သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကုလကို EU တိုက်တွန်း

 အီးယူသံအမတ်ကြီး Stavros Lambrinidis
အီးယူသံအမတ်ကြီး Stavros Lambrinidis

မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရင်ကြားစေ့ကြပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်ဖော်ဆောင်ဖို့ ဥရောပသမဂ္ဂ အီးယူက ကုလသမဂ္ဂမှာ တိုက်တွန်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံရဲ့ဆောင်ရွက်ချက်တွေကို အီးယူက ဆက်လက် ထောက်ခံမယ်လို့လည်း ဆိုပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မီတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်များ ဆွေးနွေးရာမှာ အီးယူသံအမတ်ကြီး Stavros Lambrinidis က အောက်တိုဘာလ ၂၂ ရက်မှာ ခုလို ပြောလိုက်တာပါ။ တိုင်းပြည်တလွှားမှာ မြန်မာစစ်တပ်က စနစ်တကျ အင်အားသုံး အကြမ်းဖက် နေတာတွေကို အဆုံးသတ်ဖို့လည်း အီးယူက တောင်းဆိုလိုက်ပါတယ်။

ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ရဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူးလိုက်ပြီး တာဝန်ခံမှုရှိရေး နည်းနာ ယန္တရားတွေကို အီးယူက ဆက်လက် ထောက်ခံမယ်လို့ ပြောပါတယ်။ လိုအပ်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့်၊ အပြည့်အဝ၊ လုံခြုံစိတ်ချ၊ အဟန့်အတားမရှိ လူသားချင်း စာနာ ထောက်ထားရေးအကူပေးနိုင်ဖို့လည်း စစ်ကောင်စီကို အီးယူက တောင်းဆိုပါတယ်။

ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်စဥ်ဆုံးဖြတ်ချက်ကိုလည်း မိတ်ဘကအဖွဲ့အစည်းဖြစ်တဲ့ အစ္စလာမ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အိုအိုင်စီနဲ့ တင်ပြမယ်လို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ သံအမတ်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကုလကို EU တိုက်တွန်း
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG