သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဖြင့္ပဲြ သမၼတ တက္ေရာက္မိန္႔ခြန္းေျပာ


ေနျပည္ေတာ္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဖြင့္ပဲြ သမၼတ တက္ေရာက္မိန္႔ခြန္းေျပာ (Myanmar President Office )

(Zawgyi/Unicode)

ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုကို စုိက္ထူတာဟာ အသြင္သ႑ာန္အရ လုပ္ေဆာင္တာမဟုတ္ဘဲ အႏွစ္သာရရွိရွိ လုပ္ေနၾကတာျဖစ္တယ္လို႔ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေနျပည္ေတာ္ သေျပကုန္းအဝို္င္းမွာ က်င္းပတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ဖြင့္ပြဲအခမ္းအနားမွာ ေျပာဆုိလုိက္တာပါ။ အျပည့္အစံုကို ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

ေဖေဖာ္ဝါရီလ ၁၃ရက္ေန႔ မွာက်ေရာက္တဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ၁၀၅ႏွစ္ေျမာက္ေမြးေန႔မွာ ေနျပည္ေတာ္ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုဖြင့္ပြဲကို ေနျပည္ေတာ္ သေျပကုန္းအဝုိင္းမွာ က်င္းပခဲ့ပါတယ္။

အခုလို ဗုိလ္ခ်ဳပ္ရဲ႕ေမြးေန႔မွာ ျမန္မာႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ေနျပည္ေတာ္မွာ ေၾကးရုပ္တုကို စုိက္ထူႏုိ္င္ခဲ့လို႔ မဂၤလာရွိတဲ့ ေန႔တေန႔ျဖစ္တယ္လို႔ သမၼတက မိန္႔ခြန္းအစမွာ ေျပာပါတယ္။

“ဒီေန႔ဟာ က်က္သေရမဂၤလာ အေပါင္းနဲ႔ခေညာင္းတဲ့ ေန႔တေန႔ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အမ်ိဳးသားအာဇာနည္ ေခါင္းေဆာင္ႀကီးျဖစ္တဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ေမြးေန႔မွာ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္ရဲ႕ ၿမိဳ႕ေတာ္လည္းျဖစ္ၿပီး ျပည္ေထာင္စုနယ္ေျမလည္းျဖစ္တဲ့ ေနျပည္ေတာ္မွာ ျပည္ေထာင္စုရဲ႕ ေက်းဇူးရွင္ႀကီးရဲ႕ ေၾကးရုပ္တုကုိ မဂၤလာရက္ျမတ္အခါသမယမွာ တင့္တယ္ဝင့္ၾကြား ခမ္းနားထည္ဝါ စည္ကားသိုက္ၿမိဳက္စြာ စုိက္ထူႏို္င္ခဲ့လို႔ ျဖစ္ပါတယ္။”

အခုစုိက္ထူထားတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုဟာ အျမင့္ေပ ၁၈ေပရွိၿပီး ေၾကးတန္ခ်ိန္ ၇ တန္ရွိတာေၾကာင့္ ျမန္မာႏုိင္ငံက ေဒသအသီးသီးမွာ စုိက္ထူထားတဲ့ ဗုိလ္ခ်ဳပ္ေၾကးရုပ္ေတြထက္ ပိုၿပီးႀကီးပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ရုပ္ထုပံုလႊာကိုျမင္တိုင္း ဗုိလ္ခ်ဳပ္ရဲ႕မူဝါဒ ေတြ အေကာင္အထည္ေဖာ္ဖို႔ က်န္ေန ေသးတာကို မေမ႔ဖို႔ ဗုိလ္ခ်ဳပ္ရုပ္တုကုိ စုိက္ထူေနတာ ျဖစ္ၿပီး အနွစ္သာရရွိရွိ လုပ္ေနတာျဖစ္တယ္လို႔ ခံယူေၾကာင္း သမၼတဦးဝင္းျမင့္က ေျပာပါတယ္။

“ယခုလို ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု စုိက္ထူတာဟာ သာမန္ကာလွ်ံကာ အသြင္သ႑ာန္အရ လုပ္ေနၾကျခင္းမဟုတ္ဘဲ ႏုိင္ငံရဲ႕အေရးအရာမ်ားနဲ႔ စပ္လ်ဥ္းၿပီး အႏွစ္သာရရွိရွိနဲ႔ လုပ္ေနၾကျခင္းျဖစ္တယ္လို႔ ခံယူပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေၾကးရုပ္တုကိုျမင္ေတြ႕တိုင္း ဗုိလ္ခ်ဳပ္ရဲ႕မူဝါဒ လမ္းစဥ္ေတြကုိ အေကာင္အထည္ေဖာ္ရန္ က်န္ေသးတယ္ဆိုတာကို မေမ့ေလ်ာ့ေစရန္ ျဖစ္ပါတယ္။”

ဗိုလ္ခ်ဳပ္ရည္ရြယ္ ေမွ်ာ္မွန္းခဲ့တဲ့ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုဆီကုိ တိုင္းရင္းသားအားလံုး စည္းလံုးညီညြတ္စြာ ခ်ီတက္ၾကဖို႔ကိုလည္း သမၼတက တိုက္တြန္းပါတယ္။ အဲဒါအျပင္ အေျခခံလူ႔အခြင့္အေရးကို အာမခံမယ့္ စစ္မွန္တဲ့ ဒီမုိကေရစီ ႏုိင္ငံေတာ္ျဖစ္လာေစဖို႔ကိုလည္း ရည္ရြယ္ခ်က္ထားရွိၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုကုိ ျမန္မာႏုိင္ငံက ၿမိဳ႕ျပနဲ႔ တုိင္းရင္းသားေဒသေတြမွာပါ စုိက္ထူ ေနၾကတာျဖစ္ၿပီး ဗုိလ္ခ်ဳပ္ရဲ႕ ၁၀၅ႏွစ္ေျမာက္ ေမြးေန႔မွာေတာ့ ေနျပည္ေတာ္အျပင္ ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္နဲ႔ မေကြးတိုင္း မင္းတုန္းၿမိဳ႕မွာလည္း စုိက္ထူခဲ့ပါတယ္။

ဗုိလ္ခ်ဳပ္ရုပ္တု စုိက္ထူတာေတြနဲ႔ ပတ္သက္လို႔ တိုင္းရင္းသားေဒသတခ်ိဳ႕မွာေတာ့ ေဒသခံေတြနဲ႔ တိုင္ပင္မႈ မရွိဘူး ဆိုၿပီး ကန္႔ကြက္ဆႏၵျပတာေတြ ရွိခဲ့သလို အဲဒီထဲက လူတခ်ိဳ႕ကိုလည္း ဖမ္းဆီးအေရးယူတာေတြ ရွိခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႔ျဖစ္တဲ့ ေဖေဖာ္ဝါရီ ၁၃ကို ကေလးမ်ားေန႕အျဖစ္လည္း ျမန္မာႏုိင္ငံမွာသတ္မွတ္ထားၿပီး ဒီကေန႔မွာ ဗိုလ္ခ်ဳပ္ေမြးေန႔နဲ႔ ကေလးမ်ားေန႕ပြဲ အသီးသီးကို ျမန္မာႏုိင္ငံ ေနရာအႏွံ႕အျပားမွာ က်င္းပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ သမ္မတ တက်ရောက်မိန့်ခွန်းပြော

(Unicode)

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူတာဟာ အသွင်သဏ္ဍာန်အရ လုပ်ဆောင်တာမဟုတ်ဘဲ အနှစ်သာရရှိရှိ လုပ်နေကြတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော် သပြေကုန်းအဝိုင်းမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅နှစ်မြောက်မွေးနေ့မှာ နေပြည်တော်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲကို နေပြည်တော် သပြေကုန်းအဝိုင်းမှာ ကျင်းပခဲ့ပါတယ်။

အခုလို ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ကြေးရုပ်တုကို စိုက်ထူနိုင်ခဲ့လို့ မင်္ဂလာရှိတဲ့ နေ့တနေ့ဖြစ်တယ်လို့ သမ္မတက မိန့်ခွန်းအစမှာ ပြောလိုက်ပါတယ်။

“ဒီနေ့ဟာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ခညောင်းတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မြို့တော်လည်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေလည်းဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်ကြီးရဲ့ ကြေးရုပ်တုကို မင်္ဂလာရက်မြတ်အခါသမယမှာ တင့်တယ်ဝင့်ကြွား ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ စိုက်ထူနိုင်ခဲ့လို့ ဖြစ်ပါတယ်။”

အခုစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ အမြင့်ပေ ၁၈ပေရှိပြီး ကြေးတန်ချိန် ၇တန်ရှိတာကြောင့် မြန်မာနိုင်ငံက ဒေသအသီးသီးမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေထက် ပိုပြီးကြီးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုပုံလွှာကိုမြင်တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ တွေ အကောင်အထည်ဖော်ဖို့ ကျန်နေ သေးတာကို မမေ့ဖို့ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူနေတာ ဖြစ်ပြီး အနှစ်သာရရှိရှိ လုပ်နေတာဖြစ်တယ်လို့ ခံယူကြောင်း သမ္မတဦးဝင်းမြင့်က ပြောပါတယ်။

“ယခုလို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူတာဟာ သာမန်ကာလျှံကာ အသွင်သဏ္ဍာန်အရ လုပ်နေကြခြင်းမဟုတ်ဘဲ နိုင်ငံရဲ့အရေးအရာများနဲ့ စပ်လျဉ်းပြီး အနှစ်သာရရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကိုမြင်တွေ့တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရန် ကျန်သေးတယ်ဆိုတာကို မမေ့မလျော့စေရန် ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ရည်ရွယ် မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ချီတက်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပါတယ်။ အဲဒါအပြင် အခြေခံလူ့အခွင့်အရေးကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာစေဖို့ကိုလည်း ရည်ရွယ်ချက်ထားရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မြန်မာနိုင်ငံက မြို့ပြနဲ့ တိုင်းရင်းသားဒေသတွေမှာပါ စိုက်ထူ နေကြတာဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ ၁၀၅နှစ်မြောက် မွေးနေ့မှာတော့ နေပြည်တော်အပြင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နဲ့ မကွေးတိုင်း မင်းတုန်းမြို့မှာလည်း စိုက်ထူခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူတာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားဒေသတချို့မှာတော့ ဒေသခံတွေနဲ့ တိုင်ပင်မှု မရှိဘူး ဆိုပြီး ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့သလို အဲဒီထဲက လူတချို့ကိုလည်း ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ကို ကလေးများနေ့အဖြစ်လည်း မြန်မာနိုင်ငံမှာသတ်မှတ်ထားပြီး ဒီကနေ့မှာ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ပွဲ အသီးသီးကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ကျင်းပနေကြပါတယ်။

XS
SM
MD
LG