သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူဒုက္ခသည်တွေပြန်ခေါ်ရေးအစီအစဉ် မြန်မာဘက်ကအကြောင်းမကြားသေးဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဆို


Moskva - Müxalifət lideri Aleksey Navalnının azadlığı buraxılmasını tələb edən nümayiş
Moskva - Müxalifət lideri Aleksey Navalnının azadlığı buraxılmasını tələb edən nümayiş

ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအနက် ပထမအသုတ်အနေနဲ့ ဟိန္ဒူဒုက္ခသည် ၄၅၀ ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ မြန်မာဘက်က အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဘာမှ မသိရှိရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ မြန်မာဘက်က အကြောင်းကြားခြင်းမရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haq က VOA Bangla ဌာနကို ဒီကနေ့ သောကြာနေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာဘက်ကပေးပို့လိုက်တဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားတွေဖြည့်စွက်နိုင်ဖို့၊ စိစစ်ရေးလျှောက်လွှာပုံစံတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haq ကပြောပါတယ်။

ဇန်နဝါရီလ ပထမပတ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးနဲ့ ပတ်သက်ပြီး အတည်ပြုချက်စောင့်ဆိုင်းနေတယ်လို့လည်းဆိုပါတယ်။ ဒုက္ခသည်တွေ နေရပ်ရင်းပြန်မပို့ခင်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲလုပ်ငန်းကော်မတီအနေနဲ့ နောက်ထပ်တကြိမ် အစည်းအဝေးလုပ်ဖို့ လိုအပ်နေပါသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေဟာ တရားမျှတမှုမရှိသေးတာကြောင့် ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာ နဲ့ ရေရှည်မှာ ပြန်သွားနိုင်ဖို့ကိစ္စအပေါ်မှာ ကျွမ်းကျင်သူတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေကတော့ သံသယရှိနေကြပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်ပြန်နေသွားနိုင်တဲ့ အနေအထားမရှိပါဘူး။ ဒုက္ခသည်တွေဟာ ဆက်ပြီး ထွက်ပြေးနေတုန်းပဲဖြစ်ပါတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ဒုတိယအကြီးအကဲ Kelly Clements က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG