်တွေ့ကျရင် စီးပွားရေးထိမှာ စိုးလို့ ဘယ်လိုမူဝါဒတွေပဲ ချထားချထား သဘာဝပတ်ဝန်းကျင်ကို နောက်ကို ပစ်ပယ်လိုက်တာပါပဲ။ စီးပွားရေးဖွံဖြိုးလိုရင်တော့ ပတ်ဝန်းကျင် ထိမှာပဲဆိုတဲ့ ခံယူချက်ကို ပြင်ရမှာပါ။ ညီတူစိတ်ထားထားဖို့ အရေးကြီးဆုံးပါပဲ။ ညီတူစိတ်ထား မထားတော့ အရေးရယ်၊ အကြောင်းရယ် စီးပွားရေးဘက်ကို ဘက်လိုက်တာ ရှိနေတာပေါ့ဗျာ။

မမေခ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဘယ်လိုစိန်ခေါ်မှုက အကြီးမားဆုံး စိန်ခေါ်မှုပါလဲ။

ဦးဝင်းမျိုးသူ။ ။ စိန်ခေါ်ချက်အကြီးဆုံးအနေနဲ့ ပြောပါဆိုရင် ကျနော်တို့ ရင်ဆိုင်ရတာက သစ်တောပြုန်းတီးခြင်းလို့ ပြောချင်ပါတယ်။ ဒါကို အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။

မမေခ။ ။ ဒီလိုစိန်ခေါ်ချက်တွေကို ကျမတို့ ဘယ်လို အဖြေရှာ ဖြေရှင်းသင့်ပါလဲ ဆရာ။

ဦးဝင်းမျိုးသူ။ ။ သစ်တောရေးရာကိစ္စတွေ အထူးသဖြင့် မြေယာစီမံခန့်ခွဲရေးကိစ္စတွေလည်းပါတာပေါ့။ မြေယာစီမံခန့်ခွဲတာနဲ့ သစ်တောပြုန်းတာ ဆက်စပ်နေတော့လေ။ အဲဒီစီမံခန့်ခွဲမှုမှာ လူထုက ဆုံးဖြတ်နိုင်တဲ့ အနေအထားကို ပါလာမှသာလျှင် ဒီအပိုင်းကို အောက်ခြေမှာ ထိရောက်တဲ့ သစ်တောထိန်းသိမ်းတာတွေ ဖြစ်လာမှာဖြစ်တယ်။ လက်ရှိအနေအထားမှာက တကယ့်လူထုကို ထဲထဲဝင်ဝင် ပါဝင်ခွင့်မပေးထားပါဘူးဗျ။ အဲဒါကိုပဲ အဓိကထားပြင်ရမှာပါ။

XS
SM
MD
LG