သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကုလ ဆက်လက် စုံစမ်းမည်


ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman
ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေတွေကိုချိုးဖေါက်တဲ့ ပြစ်မှုကျုးလွန်မှုတွေရှိ မရှိ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ မတရား အနိုင်ကျင့်မှုတွေ အပြင်းအထန် ရှိနေသလား ဆိုတာတွေကိုသိနိုင်ဖို့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ် ပြန်ချက်မှာ မနေ့ကဖေါ်ပြထားပါတယ်။ ဒီစုံစမ်းစစ်ဆေးမှု ကတွေ့ရှိချက် တွေကို စက်တင်ဘာလကျရင် ကုလသမဂ္ဂလူ့ အခွင့် အရေးကောင်စီမှာ တင်ပြဖို့ ပြင်ဆင်နေတာပါ။

အဲဒီအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman က မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၊ အထွေထွေ ညီလာခံနဲ့ လူ့အခွင့် အရေး ကောင်စီတွေကို သူတို့အဖွဲ့က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တင်ပြခဲ့ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ အနည်းအကျဉ်း တိုးတက်လာခဲ့တယ်ဆိုပေမယ့်လည်း လူ့အခွင့် အရေးချိုးဖေါက်မှု ပြဿနာတွေ အဆုံးသတ်ဖို့ ကတော့ အဝေးကြီး လိုသေးတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေကဆက် ဖြစ်နေပြီး တခြားဒေသတွေမှာပါ တင်းမာမှုတွေတိုးလာနေတယ်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ က ရပ်မသွားပဲဖြစ်နေ တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှု လုပ်ထုံးလုပ်နည်း တရပ်လည်း ချမှတ်ထားပြီး အဲဒီလုပ်ထုံးလုပ်နည်းအရ ၂၀၁၁ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာဥပဒေတွေကိုချိုးဖေါက်တဲ့ ပြစ်မှုကျူးလွန်မှုတွေ ရှိမရှိ ဆိုတာကို အချက်အလက်ရှာဖွေရေးအဖွဲ့က အထောက် အထားတွေ၊ ဆန်းစစ်မှုတွေ၊ စုဆောင်းမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အသစ်က အချက်အလက် ရှာဖွေရေးအဖွဲ့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ် လို့ဆိုပါတယ်။

ဒီအဖွဲ့က ပိုပြီး ထဲထဲဝင်ဝင် အချက် လက်ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး ဒီအဖွဲ့ရဲ့ အကြံပေး တိုက်တွန်းချက်တွေကိုလည်း မြန်မာအစိုးရ က လိုက်နာ ဖို့လိုတယ်လို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောပါတယ်။ မြန်မာအစိုးရ ကတော့ ကုလသမဂ္ဂရဲ့ အဲဒီအချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာပြည် လာခွင့် မပေးပါဘူး။

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကုလ ဆက်လက် စုံစမ်းမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG