မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်ချက်ကိုစိတ်ပျက်ကြောင်း မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ၁၂ ရက်ကြာ စုံစမ်းမှုတွေအပေါ် ဟန့်တားမှုတွေရှိခဲ့တဲ့အပေါ် စိတ်ပျက်တယ်လို့ Dr. Yanghee Lee က ပြောကြားခဲ့တာပါ။
“ကျွန်မသွားချင်တဲ့နေရာတွေအပေါ် ကန့်သတ်မှုတွေတိုးခဲ့တဲ့အပြင်၊ ကျွန်မနဲ့တွေ့ဆုံတဲ့သူတွေအနေနဲ့လည်း နှောင့်ယှက်မှုတွေကြုံခဲ့ကြပါတယ်။ သူတို့ကို ဓာတ်ပုံတွေ ရိုက်ယူတာ။ ဘာတွေဆွေးနွေးသလဲဆိုတာကို မတေ့ွခင်ရော တွေ့ဆုံအပြီးမှာပါ မေးမြန်းခံရတာတွေရှိခဲ့ပါတယ်။ တကြိမ်မှာဆိုရင် သူတို့နောက်ကလိုက်ပြီး ထောက်လှမ်းတာကိုတောင် ခံခဲ့ရပါတယ်။ ဒါဟာ ဘယ်လိုမှလက်ခံနိုင်စရာ မရှိပါဘူး။” လို့ ဒေါက်တာ ယန်ဟီးလီက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ တတိယအကြိမ်လာရောက်စုံစမ်းတဲ့ Dr. Yanghee Lee က လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့နည်းတွေကို ဆက်ပြီးသုံးနေတာတွေ့ရတဲ့အတွက် စိတ်ပျက်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Dr. Yanghee Lee ရဲ့ထုတ်ပြန်ချက်ထဲမှာ ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့အချက်များစွာ ပါဝင် နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆယ်စုနှစ်နဲ့ချီ ကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခတွေ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့အတွက် ဖြစ်လာတဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ ကြုံရတဲ့ အခက်အခဲတွေကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
Dr. Yanghee Lee ရဲ့အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက နေရာတချို့ဆီကို သွားခွင့်မရခဲ့ပါ ဘူး။ သူ့ခရီးစဉ်အတွင်း လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့အတွက် စုံစမ်းမှုတွေ မလုပ်ပါ ဘူးဆိုတဲ့ အာမခံချက်ကို အစိုးရက တောင်းဆိုခဲ့တဲ့အပေါ် အင်မတန်အံ့အားသင့်ကြောင်းလည်း Dr. Yanghee Lee က ခရီးစဉ်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂက သူ့ကိုပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်ဟာ သီးခြားစီဖြစ်တယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ ပြောတာမှာတော့ ရိုဟင်ဂျာတွေရဲ့ ယေဘုယျအခြေအနေဟာ ဇန်နဝါရီလတုန်းက သူရောက်ခဲ့ချိန်ကထက် ထူးခြားတိုးတက်မှု မရှိသလောက်ဘဲလို့ဆိုပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းတွေကိုလည်း ဆက်ပြီးရရှိတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာနတွေက တိုးတက်အောင် ဆောင်ရွက်နေတာတွေကို ကြိုဆိုကြောင်း Dr. Yanhee Lee ကပြောပါတယ်။
ရန်ကုန်၊ နေပြည်တော်အပြင်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေထဲက တချို့နေရာတွေဆီ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အောက်တိုဘာလကျရင် အပြည့်အစုံ အစီရင်ခံ တင်ပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee သတင်းစာရှင်းလင်းပွဲ သတင်းဓာတ်ပုံများ
1/11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေတာပါ။ Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
အသေးစိတ် ဖတ်ရှုရန်
Show less
2/11

3/11

4/11

5/11

6/11

7/11

8/11

9/11

10/11

11/11
Yanghee lee meets with Aung San Suu Kyi
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေတာပါ။ Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
အသေးစိတ် ဖတ်ရှုရန်
Show less
Previous slide
Next slide