(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ၂ ႏွစ္ေက်ာ္ၾကာ ပိတ္ထားတဲ့ ႏိုင္ငံတကာ ေလေၾကာင္းလိုင္း အဝင္အထြက္ကို သႀကၤန္အၿပီး ျမန္မာႏွစ္ဆန္း၁ ရက္ ဧၿပီ ၁၇ ရက္ေန႔မွာ ျပန္ဖြင့္ပါေတာ့မယ္။
ျမန္မာႏိုင္ငံထဲ COVID-19 ကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္း သိသိသာသာ က်ဆင္းလာၿပီး ႏိုင္ငံျခား ခရီးသြားလုပ္ငန္း တိုးတက္ေရး ႏိုင္ငံျခားသားေတြ လာရလြယ္ကူေစဖို႔ အခုလို ျပန္ဖြင့္မွာျဖစ္တယ္လို႔ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီရဲ႕ ေသာၾကာေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အရင္ကေတာ့ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းေတြနဲ႔ ႏိုင္ငံျခားသား ဝင္ေရာက္မႈေတြကို ၂၀၂၀ မတ္လကုန္ပိုင္းကေန စၿပီးေတာ့ ပိတ္ထားခဲ့ၿပီး ေတာက္ေလွ်ာက္ သက္တမ္းတိုးလာခဲ့တာပါ။
ျမန္မာႏိုင္ငံထဲ ကိုဗစ္ဒဏ္ေၾကာင့္ ခရီးသြားလုပ္ငန္းေတြ စထိခိုက္ခဲ့ရၿပီး မႏွစ္က စစ္အာဏာသိမ္းေနာက္ပိုင္း ေသြးထြက္သံယို အၾကမ္းဖက္မႈေတြေၾကာင့္ ႏိုင္ငံတကာ ခရီးသြားလုပ္ငန္းေတြ ပိုထိခိုက္လာခဲ့ရတယ္လို႔ ခရီးသြားလုပ္ငန္းရွင္ေတြက ဆိုပါတယ္။
အခုလို ႏိုင္ငံျခားသားဝင္ေရာက္ခြင့္ ျပန္ဖြင့္လိုက္ေပမယ့္ ဝင္ေရာက္လာသူေတြအေနနဲ႔ ကာကြယ္ေဆး အျပည့္ထိုးတာၿပီးတာအျပင္ သီတင္းတပတ္ၾကာ Quarantine သီးသန႔္ခြဲေနရမွာျဖစ္ကာ PCR ကိုဗစ္စစ္ေဆးမႈ ႏွစ္ႀကိမ္လုပ္ရမွာ ျဖစ္ပါတယ္။
ကိုဗစ္ဒဏ္သင့္ ျမန္မာ့စီးပြားေရးဟာလည္း စစ္အာဏာသိမ္းအၿပီး ဘဏ္လုပ္ငန္းဂယက္နဲ႔ ေငြေၾကးမတည္ၿငိမ္မႈ ႀကဳံရကာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႀကီး တခ်ိဳ႕ ဆက္တိုက္ထြက္ကုန္ၾကခ်ိန္ ျမန္မာ့႐ိုးရာႏွစ္သစ္ သႀကၤန္ကာလအၿပီးမွာ အခုလို ႏိုင္ငံတကာခရီးသြား ျပန္ဖြင့္ဖို႔ စစ္ေကာင္စီက စီစဥ္လာတာ ျဖစ္ပါတယ္။
-----------------------------
(Unicode)
နိုင်ငံတကာလေယာဉ် မြန်မာအဝင်အထွက် ဧပြီ ၁၇ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ထုတ်ပြန်ထား
မြန်မာနိုင်ငံမှာ ၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်း အဝင်အထွက်ကို သင်္ကြန်အပြီး မြန်မာနှစ်ဆန်း၁ ရက် ဧပြီ ၁၇ ရက်နေ့မှာ ပြန်ဖွင့်ပါတော့မယ်။
မြန်မာနိုင်ငံထဲ COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း သိသိသာသာ ကျဆင်းလာပြီး နိုင်ငံခြား ခရီးသွားလုပ်ငန်း တိုးတက်ရေး နိုင်ငံခြားသားတွေ လာရလွယ်ကူစေဖို့ အခုလို ပြန်ဖွင့်မှာဖြစ်တယ်လို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရင်ကတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ နိုင်ငံခြားသား ဝင်ရောက်မှုတွေကို ၂၀၂၀ မတ်လကုန်ပိုင်းကနေ စပြီးတော့ ပိတ်ထားခဲ့ပြီး တောက်လျှောက် သက်တမ်းတိုးလာခဲ့တာပါ။
မြန်မာနိုင်ငံထဲ ကိုဗစ်ဒဏ်ကြောင့် ခရီးသွားလုပ်ငန်းတွေ စထိခိုက်ခဲ့ရပြီး မနှစ်က စစ်အာဏာသိမ်းနောက်ပိုင်း သွေးထွက်သံယို အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပိုထိခိုက်လာခဲ့ရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုပါတယ်။
အခုလို နိုင်ငံခြားသားဝင်ရောက်ခွင့် ပြန်ဖွင့်လိုက်ပေမယ့် ဝင်ရောက်လာသူတွေအနေနဲ့ ကာကွယ်ဆေး အပြည့်ထိုးတာပြီးတာအပြင် သီတင်းတပတ်ကြာ Quarantine သီးသန့်ခွဲနေရမှာဖြစ်ကာ PCR ကိုဗစ်စစ်ဆေးမှု နှစ်ကြိမ်လုပ်ရမှာ ဖြစ်ပါတယ်။
ကိုဗစ်ဒဏ်သင့် မြန်မာ့စီးပွားရေးဟာလည်း စစ်အာဏာသိမ်းအပြီး ဘဏ်လုပ်ငန်းဂယက်နဲ့ ငွေကြေးမတည်ငြိမ်မှု ကြုံရကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီး တချို့ ဆက်တိုက်ထွက်ကုန်ကြချိန် မြန်မာ့ရိုးရာနှစ်သစ် သင်္ကြန်ကာလအပြီးမှာ အခုလို နိုင်ငံတကာခရီးသွား ပြန်ဖွင့်ဖို့ စစ်ကောင်စီက စီစဉ်လာတာ ဖြစ်ပါတယ်။