သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ျဖတ္ေက်ာ္ အကူအညီမ်ား ခြင့္ျပဳဖို႔ လူ႔အခြင့္အေရးအဖြဲ႔မ်ား တိုက္တြန္း


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္တပ္ဟာ ျမန္မာျပည္တြင္းမွာ လိုအပ္ေနတဲ့ လူသားခ်င္း စာနာေထာက္ထားေရးဆိုင္ရာ အကူညီေတြကို ရေအာင္ေဆာင္ရြက္ေပးဖို႔ထက္ ဒီလိုကူညီေနတဲ့ အဖြဲ႔အစည္းေတြကို အေၾကာင္းျပခ်က္မရွိဘဲ ဖမ္းဆီးတာ လွဴဒါန္းတာနဲ႔ အကူအညီေတြကို ဖ်က္ဆီးတာအျပင္ အရပ္သားပိုင္ဆိုင္တဲ့ ရိကၡာေတြကိုပါ ဖ်က္ဆီးတာေတြ လုပ္ေနတယ္လို႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို ကိုၿငိမ္းခ်မ္း ေျပာျပမွာပါ။

အရပ္သားေတြရဲ႕ ပိုင္ဆိုင္မႈေတြ၊ ရိကၡာေတြကို ဖ်က္ဆီးတာ၊ ႏိုင္ငံတကာက လွဴဒါန္းလိုက္တဲ့ အစာနဲ႔ ေဆးဝါးအကူအညီေတြကို စစ္ေဆးေရးဂိတ္ေတြမွာ တားျမစ္တာ၊ ဖ်က္ဆီးတာေတြ စတဲ့လုပ္ရပ္ေတြဟာ စစ္ရာဇဝတ္မႈေျမာက္တဲ့ လုပ္ရပ္ေတြ ျဖစ္တယ္လို႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ေျပာလိုက္ပါတယ္။ အာဏာသိမ္းစစ္တပ္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကိုပါ ၿခိမ္းေျခာက္လာတဲ့အတြက္ ကုလသမဂၢနဲ႔ အာဆီယံႏိုင္ငံေတြ အေနနဲ႔ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ ျမန္မာဒုကၡသည္ေတြကို နယ္စပ္ျဖတ္ေက်ာ္ အကူအညီေတြ အျမန္ဆုံးေပးသင့္ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ Fortify Rights က ဒီေန႔ ႏိုဝင္ဘာ ၁၀ ရက္မွာ တိုက္တြန္းလိုက္ပါတယ္။

“လက္နက္ကိုင္ပဋိပကၡၾကားမွာ အကူအညီေတြကို ပိတ္ဆို႔တာ၊ လူသားခ်င္း စာနာေထာက္ထားေရး အဖြဲ႔ေတြကို ပစ္မွတ္ထားတာဟာ စစ္ရာဇဝတ္မႈ ေျမာက္တယ္။” လို႔ Fortify Rights ရဲ႕ ေဒသတြင္းဒါ႐ိုက္တာ Ismail Wolff က ဒီေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ သူက ေဝဖန္လိုက္ပါတယ္။ ျမန္မာစစ္တပ္ရဲ႕ ဒီလုပ္ရပ္ေတြအတြက္ တာဝန္ခံမႈ ရွိလာေအာင္ ကူညီလုပ္ေဆာင္ေပးဖို႔ ကုလနဲ႔ အာဆီယံႏိုင္ငံေတြကို သူက ေတာင္းဆိုလိုက္တာပါ။

Fortify Rights ရဲ႕ အစီရင္ခံစာမွာဆိုရင္ ထိုင္း၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ စတဲ့ ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြက အကူအညီလိုေနတဲ့ ျမန္မာျပည္သူေတြအတြက္ နယ္စပ္ျဖတ္ေက်ာ္ အကူအညီေတြကို ခြင့္ျပဳေပးဖို႔ အဓိက ေတာင္းဆိုထားတာပါ။

အိႏၵိယအေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ျဖစ္တဲ့ CHRO ရဲ႕ ဒုတိယအမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္ကလည္း ဒီေတာင္းဆိုခ်က္ကို ေထာက္ခံလိုက္ပါတယ္။

“အခုလိုမ်ိဳး အိႏၵိယပဲျဖစ္ျဖစ္၊ ထိုင္းပဲျဖစ္ျဖစ္ ႏုိင္ငံတကာပံ့ပိုးမႈ ရရွိႏိုင္ေအာင္ ရွိတဲ့လမ္းေတြကို ေခ်ာေမြ႔ေပးႏိုင္လို႔ရွိရင္ (အကူအညီေတြ ေဖာ္ေဆာင္ေပးႏိုင္လို႔ရွိရင္) ဒုကၡသည္ေတြ၊ IDP ေတြအတြက္ တကယ့္တကယ္ အက်ိဳးရွိလာမွာ ျဖစ္တယ္။ ဆိုေတာ့ က်ေနာ္တို႔ CHRO အေနနဲ႔ကေတာ့ ႏိုင္ငံတကာကလည္း ေတာင္းဆိုထားသလို အိႏၵိယအစိုးရနဲ႔ ထိုင္းအစိုးရက အေလးအနက္ စဥ္းစားေပးဖို႔ က်ေနာ္တို႔လည္း ေတာင္းဆိုခ်င္ပါတယ္။”

လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေတြကို ျပည္သူေတြက လိုအပ္ေနခ်ိန္မွာ စစ္ေကာင္စီဘက္က ႏိုင္ငံတကာ အသိုင္းအဝိုင္းမွာ သူတို႔ရဲ႕ တရားဝင္မႈကို ႀကိဳးပမ္းရယူေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ျမင္ပါတယ္။

“ျမန္မာျပည္မွာ အခုလက္ရွိ ျဖစ္ေနတဲ့ Humanitarian Crisis ေပါ့ေနာ္၊ လူသားခ်င္းစာနာတဲ့ အေထာက္အထား၊ အေထာက္အပံ့ေတြကို ေပးဖို႔အတြက္ဆိုရင္ သူတို႔နဲ႔ ညႇိဖို႔ေပါ့ေနာ္၊ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ၊ ႏိုင္ငံတကာ အစိုးရေတြကေန သူတို႔ကို အသိအမွတ္ ျပဳေပးၿပီးေတာ့ သူတို႔က အသိအမွတ္ျပဳ ခံရၿပီးေတာ့ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို ကူညီခြင့္ရမယ္ဆိုတဲ့ ပုံစံမ်ိဳးကို မျဖစ္ေစခ်င္ပါဘူး။ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို အသုံးခ်ၿပီးေတာ့ တရားဝင္ အသိအမွတ္ျပဳ ခံရမႈကိုေပါ့ေနာ္။ အဲဒီလိုမ်ိဳး အသိအမွတ္ျပဳဖို႔ဆိုရင္ ဘာလိုလာၿပီလဲဆိုရင္ အိမ္နီးနားခ်င္း မိတ္ေဆြေကာင္းေတြ လိုလာၿပီေပါ့ေနာ္။ သူတို႔ကေနၿပီးေတာ့ သူတို႔နယ္စပ္ျဖတ္ေက်ာ္ၿပီးေတာ့ အကူအညီေပးမယ္ဆိုရင္ ေပးလို႔ရတယ္ဆိုတဲ့ အေနအထားမ်ိဳး ရွိတဲ့အတြက္ေၾကာင့္ ဒါ ေတာင္းဆိုတယ္လို႔ က်ေနာ္ကေတာ့ အဲလိုယူဆတယ္။”

Fortify Rights အဖြဲ႔မွာ တာဝန္ယူခဲ့ဖူးတဲ့ ျမန္မာ့လူ႔အခြင့္အေရး ကၽြမ္းက်င္သူ Nickey Diamond ေျပာသြားတာပါ။

စစ္တပ္နဲ႔ ေဒသခံ လက္နက္ကိုင္ေတြၾကား တိုက္ပြဲေတြေၾကာင့္ အခုႏွစ္ ေမလကတည္းက ေနရပ္စြန႔္ခြာခဲ့ရတဲ့ ဒုကၡသည္အေရအတြက္ဟာ ခ်င္းျပည္နယ္ထဲမွာ ၃၇,၀၀၀ ဝန္းက်င္၊ မေကြးနဲ႔ စစ္ကိုင္းတိုင္းမွာ ၁၉,၀၀၀ ေက်ာ္ရွိၿပီး ကယားျပည္နယ္မွာေတာ့ ၁၀၀,၀၀၀ ေက်ာ္ ရွိေနတာပါ။

ရွမ္းျပည္နယ္ ၿမိဳ႕နယ္ ၁၇ ခုက လူေပါင္း ၄၆,၇၄၀ ဟာလည္း အိုးအိမ္စြန႔္ခြာၿပီး ထြက္ေျပးခဲ့ရတယ္လို႔ ကုလ လူသားခ်င္းစာနာေထာက္ထားေရးအဖြဲ႔ (OCHA) ကလည္း ဒီေန႔ ထုတ္ျပန္ထားပါတယ္။ အခုႏွစ္ထဲမွာ ေပါက္ကြဲခဲ့တဲ့ ေျမျမႇဳပ္မိုင္းနဲ႔ စစ္လက္နက္ အႂကြင္းအက်န္ေတြေၾကာင့္ ကေလး ၅၀ ေက်ာ္ အပါအဝင္ အရပ္သား ၁၅၀ ေက်ာ္ ေသေက် ဒဏ္ရာရရွိခဲ့တာပါ။ ဒီေပါက္ကြဲမႈေတြဟာ ရွမ္းျပည္နယ္မွာ အမ်ားဆုံးျဖစ္တယ္လို႔ OCHA က စာရင္းျပဳစုထားပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ဆိုရင္ ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ေနရပ္ကို စြန႔္ခြာခဲ့သူဟာ ႏိုဝင္ဘာလ ၁ ရက္ စာရင္းအရဆိုရင္ စုစုေပါင္း ၂၂၃,၃၀၀ ရွိတယ္လို႔ OCHA က ဆိုပါတယ္။

အိႏၵိယဘက္ကို တိမ္းေရွာင္သြားတဲ့ ျမန္မာႏုိင္ငံသားက ၃၀,၀၀၀ ေက်ာ္ရွိတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔က ဗြီအိုေအကို ေျပာပါတယ္။ ထိုင္းနယ္စပ္မွာ ခိုလႈံေနတဲ့ ျမန္မာဒုကၡသည္ အေရအတြက္ကလည္း တိုးလာေနပါတယ္။

ျမန္မာႏိုင္ငံတြင္း ပဋိပကၡျဖစ္ပြားတဲ့ ေနရာေတြမွာ ေနရပ္စြန္ခြာတဲ့သူ မ်ားလာၿပီး လူသားခ်င္းစာနာမႈ အေျခအေနေတြက တျဖည္းျဖည္း ဆိုးရြားလာေၾကာင္း ရန္ပုံေငြနည္းပါးမႈ၊ သြားလာခြင့္ ကန႔္သတ္မႈေတြေၾကာင့္ ထိခိုက္လြယ္တဲ့ မိသားစုေတြဆီကို အကူအညီေတြ ေရာက္သင့္သေလာက္ မေရာက္ေၾကာင္း OCHA ရဲ႕ အေရးေပၚ ကူညီကယ္ဆယ္ေရးဆိုင္ရာ ညႇိႏႈိင္းေရးမွဴး Martin Griffiths က တနလၤာေန႔မွာ ေျပာခဲ့တာပါ။

-----------------------

(Unicode)

မြန်မာနယ်စပ်ဖြတ်ကျော် အကူအညီများ ခွင့်ပြုဖို့ လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

စစ်တပ်ဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူညီတွေကို ရအောင်ဆောင်ရွက်ပေးဖို့ထက် ဒီလိုကူညီနေတဲ့ အဖွဲ့အစည်းတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတာ လှူဒါန်းတာနဲ့ အကူအညီတွေကို ဖျက်ဆီးတာအပြင် အရပ်သားပိုင်ဆိုင်တဲ့ ရိက္ခာတွေကိုပါ ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။

အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ရိက္ခာတွေကို ဖျက်ဆီးတာ၊ နိုင်ငံတကာက လှူဒါန်းလိုက်တဲ့ အစာနဲ့ ဆေးဝါးအကူအညီတွေကို စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်တာ၊ ဖျက်ဆီးတာတွေ စတဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတဲ့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် အကူအညီတွေ အမြန်ဆုံးပေးသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခကြားမှာ အကူအညီတွေကို ပိတ်ဆို့တာ၊ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေကို ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှု မြောက်တယ်။” လို့ Fortify Rights ရဲ့ ဒေသတွင်းဒါရိုက်တာ Ismail Wolff က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သူက ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိလာအောင် ကူညီလုပ်ဆောင်ပေးဖို့ ကုလနဲ့ အာဆီယံနိုင်ငံတွေကို သူက တောင်းဆိုလိုက်တာပါ။

Fortify Rights ရဲ့ အစီရင်ခံစာမှာဆိုရင် ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကူအညီလိုနေတဲ့ မြန်မာပြည်သူတွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေကို ခွင့်ပြုပေးဖို့ အဓိက တောင်းဆိုထားတာပါ။

အိန္ဒိယအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်ကလည်း ဒီတောင်းဆိုချက်ကို ထောက်ခံလိုက်ပါတယ်။

“အခုလိုမျိုး အိန္ဒိယပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ် နိုင်ငံတကာပံ့ပိုးမှု ရရှိနိုင်အောင် ရှိတဲ့လမ်းတွေကို ချောမွေ့ပေးနိုင်လို့ရှိရင် (အကူအညီတွေ ဖော်ဆောင်ပေးနိုင်လို့ရှိရင်) ဒုက္ခသည်တွေ၊ IDP တွေအတွက် တကယ့်တကယ် အကျိုးရှိလာမှာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ CHRO အနေနဲ့ကတော့ နိုင်ငံတကာကလည်း တောင်းဆိုထားသလို အိန္ဒိယအစိုးရနဲ့ ထိုင်းအစိုးရက အလေးအနက် စဉ်းစားပေးဖို့ ကျနော်တို့လည်း တောင်းဆိုချင်ပါတယ်။”

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ပြည်သူတွေက လိုအပ်နေချိန်မှာ စစ်ကောင်စီဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သူတို့ရဲ့ တရားဝင်မှုကို ကြိုးပမ်းရယူနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မြင်ပါတယ်။

“မြန်မာပြည်မှာ အခုလက်ရှိ ဖြစ်နေတဲ့ Humanitarian Crisis ပေါ့နော်၊ လူသားချင်းစာနာတဲ့ အထောက်အထား၊ အထောက်အပံ့တွေကို ပေးဖို့အတွက်ဆိုရင် သူတို့နဲ့ ညှိဖို့ပေါ့နော်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေကနေ သူတို့ကို အသိအမှတ် ပြုပေးပြီးတော့ သူတို့က အသိအမှတ်ပြု ခံရပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီခွင့်ရမယ်ဆိုတဲ့ ပုံစံမျိုးကို မဖြစ်စေချင်ပါဘူး။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အသုံးချပြီးတော့ တရားဝင် အသိအမှတ်ပြု ခံရမှုကိုပေါ့နော်။ အဲဒီလိုမျိုး အသိအမှတ်ပြုဖို့ဆိုရင် ဘာလိုလာပြီလဲဆိုရင် အိမ်နီးနားချင်း မိတ်ဆွေကောင်းတွေ လိုလာပြီပေါ့နော်။ သူတို့ကနေပြီးတော့ သူတို့နယ်စပ်ဖြတ်ကျော်ပြီးတော့ အကူအညီပေးမယ်ဆိုရင် ပေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် ဒါ တောင်းဆိုတယ်လို့ ကျနော်ကတော့ အဲလိုယူဆတယ်။”

Fortify Rights အဖွဲ့မှာ တာဝန်ယူခဲ့ဖူးတဲ့ မြန်မာ့လူ့အခွင့်အရေး ကျွမ်းကျင်သူ Nickey Diamond ပြောသွားတာပါ။

စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် အခုနှစ် မေလကတည်းက နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ချင်းပြည်နယ်ထဲမှာ ၃၇,၀၀၀ ဝန်းကျင်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ ၁၉,၀၀၀ ကျော်ရှိပြီး ကယားပြည်နယ်မှာတော့ ၁၀၀,၀၀၀ ကျော် ရှိနေတာပါ။

ရှမ်းပြည်နယ် မြို့နယ် ၁၇ ခုက လူပေါင်း ၄၆,၇၄၀ ဟာလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ ကုလ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ (OCHA) ကလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။ အခုနှစ်ထဲမှာ ပေါက်ကွဲခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ကလေး ၅၀ ကျော် အပါအဝင် အရပ်သား ၁၅၀ ကျော် သေကျေ ဒဏ်ရာရရှိခဲ့တာပါ။ ဒီပေါက်ကွဲမှုတွေဟာ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်တယ်လို့ OCHA က စာရင်းပြုစုထားပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေရပ်ကို စွန့်ခွာခဲ့သူဟာ နိုဝင်ဘာလ ၁ ရက် စာရင်းအရဆိုရင် စုစုပေါင်း ၂၂၃,၃၀၀ ရှိတယ်လို့ OCHA က ဆိုပါတယ်။

အိန္ဒိယဘက်ကို တိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသားက ၃၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် အရေအတွက်ကလည်း တိုးလာနေပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ နေရပ်စွန်ခွာတဲ့သူ များလာပြီး လူသားချင်းစာနာမှု အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာကြောင်း ရန်ပုံငွေနည်းပါးမှု၊ သွားလာခွင့် ကန့်သတ်မှုတွေကြောင့် ထိခိုက်လွယ်တဲ့ မိသားစုတွေဆီကို အကူအညီတွေ ရောက်သင့်သလောက် မရောက်ကြောင်း OCHA ရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Martin Griffiths က တနင်္လာနေ့မှာ ပြောခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG