သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကြိုးပမ်းမှု တရုတ်ဝေဖန်

မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ရာဇဝတ်ရုံးက ဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းမှုကို ဝေဖန်လိုက်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ရာဇဝတ်ရုံးက ဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းမှုကို ဝေဖန်လိုက်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုနေပေမဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဝေဖန်လိုက်ပါတယ်။

“ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ပဲ ပြောလိုက်တာပါ။

တရားစီရင်ရေး အခြေခံမူတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူတွေ၊ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုမှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ Rome Statute သဘောတူစာချုပ် အတိုင်း လိုက်နာမှု စတဲ့မူတွေကိုတရုတ်နိုင်ငံက ကြပ်ကြမ်မတ်မတ်လိုက်နာတယ်လို့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ လုံခြုံရေးကောင်စီက ဖမ်းဝရမ်းထုတ်ခိုင်းတာမဟုတ်ဘဲနဲ့ Rome Statute စာချူပ်မှာ လက်မှတ်ထိုးမထားတဲ့နိုင်ငံတွေမှာ ICC ရဲ့ လုပ်ပိုင်ခွင့် မရှိတာကိုလည်း သူကထောက်ပြ ထားပါတယ်။ Rome Statute စာချူပ်မှာ လက်မှတ်ထိုးထားခြင်း မရှိတဲ့ နိုင်ငံတွေထဲမှာတရုတ်နိုင်ငံ ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်သလို ICC ပြောကြားချက်တွေကိုလည်း အသိအမှတ်မပြုကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကစတင်ဆောင်ရွက်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M ကတော့ ကြိုဆိုခဲ့တာပါ။ နိုင်ငံတကာဥပေဒတွေအရအကြီးလေးဆုံးပြစ်မှုတွေကို မြန်မာတနိုင်ငံလုံးမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဆက်လက်ကျူးလွန်နေချိန်ဖြစ်လို့ ဒီကြိုးပမ်းမှုဟာ အချိန်အရ အသင့်တော်ဆုံးနဲ့ အကြိုဆိုသင့်ဆုံးဖြစ်တယ်လို့ SAC-M အထူးအကြံပေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကျူးလွန်သူတွေအရေးယူမခံရဘဲ လွတ်မြောက်နေတာကြောင့် တနိုင်ငံလုံးမှာ အကြမ်းဖက်ခံနေ ရသူတွေအနေနဲ့ တရားမျှတမှု မရနိုင်ကြတဲ့ အခြေအနေဖြစ်နေချိန်မှာ ဒီဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုဟာ အရေးယူနိုင်ဖို့ ခြေတလှမ်း ပိုနီးသွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ စစ်တပ်ရဲ့ ဆိုးဝါး ရက်စက်တဲ့ကျူးလွန်မှုတွေအတွက်တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆိုနေရဆဲဆိုတာကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

SAC-M အထူးအကြံပေး ကောင်စီအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Dr. Yanghee Lee ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးစုံစမ်းရေးမှူးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီအတွက် အစီရင်စာတွေပြုစုခဲ့သူဖြစ်ပါတယ်။

စစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကြိုးပမ်းမှု တရုတ်ဝေဖန်
please wait

No media source currently available

0:00 0:02:17 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG