သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ ဖယ္ခုံေဒသ စစ္ဒုကၡသည္မ်ား အေရးေပၚအကူအညီ လိုအပ္


ရွမ္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံမ်ား။

(Zawgyi / Unicode)

ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတဲ့ ေဒသခံေတြ အစားအေသာက္၊ ေဆးဝါးနဲ႔ အဝတ္အထည္ေတြ အေတာ္ေလး လိုအပ္ေနၾကပါတယ္။ စစ္ေဘးဒုကၡသည္ေတြၾကား ကိုဗစ္ေရာဂါ လကၡဏာနဲ႔ ေနမေကာင္းျဖစ္ေနသူ အမ်ားအျပား ရွိေနၾကပါတယ္။ တိုက္ပြဲျဖစ္ပြားတဲ့ ေက်းရြာတဝိုက္မွာလည္း စစ္တပ္ေတြ တပ္စြဲထားတဲ့အတြက္ စိုးရိမ္ေၾကာက္ရြံ႕ၿပီး ေနရပ္မျပန္ႏိုင္ဘဲ ျဖစ္ေနၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မခင္ျဖဴေထြး ေျပာျပပါမယ္။

ရွမ္းျပည္နယ္ ဖယ္ခံုၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြၾကား ေအာက္တိုဘာလကုန္ပိုင္းတည္းက စတင္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ကုန္ဆံုးေက်းရြာအုပ္စုနဲ႔ ေခါင္းအိေက်းရြာအုပ္စုက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ နီးစပ္ရာ ေက်းရြာေတြမွာ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ ေဒသခံေတြဟာ နီးစပ္ရာ ေဆြမ်ဳိးအိမ္န႔ဲ နည္းနည္းလံုၿခံဳစိတ္ခ်ရတဲ့ ေက်းရြာေတြက စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းေတြမွာ အဆင္ေျပသလို ေနထိုင္ၾကရပါတယ္။ ေဆာင္းတြင္းဝင္လာတာနဲ႔အမွ် ရာသီဥတုက ေအးလာတဲ့အတြက္ အစားအေသာက္ ေဆးဝါးအျပင္ ေစာင္နဲ႔ အေႏြးထည္ေတြလည္း လိုအပ္ေနတယ္လို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကသူေတြက ေျပာပါတယ္။ ဒုကၡသည္ေတြ အေျခအေနနဲ႔ ပတ္သက္လို႔ ထြက္ေျပး တိမ္းေရွာင္ေနရသူ ကသဲရြာခံတဦးက ဗြီအုိေအကို အခုလိုေျပာပါတယ္။

"အရင္ရက္ပိုင္းက ရာသီတုပ္ေကြးမ်ားေတာ့ ဖ်ားနာတာမ်ားတယ္၊ ေတာ္ေတာ္မ်ားပါတယ္၊ တရြာဆိုရင္ အနည္းဆံုး ၁၀ ေယာက္ ၁၅ ေယာက္ ဖ်ားၾကပါတယ္။ တအား ျပင္းျပင္းထန္ထန္ေတာ့ မဟုတ္ဘူး၊ ပံုမွန္ေလာက္ပါပဲ။ ျပင္းထန္တာက ၂ ေယာက္ ၃ ေယာက္ အဲ့ေလာက္ပါ။ အခု ဒီလတ္တေလာေတာ့ အဆင္ေျပေသးတယ္။ ေနာက္တပတ္ ႏွစ္ပတ္ဆိုေတာ့ အဆင္မေျပေလာက္ေတာ့ဘူး ထင္တယ္။ စားေသာက္ေရးတို႔ ဘာတို႔ ျဖစ္သလိုပဲ စားေသာက္ေနရတာေပါ့။ အဖက္ဖက္ လုိအပ္တာေပါ့။ ေနာက္ၿပီး ေဆာင္းတြင္းလည္း ဝင္ၿပီဆိုေတာ့ ေစာင္ေတြ ဘာေတြ အေႏြးထည္တို႔လည္း ပိုပိုလိုမယ္။"

စစ္ေဘးဒုကၡသည္ေတြအတြက္ စားေသာက္ကုန္နဲ႔ ေစာင္၊ အက်ႌအဝတ္အစားေတြကို ဖယ္ခံုနဲ႔ လြိဳင္ေကာ္ဘက္က ပရဟိတအဖြဲ႔ေတြက ႏွစ္ႀကိမ္ေလာက္ လာေရာက္ လွဴဒါန္းေပးထားတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ေရရွည္အတြက္ အမ်ားႀကီး လိုအပ္ခ်က္ ရွိေသးတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၂ ရက္ေန႔တုန္းက ဖယ္ခုံၿမိဳ႕အေျခစိုက္ စစ္ေကာင္စီရဲ႕ ကင္းစခန္းတခုကို ဖယ္ခုံ PDF က တိုက္ခုိက္ခဲ့ရာကစၿပီး ဖယ္ခံုၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြ ျဖစ္ေနတာပါ။ ေခါင္းအိေက်းရြာအုပ္စုမွာဆိုရင္ ႏိုဝင္ဘာ ၂ ရက္ေန႔ကစၿပီး ႏုိဝင္ဘာ ၇ ရက္ မေန႔ကထိ ေန႔စဥ္ရက္ဆက္ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။

လြယ္ပသာရြာ၊ ပူခ်ယ္ရြာ၊ ကုန္ဆံုရြာနဲ႔ လံုကာရြာေတြနားမွာ စစ္တပ္လႈပ္ရွားမႈေတြ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ေၾကာက္ရြံ႕ၿပီး ထြက္ေျပးေနၾကတာပါ။ လြယ္ပသာရြာဘက္ ေလာေလာဆယ္ တိုက္ခိုက္မႈေတြ မရွိဘဲ ၿငိမ္ေနတာေၾကာင့္ ေဒသခံတခ်ဳိ႕ ျပန္လာၾကပါတယ္။ ဒါေပမယ့္ ေဒသခံေတြက အလုပ္အကိုင္မရွိလို႔ စားေသာက္ေရး အခက္အခဲျဖစ္လို႔ ထမင္းနပ္မွန္ေအာင္ မစားႏုိင္ဘူးလို႔ လြယ္ပသာရြာသားတဦးက ေျပာပါတယ္။ ေခ်ာင္းဆိုး ဖ်ားနာတဲ့သူေတြ မ်ားလာၿပီး တရြာလံုးနီးပါး ကိုဗစ္လကၡဏာလိုမ်ဳိး ျဖစ္ေနၾကတာလို႔ အခုလိုေျပာပါတယ္။

"ရြာတိုင္းဆိုလည္း ကိုဗစ္ေၾကာင့္ အဲ့လုိမ်ဳိး Lockdown ခ်တာရွိတယ္။ ထြက္ေျပးတဲ့ ေနရာတိုင္းလည္း အဲ့လိုမ်ဳိး အဆင္မေျပတာရွိတယ္ဗ်။ အခု ကိုဗစ္၊ ရြာဘက္မွာ ကိုဗစ္ေတာ့ မရွိဘူးဗ်။ ဟိုဥစၥာေတာ့ ဘယ္လိုေျပာမလဲ ရာသီတုပ္ေကြးေလာက္ပဲဗ်။ တရြာလံုးလိုလို အ့ဲလိုမ်ဳိးျဖစ္တယ္ဗ်၊ အဲ့လိုမ်ဳိး ကိုဗစ္ရဲ႕ သံသယနဲ႔ နည္းနည္းဆင္တယ္ဗ်။ အစားအေသာက္လည္း အဲ့လိုမ်ဳိးျဖစ္၊ တခါတေလဆိုေတာ့ အနံ႔ေပ်ာက္လာတယ္ဗ်။ အဲ့လုိမ်ဳိးျဖစ္ေနတယ္၊ ေခ်ာင္းလည္းဆိုးတယ္ဗ်။"

ဒီလိုအေျခအေနေတြ ျဖစ္ေနေပမယ့္ ကိုဗစ္ကပ္ေရာဂါ ျဖစ္မျဖစ္ စစ္ေဆးႏိုင္တဲ့ အေျခအေနလည္း မရွိၾကဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ေဆးဝါးအလံုအေလာက္ မရွိတာေၾကာင့္ ေဒသခံေတြဟာ ေနမေကာင္းျဖစ္ရင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ပဲ ကုသေနၾကရပါတယ္။ စစ္ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္အားလံုးက စစ္ပြဲေတြ အဆံုးသတ္ၿပီး ကိုယ့္ရြာမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျပန္ေနခ်င္တယ္လို႔ ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရှမ်းပြည် ဖယ်ခုံဒေသ စစ်ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အတော်လေး လိုအပ်နေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေကြား ကိုဗစ်ရောဂါ လက္ခဏာနဲ့ နေမကောင်းဖြစ်နေသူ အများအပြား ရှိနေကြပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတဝိုက်မှာလည်း စစ်တပ်တွေ တပ်စွဲထားတဲ့အတွက် စိုးရိမ်ကြောက်ရွံ့ပြီး နေရပ်မပြန်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း မခင်ဖြူထွေး ပြောပြပါမယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား အောက်တိုဘာလကုန်ပိုင်းတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကုန်ဆုံးကျေးရွာအုပ်စုနဲ့ ခေါင်းအိကျေးရွာအုပ်စုက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ နည်းနည်းလုံခြုံစိတ်ချရတဲ့ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေသလို နေထိုင်ကြရပါတယ်။ ဆောင်းတွင်းဝင်လာတာနဲ့အမျှ ရာသီဥတုက အေးလာတဲ့အတွက် အစားအသောက် ဆေးဝါးအပြင် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေကြသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ ထွက်ပြေး တိမ်းရှောင်နေရသူ ကသဲရွာခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အရင်ရက်ပိုင်းက ရာသီတုပ်ကွေးများတော့ ဖျားနာတာများတယ်၊ တော်တော်များပါတယ်၊ တရွာဆိုရင် အနည်းဆုံး ၁၀ ယောက် ၁၅ ယောက် ဖျားကြပါတယ်။ တအား ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး၊ ပုံမှန်လောက်ပါပဲ။ ပြင်းထန်တာက ၂ ယောက် ၃ ယောက် အဲ့လောက်ပါ။ အခု ဒီလတ်တလောတော့ အဆင်ပြေသေးတယ်။ နောက်တပတ် နှစ်ပတ်ဆိုတော့ အဆင်မပြေလောက်တော့ဘူး ထင်တယ်။ စားသောက်ရေးတို့ ဘာတို့ ဖြစ်သလိုပဲ စားသောက်နေရတာပေါ့။ အဖက်ဖက် လိုအပ်တာပေါ့။ နောက်ပြီး ဆောင်းတွင်းလည်း ဝင်ပြီဆိုတော့ စောင်တွေ ဘာတွေ အနွေးထည်တို့လည်း ပိုပိုလိုမယ်။"

စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်ကုန်နဲ့ စောင်၊ အင်္ကျီအဝတ်အစားတွေကို ဖယ်ခုံနဲ့ လွိုင်ကော်ဘက်က ပရဟိတအဖွဲ့တွေက နှစ်ကြိမ်လောက် လာရောက် လှူဒါန်းပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရေရှည်အတွက် အများကြီး လိုအပ်ချက် ရှိသေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကင်းစခန်းတခုကို ဖယ်ခုံ PDF က တိုက်ခိုက်ခဲ့ရာကစပြီး ဖယ်ခုံမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ ခေါင်းအိကျေးရွာအုပ်စုမှာဆိုရင် နိုဝင်ဘာ ၂ ရက်နေ့ကစပြီး နိုဝင်ဘာ ၇ ရက် မနေ့ကထိ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

လွယ်ပသာရွာ၊ ပူချယ်ရွာ၊ ကုန်ဆုံရွာနဲ့ လုံကာရွာတွေနားမှာ စစ်တပ်လှုပ်ရှားမှုတွေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ကြောက်ရွံ့ပြီး ထွက်ပြေးနေကြတာပါ။ လွယ်ပသာရွာဘက် လောလောဆယ် တိုက်ခိုက်မှုတွေ မရှိဘဲ ငြိမ်နေတာကြောင့် ဒေသခံတချို့ ပြန်လာကြပါတယ်။ ဒါပေမယ့် ဒေသခံတွေက အလုပ်အကိုင်မရှိလို့ စားသောက်ရေး အခက်အခဲဖြစ်လို့ ထမင်းနပ်မှန်အောင် မစားနိုင်ဘူးလို့ လွယ်ပသာရွာသားတဦးက ပြောပါတယ်။ ချောင်းဆိုး ဖျားနာတဲ့သူတွေ များလာပြီး တရွာလုံးနီးပါး ကိုဗစ်လက္ခဏာလိုမျိုး ဖြစ်နေကြတာလို့ အခုလိုပြောပါတယ်။

"ရွာတိုင်းဆိုလည်း ကိုဗစ်ကြောင့် အဲ့လိုမျိုး Lockdown ချတာရှိတယ်။ ထွက်ပြေးတဲ့ နေရာတိုင်းလည်း အဲ့လိုမျိုး အဆင်မပြေတာရှိတယ်ဗျ။ အခု ကိုဗစ်၊ ရွာဘက်မှာ ကိုဗစ်တော့ မရှိဘူးဗျ။ ဟိုဥစ္စာတော့ ဘယ်လိုပြောမလဲ ရာသီတုပ်ကွေးလောက်ပဲဗျ။ တရွာလုံးလိုလို အဲ့လိုမျိုးဖြစ်တယ်ဗျ၊ အဲ့လိုမျိုး ကိုဗစ်ရဲ့ သံသယနဲ့ နည်းနည်းဆင်တယ်ဗျ။ အစားအသောက်လည်း အဲ့လိုမျိုးဖြစ်၊ တခါတလေဆိုတော့ အနံ့ပျောက်လာတယ်ဗျ။ အဲ့လိုမျိုးဖြစ်နေတယ်၊ ချောင်းလည်းဆိုးတယ်ဗျ။"

ဒီလိုအခြေအနေတွေ ဖြစ်နေပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်မဖြစ် စစ်ဆေးနိုင်တဲ့ အခြေအနေလည်း မရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆေးဝါးအလုံအလောက် မရှိတာကြောင့် ဒေသခံတွေဟာ နေမကောင်းဖြစ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုသနေကြရပါတယ်။ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်အားလုံးက စစ်ပွဲတွေ အဆုံးသတ်ပြီး ကိုယ့်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေချင်တယ်လို့ ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG