သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အရွိန္ရဖို႔ အခက္ၾကံဳေနတဲ႔ ခရီးသြားလုပ္ငန္း


(Zawgyi / Unicode)

ကပ္ေရာဂါေဘးေၾကာင့္ ရပ္နားခဲ့ရတဲ့ ျပည္တြင္းခရီးသြားလုပ္ငန္းေတြ နာလန္ျပန္ထႏိုင္ဖို႔ အားယူေနရတဲ့ကာလမွာပဲ ႏိုင္ငံေရးပဋိပကၡေတြေၾကာင့္ ပုံမွန္ျပန္လည္ပတ္ႏိုင္ဖို႔ အခက္အခဲေတြ ရွိေနပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္ခရီးသြားရာသီမွာ ျပည္တြင္းက ေနရာတခ်ိဳ႕ဆီ ဧည့္သည္ျပန္လည္ဝင္ေရာက္တာ ရွိလာတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုေဇာ္မိုးေက်ာ္ ေျပာျပမွာပါ။

ကိုဗစ္ကပ္ေဘးေၾကာင့္ ၂၀၂၀ ခုႏွစ္ကစၿပီး ျမန္မာျပည္တြင္းမွာ သြားလာမႈကန္႔သတ္တဲ့ ကပ္ေရာဂါ စည္းမ်ဥ္းေတြ ထုတ္ျပန္ခဲ့သလို ခရီးသြားလာမႈေတြ ေ႐ွာင္ဖုိ႔ သတိေပးခ်က္ေတြ ႐ွိခဲ့ပါတယ္။ မိုးအကုန္ ခရီးသြားရာသီခ်ိန္ ေရာက္ရင္ ျပည္တြင္းျပည္ပ ဧည့္သည္ေတြ အမ်ားအျပားနဲ႔ စည္ကားေလ့ရွိတဲ့ အထင္ကရေနရာေတြမွာဆို ျပည္တြင္းဧည့္သည္ေတြပါ မရွိေတာ့လို႔ လုပ္ငန္းေတြရပ္နားလိုက္ရတဲ့အထိ ႀကဳံခဲ့ရတာပါ။ ဒီထဲမွာ ဧည့္အလာမ်ားတဲ့ ပုဂံေဒသလည္း ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ပုဂံေဒသမွာ ကိုဗစ္မတိုင္ခင္ကာလထက္စာရင္ အခုရက္ပိုင္းထဲ ဧည့္ဝင္တာမ်ားလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခရစၥမတ္ကာလနဲ႔ တဆက္တည္း လာမယ့္ ႏွစ္သစ္ကူးရက္ေတြအထိ ေဒသစုံက ျပည္တြင္းခရီးသြားေတြ ေရာက္လာႏိုင္တယ္လို႔ ပုဂံဧည့္လမ္းၫႊန္ ကိုထြန္းကေျပာပါတယ္။

"ဧည့္လာတာ နည္းနည္းမ်ားတယ္။ တခ်ိဳ႕ဟိုတယ္ေတြကေတာ့ ဖြင့္တယ္၊ တခ်ိဳ႕ဟိုတယ္ေတြကေတာ့ မဖြင့္ဘူး။ မဖြင့္တဲ့ ဟိုတယ္ေတြလည္း ရွိတယ္။ ကိုဗစ္အခ်ိန္တုန္းက ျမန္မာေရာ၊ ႏိုင္ငံျခားသားေရာ ရပ္သြားတာ အခု ဒီရက္ပိုင္းလာတဲ့ အေနအထားေလးကေတာ့ အဲဒီကာလထက္ ပိုတဲ့အေနအထားရွိတယ္။ အခု ကိုဗစ္ကလည္း ၿငိမ္ေနတဲ့အေနအထား ဆိုတဲ့အခါက်ေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြက ရပ္သြားတဲ့ အေနအထားထက္စာရင္ ဒီႏွစ္အေနအထားေလးကေတာ့ ဧည့္သည္လာတယ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ စည္လာတယ္လို႔ ေျပာလို႔ရတယ္။ ဒီရက္ပိုင္းေလး တရက္၊ ႏွစ္ရက္ေပါ့။"

ပုဂံေဒသမွာ ခရီးသြားေတြ ျပန္ဝင္လာၿပီဆိုေပမယ့္ ကိုဗစ္မတိုင္မီ အရင္ကာလအေျခအေနကိုေတာ့ မမီွေသးပါဘူး။ အခုထက္ထိ ျပန္မလည္ပတ္ႏိုင္ေသးတဲ့ ဟိုတယ္လုပ္ငန္းေတြလည္း ရွိေနပါတယ္။ ျပည္တြင္းခရီးသြားေတြ ဝင္လာေနတဲ့ အတြက္ ေဒသခံရဲ႕ အလုပ္အကိုင္ေတြ ျပန္လည္နာလန္ထူႏိုင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ တက္ေနပါတယ္။ စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ကာလျဖစ္ေပမယ့္ ပုဂံေဒသကိုေတာ့ ခရီးသြားေတြ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ လာေရာက္လည္ပတ္ႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ခရီးသြားဧည့္သည္ေတြကို အဓိက မွီခိုၿပီး ဝင္ေငြ႐ွာေနရတဲ့ ေဒသျဖစ္တာမို႔ ဧည့္သည္မ႐ွိရင္ ဝင္ေငြ မရႏိုင္ဘဲ အခက္အခဲေတြ႔ၾကရပါတယ္။ နာလန္ထူစ ပုဂံေဒသရဲ႕ ခရီးသြားလုပ္ငန္းကေတာ့ ဆက္ၿပီး႐ုန္းကန္ေနရတုန္းပဲလို႔ ကိုဗစ္မတိုင္ခင္ကာလက အေျခအေနနဲ႔ ႏႈိင္းယွဥ္ၿပီး ကိုထြန္းက ေျပာပါတယ္။

"အဲဒီရက္အေနအထားေတြတုန္းက ဘုန္းႀကီးေက်ာင္းေတြေရာ၊ ဟိုတယ္ေတြေရာ၊ တည္းခိုခန္းေတြေရာ ျပည့္လို႔ အိမ္ေတြဘာေတြကအစ အကူအညီေတာင္းၿပီးကာမွ ေနၾကရတဲ့အေနအထားကို။ ဘုရားေတြထဲမွာဆိုရင္ ျမန္မာေတြေတာင္ ျပည့္လြန္းေနလို႔ ကမာၻလွည့္ခရီးသြားေတာင္ မလိုဘူး၊ ျမန္မာနဲ႔ေတာင္ အဆင္ေျပတယ္ ဘာညာေတာင္ေျပာေနၾကတဲ့ အေနအထားမ်ိဳးထိ ျဖစ္တာေလ။ အခုက အဲဒီအေနအထား မရွိပါဘူး။"

ျပည္တြင္းခရီးသြားေတြ အလည္အပတ္မ်ားတဲ့ ေနရာေတြထဲကတခုျဖစ္တဲ့ ရွမ္းျပည္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳေဒသက ႐ႈခင္းလွတဲ့ တိမ္ပင္လယ္ဆီလည္း အခုရက္ပိုင္းမွာ ဧည့္သည္ဝင္ေရာက္မႈ ျပန္ရွိလာပါတယ္။ ေနာင္ခ်ိဳမွာ တိမ္ပင္လယ္ၾကည့္ဖို႔အတြက္ ခရီးသြားေတြနားခိုႏိုင္ဖို႔ တည္းခိုစရာစခန္း ၁၀ ခု ေလာက္ရွိေပမယ့္ အခုေလာေလာဆယ္ စခန္း ၄ ခုေလာက္သာ ျပန္လည္ပတ္ႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ ဒီဇင္ဘာလဆန္း ေလာက္ကစၿပီး ဧည့္သည္ေတြ ေနာင္ခ်ဳိတိမ္ပင္လယ္ဘက္ ျပန္ေရာက္လာတာ ရက္ေပါင္း ၂၀ ေလာက္သာ႐ွိေသးတဲ့အတြက္ လုပ္ငန္းေတြ ျပန္လည္နာလန္ မထူႏိုင္လွေသးဘူးလို႔ ခရီးသြားလုပ္ငန္းေတြက ေျပာပါတယ္။

ျပည္တြင္း ေနရာစုံကလာတဲ့ ခရီးသြားေတြ ခရစၥမတ္ပြဲေတာ္ ကာလကစၿပီး တိုးလာတယ္လို႔ ခရီးသြားလုပ္ငန္းလုပ္ေနသူ ကိုေကာင္းမြန္ကေျပာပါတယ္။

"ပုံမွန္ဆိုတာထက္ ဒီႏွစ္ကေတာ့ ဧည့္သည္ေတြ စိတ္ပဲမြန္းၾကပ္ေနလို႔လား မသိဘူး၊ ခါတိုင္းႏွစ္ထက္ေတာ့ ပိုတိုးတယ္ဗ်။ ခရီးသြားအေနအနဲ႔ဆို ကိုဗစ္ကေတာ့ ေတာ္ေတာ္ေတာ့ ထိန္းခ်ဳပ္ႏိုင္ပါၿပီ။ ႏိုင္ငံေရးနဲ႔ ပတ္သက္လို႔ေတာ့ က်ေနာ္တို႔နယ္ေျမက ေအးခ်မ္းေနပါတယ္၊ ေနာင္ခ်ိဳၿမိဳ႕ေလးနဲ႔ အခု တိမ္ပင္လယ္ေက်း႐ြာေပါ့။ အေဝးကလာတဲ့ဧည့္သည္ေရာ ဘာအခက္အခဲမွ မရွိပါဘူးလို႔။

တခ်ိဳ႕က်ေတာ့ က်ေနာ္တို႔က ရွမ္းျပည္နယ္ပိုင္းမွာ ဖြင့္ထားတယ္ဆိုေပမယ့္ သံသယေပါ့ေနာ္၊ ဒီျပည္နယ္မွာ မေအးခ်မ္းတာတို႔၊ မလာရဲတာတို႔ အဲလိုမ်ိဳးရွိတယ္။ အခု က်ေနာ္တို႔ဘက္မွာေတာ့ ေအးခ်မ္းပါတယ္။ တကယ္လို႔ လာခ်င္တယ္ဆိုရင္ ေအးေအးခ်မ္းခ်မ္းနဲ႔ ယုံယုံၾကည္ၾကည္လာလို႔ ရပါတယ္ဆိုတာေလးပဲ ေျပာဖို႔ရွိပါတယ္၊ က်န္တာေတာ့ မလိုပါဘူးဗ်။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေဘးနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈ အက်ပ္အတည္းေတြရဲ႕ ေပါင္းစပ္မႈေၾကာင့္ ၿမိဳ႕ျပလူဦးေရရဲ႕ ဆင္းရဲမြဲေတမႈအေရအတြဟာ ၃ ဆေလာက္ တိုးလာမယ္လို႔ ကုလသမဂၢ ဖြံ႕ၿဖိဳးမႈ အစီအစဥ္ UNDP ရဲ႕ စစ္တမ္းကလည္း ေဖာ္ျပထားပါတယ္။ ဒီထဲမွာ ထိခိုက္ရတဲ့လုပ္ငန္းေတြထဲ ခရီးသြားလုပ္ငန္းလည္း တခုအပါအဝင္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ခရီးသြားရာသီျပန္စၿပီ ဆိုေပမယ့္ အခက္အခဲေတြၾကား နာလန္ထဖို႔ ႐ုန္းကန္ေနရတဲ့ ခရီးသြားလုပ္ငန္းေတြဟာ အခုခ်ိန္ထိ ခက္ခဲေနတုန္းပဲလို႔ ျပည္တြင္းခရီးသြား လုပ္ငန္းရွင္ေတြကလည္း ေျပာပါတယ္။ ဒီလုပ္ငန္းေတြ နာလန္ထႏိုင္ဖို႔ ခက္ခဲေနတာနဲ႔အမွ် ဒီအေပၚမွာ မွီခိုေနရတဲ့ ေဒသခံေတြရဲ႕ ရွင္သန္ရပ္တည္ႏိုင္ေရးဟာလည္း အခက္အခဲေတြရွိေနတယ္လို႔ ေျပာပါတယ္။

အရွိန္ရဖို႔ အခက္ၾကံဳေနတဲ႔ ခရီးသြားလုပ္ငန္း
please wait

No media source currently available

0:00 0:05:01 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

အရှိန်ရဖို့ အခက်ကြုံနေတဲ့ ခရီးသွားလုပ်ငန်း

ကပ်ရောဂါဘေးကြောင့် ရပ်နားခဲ့ရတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထနိုင်ဖို့ အားယူနေရတဲ့ကာလမှာပဲ နိုင်ငံရေးပဋိပက္ခတွေကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ခရီးသွားရာသီမှာ ပြည်တွင်းက နေရာတချို့ဆီ ဧည့်သည်ပြန်လည်ဝင်ရောက်တာ ရှိလာတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုဇော်မိုးကျော် ပြောပြမှာပါ။

ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်ကစပြီး မြန်မာပြည်တွင်းမှာ သွားလာမှုကန့်သတ်တဲ့ ကပ်ရောဂါ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့သလို ခရီးသွားလာမှုတွေ ရှောင်ဖို့ သတိပေးချက်တွေ ရှိခဲ့ပါတယ်။ မိုးအကုန် ခရီးသွားရာသီချိန် ရောက်ရင် ပြည်တွင်းပြည်ပ ဧည့်သည်တွေ အများအပြားနဲ့ စည်ကားလေ့ရှိတဲ့ အထင်ကရနေရာတွေမှာဆို ပြည်တွင်းဧည့်သည်တွေပါ မရှိတော့လို့ လုပ်ငန်းတွေရပ်နားလိုက်ရတဲ့အထိ ကြုံခဲ့ရတာပါ။

ဒီထဲမှာ ဧည့်အလာများတဲ့ ပုဂံဒေသလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပုဂံဒေသမှာ ကိုဗစ်မတိုင်ခင်ကာလထက်စာရင် အခုရက်ပိုင်းထဲ ဧည့်ဝင်တာများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရစ္စမတ်ကာလနဲ့ တဆက်တည်း လာမယ့် နှစ်သစ်ကူးရက်တွေအထိ ဒေသစုံက ပြည်တွင်းခရီးသွားတွေ ရောက်လာနိုင်တယ်လို့ ပုဂံဧည့်လမ်းညွှန် ကိုထွန်းကပြောပါတယ်။
"ဧည့်လာတာ နည်းနည်းများတယ်။

တချို့ဟိုတယ်တွေကတော့ ဖွင့်တယ်၊ တချို့ဟိုတယ်တွေကတော့ မဖွင့်ဘူး။ မဖွင့်တဲ့ ဟိုတယ်တွေလည်း ရှိတယ်။ ကိုဗစ်အချိန်တုန်းက မြန်မာရော၊ နိုင်ငံခြားသားရော ရပ်သွားတာ အခု ဒီရက်ပိုင်းလာတဲ့ အနေအထားလေးကတော့ အဲဒီကာလထက် ပိုတဲ့အနေအထားရှိတယ်။ အခု ကိုဗစ်ကလည်း ငြိမ်နေတဲ့အနေအထား ဆိုတဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်တွေက ရပ်သွားတဲ့ အနေအထားထက်စာရင် ဒီနှစ်အနေအထားလေးကတော့ ဧည့်သည်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ စည်လာတယ်လို့ ပြောလို့ရတယ်။ဒီရက်ပိုင်းလေး တရက်၊ နှစ်ရက်ပေါ့။"

ပုဂံဒေသမှာ ခရီးသွားတွေ ပြန်ဝင်လာပြီဆိုပေမယ့် ကိုဗစ်မတိုင်မီ အရင်ကာလအခြေအနေကိုတော့ မမှီသေးပါဘူး။ အခုထက်ထိ ပြန်မလည်ပတ်နိုင်သေးတဲ့ ဟိုတယ်လုပ်ငန်းတွေလည်း ရှိနေပါတယ်။ ပြည်တွင်းခရီးသွားတွေ ဝင်လာနေတဲ့ အတွက် ဒေသခံရဲ့ အလုပ်အကိုင်တွေ ပြန်လည်နာလန်ထူနိုင်ဖို့ မျှော်လင့်ချက်တွေ တက်နေပါတယ်။

စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ ကာလဖြစ်ပေမယ့် ပုဂံဒေသကိုတော့ ခရီးသွားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ လာရောက်လည်ပတ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသွားဧည့်သည်တွေကို အဓိက မှီခိုပြီး ဝင်ငွေရှာနေရတဲ့ ဒေသဖြစ်တာမို့ ဧည့်သည်မရှိရင် ဝင်ငွေ မရနိုင်ဘဲ အခက်အခဲတွေ့ကြရပါတယ်။ နာလန်ထူစ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကတော့ ဆက်ပြီးရုန်းကန်နေရတုန်းပဲလို့ ကိုဗစ်မတိုင်ခင်ကာလက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ကိုထွန်းက ပြောပါတယ်။

"အဲဒီရက်အနေအထားတွေတုန်းက ဘုန်းကြီးကျောင်းတွေရော၊ ဟိုတယ်တွေရော၊ တည်းခိုခန်းတွေရော ပြည့်လို့ အိမ်တွေဘာတွေကအစ အကူအညီတောင်းပြီးကာမှ နေကြရတဲ့အနေအထားကို။ ဘုရားတွေထဲမှာဆိုရင် မြန်မာတွေတောင် ပြည့်လွန်းနေလို့ ကမ္ဘာလှည့်ခရီးသွားတောင် မလိုဘူး၊ မြန်မာနဲ့တောင် အဆင်ပြေတယ် ဘာညာတောင်ပြောနေကြတဲ့ အနေအထားမျိုးထိ ဖြစ်တာလေ။ အခုက အဲဒီအနေအထား မရှိပါဘူး။"

ပြည်တွင်းခရီးသွားတွေ အလည်အပတ်များတဲ့ နေရာတွေထဲကတခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုဒေသက ရှုခင်းလှတဲ့ တိမ်ပင်လယ်ဆီလည်း အခုရက်ပိုင်းမှာ ဧည့်သည်ဝင်ရောက်မှု ပြန်ရှိလာပါတယ်။ နောင်ချိုမှာ တိမ်ပင်လယ်ကြည့်ဖို့အတွက် ခရီးသွားတွေနားခိုနိုင်ဖို့ တည်းခိုစရာစခန်း ၁၀ ခု လောက်ရှိပေမယ့် အခုလောလောဆယ် စခန်း ၄ ခုလောက်သာ ပြန်လည်ပတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်း လောက်ကစပြီး ဧည့်သည်တွေ နောင်ချိုတိမ်ပင်လယ်ဘက် ပြန်ရောက်လာတာ ရက်ပေါင်း ၂၀ လောက်သာရှိသေးတဲ့အတွက် လုပ်ငန်းတွေ ပြန်လည်နာလန် မထူနိုင်လှသေးဘူးလို့ ခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။

ပြည်တွင်း နေရာစုံကလာတဲ့ ခရီးသွားတွေ ခရစ္စမတ်ပွဲတော် ကာလကစပြီး တိုးလာတယ်လို့ ခရီးသွားလုပ်ငန်းလုပ်နေသူ ကိုကောင်းမွန်ကပြောပါတယ်။


"ပုံမှန်ဆိုတာထက် ဒီနှစ်ကတော့ ဧည့်သည်တွေ စိတ်ပဲမွန်းကြပ်နေလို့လား မသိဘူး၊ ခါတိုင်းနှစ်ထက်တော့ ပိုတိုးတယ်ဗျ။ ခရီးသွားအနေအနဲ့ဆို ကိုဗစ်ကတော့ တော်တော်တော့ ထိန်းချုပ်နိုင်ပါပြီ။

နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ကျနော်တို့နယ်မြေက အေးချမ်းနေပါတယ်၊ နောင်ချိုမြို့လေးနဲ့ အခု တိမ်ပင်လယ်ကျေးရွာပေါ့။ အဝေးကလာတဲ့ဧည့်သည်ရော ဘာအခက်အခဲမှ မရှိပါဘူးလို့။ တချို့ကျတော့ ကျနော်တို့က ရှမ်းပြည်နယ်ပိုင်းမှာ ဖွင့်ထားတယ်ဆိုပေမယ့် သံသယပေါ့နော်၊ ဒီပြည်နယ်မှာ မအေးချမ်းတာတို့၊ မလာရဲတာတို့ အဲလိုမျိုးရှိတယ်။ အခု ကျနော်တို့ဘက်မှာတော့ အေးချမ်းပါတယ်။ တကယ်လို့ လာချင်တယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ ယုံယုံကြည်ကြည်လာလို့ ရပါတယ်ဆိုတာလေးပဲ ပြောဖို့ရှိပါတယ်၊ ကျန်တာတော့ မလိုပါဘူးဗျ။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှု အကျပ်အတည်းတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှုအရေအတွဟာ ၃ ဆလောက် တိုးလာမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ စစ်တမ်းကလည်း ဖော်ပြထားပါတယ်။ ဒီထဲမှာ ထိခိုက်ရတဲ့လုပ်ငန်းတွေထဲ ခရီးသွားလုပ်ငန်းလည်း တခုအပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားရာသီပြန်စပြီ ဆိုပေမယ့် အခက်အခဲတွေကြား နာလန်ထဖို့ ရုန်းကန်နေရတဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုချိန်ထိ ခက်ခဲနေတုန်းပဲလို့ ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။ ဒီလုပ်ငန်းတွေ နာလန်ထနိုင်ဖို့ ခက်ခဲနေတာနဲ့အမျှ ဒီအပေါ်မှာ မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ရှင်သန်ရပ်တည်နိုင်ရေးဟာလည်း အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG