သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ရွည္လြန္းတဲ႔ေထာင္ဒဏ္ တရားစီရင္ေရးပံုရိပ္ကို ထိခိုက္ (ေရွ႕ေနဦးမင္းလြင္ဦး)


ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း နန္းခင္ေထြးျမင့္

Zawgyi

" ႏွစ္ရွည္လြန္းတဲ႔ေထာင္ဒဏ္ တရားစီရင္ေရးပံုရိပ္ကို ထိခိုက္ (ေရွ႕ေနဦးမင္းလြင္ဦး) "

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံထားရတဲ့ အမ်ိဳးသားဒီမုိကေရစီအဖဲြ့ခ်ဳပ္ ေခါင္းေဆာင္ေတြကုိ ေထာင္ဒါဏ္ႏွစ္ရွည္ေတြအဆမတန္ခ်မွတ္လုိက္ပါတယ္။ အခုလုိ ေထာင္ဒါဏ္ ေတြအဆမတန္ခ်မွတ္လုိက္တဲ့အတြက္ ျမန္မာႏုိင္ငံကတရားစီရင္ေရးဟာ ပ်က္ရယ္ျပုစရာတခုလိုျဖစ္ ေနတယ္လုိ့ ေျပာဆုိမွုေတြရွိပါတယ္။ ျမန္မာႏုိင္ငံက တရားစီရင္ေရးဟာ ဟန္ျပသာျဖစ္ၿပီး၊ လြတ္လပ္ တဲ့ရားစီရင္ေရးမဟုတ္ဘဲ လုံး၀ပ်က္ယြင္းယြားၿပီလုိ့သုံးသပ္ေျပာဆုိမွုေတြရွိပါတယ္။ လူ့အခြင့္အေရး ေရွ့ေန ဦးမင္းလြင္ဦးကုိ ဆက္သြယ္ေမးျမန္းၿပီး ကုိေဇာ္မုိးေက်ာ္က တင္ျပထားပါတယ္။

##

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းထားတဲ့ NLD အမ်ိဳးသားဒီမုိကေရစီအဖဲြ့ခ်ဳပ္ ေခါင္းေဆာင္ေတြကုိ ေထာင္ဒါဏ္အဆမတန္ေတြခ်မွတ္လုိက္ပါတယ္။ ဗုိလ္ႀကီး၀င္းထိန္းကုိ အႏွစ္ ၂၀၊ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကုိ ၇၅ ႏွစ္၊ ၀န္ႀကီးဦးသန္းႏုိင္တုိ့ကုိ အႏွစ္ ၉၀ ခ်မွတ္လုိက္ပါတယ္။ ဒီလုိေထာင္ဒါဏ္ေတြအဆမတန္ခ်မွတ္လုိက္တာနဲ့ပတ္သက္ၿပီး အာဏာ ၃ ရပ္လုံးကုိ စစ္တပ္ကသာခ်ဳပ္ကုိင္ထားတဲ့အတြက္ ျမန္မာႏုိင္ငံရဲ့ တရားစီရင္ ရေး ဟာ လြတ္လပ္တဲ့ တရားစီရင္ေရးမဟုတ္ေတာ့ဘဲ၊ ျပည္တြင္းကေရာ ျပည္ပကပါ ယုံၾကည္မွုမရွိပါဘူးလုိ့ လူ့အခြင့္အေရး ေရွ့ေန ဦးမင္းလြင္ဦးက အခုလိုေျပာပါတယ္။

ဦးမင္းလြင္ဦး။။ “လက္ရွိျမန္မာႏုိင္ငံကတရားစီရင္ေရးအေျခအေနကိုေတာ့ ႏုိင္ငံတကာကေနၿပီး ေတာ့ အယုံအၾကည္ မရွိႏုိင္ဘူးေလ ဘာျဖစ္လုိ့လဲဆုိေတာ့ အုပ္ခ်ဳပ္ေရးဘာျဖစ္လုိ့လဲဆုိေတာ့ အုပ္ခ်ဳပ္ေရးအာဏာ၊ ဥပေဒျပုေရးအာဏာ တရားစီရင္ေရးအာဏာ၊ အာဏာႀကီး ၃ ရပ္ကုိ စစ္ေကာင္ စီကေန ကုိင္စဲြထားၿပီးေတာ့ စစ္ေကာင္စီရဲ့အလုိက်ေအာက္ကေန ေဖၚေဆာင္ေပးေနရတာျဖစ္ တဲ့အတြက္ ကေနာ္တုိ့အခုလုိမ်ိဳး ႏွစ္ရွည္ေထာင္ဒါဏ္ေတြခ်မွတ္တဲ့ကိစၥက မထူးဆန္းဘူးလုိ့ေျပာရ ပါတယ္။ ဒါကဘာနဲ့တူလဲဆုိလုိ့ရွိရင္ က်ေနာ္တုိ့ ၁၉၈၈ အေရးအခင္းၿပီးတဲ့ေနာက္ပုိင္းးမွာလည္း အဲဒိ စစ္အုပ္ခ်ဳပ္ေရးကာလေတြမွာ ဒီလုိ ႏွစ္ရွည္ေထာင္ဒါဏ္ေတြခ်ခဲ့ဖူးတဲ့ အေတြ့အႀကုံေတြရွိခဲ့ဖူူးပါတယ္။ က်ေနာ္တုိ့ SNLD က ဥကၠဌ ဦးခြန္ထြန္းဦးတုိ့ဆုိလုိ့ရွိရင္ႏွစ္ ၈၀ ေက်ာ္၊ ဗုိလ္ခ်ဳပ္ေဆထင္ဆုိလုိ့ရွိရင္ ႏွစ္ ၁၀၀ ေက်ာ္ စတဲ့ပစ္ဒါဏ္ေတြႏွစ္ရွည္ေထာင္ဒါေတြခ်မွတ္ခဲ့တာကုိ က်ေနာ္တုိ့ေတြ့ရတယ္။ ျမန္မာႏုိင္ငံရဲ့လက္ရွိတရားစီရင္ေရးစနစ္ကေတာ့လုံး၀အားကုိးလုိ့မရတဲ့အေျခအေနမ်ိဳးျဖစ္ေနတယ္ လုိ့က်ေနာ္ေတာ့ျမင္ပါတယ္ခင္ဗ်။”

ကုိေဇာ္မုိးေက်ာ္။ ။ ဟုတ္ကဲ့ အဲဒိေတာ့ အခုလုိစစ္တပ္အာဏာသိမ္းၿပီး တရားစီရင္ေရးေတြ ပ်က္တဲ့အခါက်ေတာ့ ျပည္သူေတြရဲ့ Rights of Justice တရားမွ်တစြာတရားစီရင္ခြင့္ရရွိေရး ဆုိတဲ့အေပၚဘယ္လုိမ်ား ထိခုိက္တယ္လုိ့ထင္ပါသလဲခင္ဗ်။

ဦးမင္းလြင္ဦး။ ။မွ်တစြာတရားစီရင္ေရးစနစ္က အေစာကေျပာတဲ့ ဥပေဒ ၃ ရပ္ကုိ စစ္ေကာင္စီ ကေနယူထားလုိက္ ကတည္းကုိကလြတ္လပ္တဲ့တရားစီရင္ေရး ဆိုတာမရွိဘူး မွ်တတဲ့တရားစီရင္ေရး ဆုိတာမရွိဘူး၊ အဲေတာ့ဘာေတြျဖစ္လာလဲဆုိေတာ့ ကာက်ေနာ္တုိစစ္ခုံရုံးေတြကေနခ်မွတ္ အမိန့္ေတြ က အာဏာကုန္ခ်မွတ္တာမ်ိဳးျဖစ္လာတယ္။ စစ္ခုံရုံးမဟုတ္ဘူးဆုိလုိ့ရွိရင္ေတာင္မွ မူလတရားရုံးေတြ က ခ်တဲ့ဥစၥာေတြကအျမင့္ဆုံးပစ္ဒါဏ္ေတြျဖစ္လာတယ္။ အဲဒိေတာ့က်ေနာ္တုိ့က မူလတရားရုံးမွာ စဲြထားတဲ့ အမွုဆုိရင္ေတာင္မွ အခုခ်ိန္မွာ “ခ်ရုံး” ေပါ့ေနာ္ေထာင္ဒါဏ္ေတြႀကီးဘဲ ခ်ေနတဲ့ “ခ်ရုံး” လုိ့ေတာင္ေျပာ စမတ္ျပုတဲ့အထိျဖစ္ေနတယ္လုိ့က်ေနာ္တုိ့ေတြ့ရတယ္။ ဒါေၾကာင့့္က်ေနာ္တုိ့ လြတ္လပ္တဲ့ တရားစီရင္ ေရးစနစ္က အခုအခ်ိန္မွာ ျမန္မာႏုိင္ငံမွာဘယ္လုိမွရွာလုိ့မေတြ့ႏုိင္ဘူးလုိ့ ဘဲေျပာပါရေစ။

ကုိေဇာ္မုိးေက်ာ္။ ။အဲဒိေတာ့ အခုလုိ တရားစီရင္ေရးပ်က္သုန္းေနတာဟာ တရားဥပေဒ စုိးမုိးမွုမရွိေတာ့ဘူးလုိ့ ေျပာလုိ့ရပါသလားခင္ဗ်။

ဦးမင္းလြင္ဦး။ ။ဟုတ္ပါတယ္ဗ်ာ တရားဥပေဒစုိးမုိးမွုမရွိေတာ့ပါဘူး။ ဘာျဖစ္လုိလဲဆုိေတာ့ စစ္ အာဏာသိမ္းၿပီးတဲ့ ေနာက္ပုိင္းမွာ ျပည္သူလူထုေတြရဲ့ အက်ိဳးကုိအကာအကြယ္ေပးမယ့္ ဥပေဒေတြ တခ်ိဳ့ဖ်က္သိမ္း ခံခဲ့ရတာရွိတယ္။ ဥပမာတသီးပုဂၢလဆုိင္ရာ လြတ္လပ္မွုဆုိင္ရာဥပေဒ၊ ဖ်က္သိမ္း၊ ရုတ္သိမ္းခံရတယ္၊ ေနာက္ၿပီးေတာ့ဖဲြ့စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရအကာအကြယ္ ေပးထားတဲ့ အခြင့္အေရးေတြကုိ စစ္အုပ္ခ်ဳပ္ေရးဆုိတဲ့ ေအာက္မွာရုတ္သိမ္းခံရတယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္တုိ့ဒီ မတရားဖမ္းဆီးေနတာေတြ၊ မတရားႏွိပ္စက္ညွင္းပန္းေနတဲ့ကိစၥရပ္ေတြကုိ ဘယ္မွာမွ တုိင္ၾကားလုိ့ မရျဖစ္ေနပါတယ္။ ဒါေၾကာင့္က်ေနာ္တုိ့ရဲ့တရားစီရင္ေရး ဟာအခုအခ်ိန္မွာေတာ့လုံး၀အားကုိး လုိ့မရတဲ့အေျခအေနမ်ိဳးျဖစ္တယ္လုိ့ ျမင္ပါတယ္ဗ်ာ။

ကုိေဇာ္မုိးေက်ာ္။ ။ ေနာက္ဆုံးေမးခြန္းတခုေမးျပပါရေစခင္ဗ်။ အခုဒီတရားစီရင္ေရးပ်က္ယြင္း ေနၿပီဆုိေပမယ့္လည္း၊ အခုတရားရုံးေတြရွိတယ္၊ ရုံးခ်ိန္းတယ္၊ အခုေဒၚနန္းခင္ေထြးျမင့္ တုိ့ကိစၥဘဲ ျဖစ္ျဖစ္၊ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆုိင္ေနရတဲ့အမွုေတြဘဲျဖစ္ျဖစ္၊ တရားသူႀကီးေတြ၊ ေရွ့ေနေတြနဲ့ လုပ္ေနပါေသးတယ္။ အဲေတာ့့ အဲဒါေတြကတကယ္လုပ္ေနတာလား၊ အဲဒါကုိလုပ္ေနတဲ့ တရားသူႀကီး ေတြ၊ ေရွ့ေနေတြ၊ ဥပေဒကုိနားလည္တဲ့သူေတြကုိယ္တုိင္ကေရာ ဘာျဖစ္လုိ့ဒီလုိလုပ္ေနတာလဲ၊ ဒီေတာ့ဒီတရားရုံးေတြကဘာအတြက္လဲ။


ဦးမင္းလြင္ဦး။။ ဒါကေတာ့ဗ်ာ ႏုိင္ငံတကာကေနေစာင့္ၾကည့္လာတဲ့အခါမွာ လြပ္တဲ့တရားစီရင္ေရး စနစ္အရ စစ္ေဆးစီရင္ေနတယ္ဆုိတဲ့ပုံသ႑ကုိျပခ်င္တဲ့အတြက္ အခုလုိမ်ိဳးစီမံ ေဆာင္ရြက္ေနတာ ျဖစ္တယ္၊ အမွန္ကေတာ့ဗ်ာ ဒီဥစၥာက သရုပ္ျပ တရားရုံးသေဘာမ်ိဳးဘဲ ျဖစ္ေနတယ္၊ တကယ္တမ္း တရားဥပေဒရဲ့ အႏွစ္သာရကုိ ေဆာင္ရြက္မွုမရွိတဲ့တရားရုံးေတြ ျဖစ္ေနတယ္လုိ့ ဘဲက်ေနာ္ကေတာ့ ျမင္ပါတယ္ဗ်။

ကုိေဇာ္မုိးေက်ာ္။ ။ဟုတ္ကဲ့ ဦးမင္းလြင္ဦးခင္ဗ်ာ၊ ေက်းဇူအမ်ားႀကီးတင္ပါတယ္ခင္ဗ်။

ဦးမင္းလြင္ဦ။ ။ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

###

Unicode

" နှစ်ရှည်လွန်းတဲ့ထောင်ဒဏ် တရားစီရင်ရေးပုံရိပ်ကို ထိခိုက် (ရှေ့နေဦးမင်းလွင်ဦး) "

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ထောင်ဒါဏ်နှစ်ရှည်တွေအဆမတန်ချမှတ်လိုက်ပါတယ်။ အခုလို ထောင်ဒါဏ် တွေအဆမတန်ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံကတရားစီရင်ရေးဟာ ပျက်ရယ်ပြုစရာတခုလိုဖြစ် နေတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ မြန်မာနိုင်ငံက တရားစီရင်ရေးဟာ ဟန်ပြသာဖြစ်ပြီး၊ လွတ်လပ် တဲ့ရားစီရင်ရေးမဟုတ်ဘဲ လုံးဝပျက်ယွင်းယွားပြီလို့သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

##

စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ထောင်ဒါဏ်အဆမတန်တွေချမှတ်လိုက်ပါတယ်။ ဗိုလ်ကြီးဝင်းထိန်းကို အနှစ် ၂၀၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ၇၅ နှစ်၊ ဝန်ကြီးဦးသန်းနိုင်တို့ကို အနှစ် ၉၀ ချမှတ်လိုက်ပါတယ်။ ဒီလိုထောင်ဒါဏ်တွေအဆမတန်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး အာဏာ ၃ ရပ်လုံးကို စစ်တပ်ကသာချုပ်ကိုင်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင် ရေး ဟာ လွတ်လပ်တဲ့ တရားစီရင်ရေးမဟုတ်တော့ဘဲ၊ ပြည်တွင်းကရော ပြည်ပကပါ ယုံကြည်မှုမရှိပါဘူးလို့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

ဦးမင်းလွင်ဦး။။ “လက်ရှိမြန်မာနိုင်ငံကတရားစီရင်ရေးအခြေအနေကိုတော့ နိုင်ငံတကာကနေပြီး တော့ အယုံအကြည် မရှိနိုင်ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာ၊ အာဏာကြီး ၃ ရပ်ကို စစ်ကောင် စီကနေ ကိုင်စွဲထားပြီးတော့ စစ်ကောင်စီရဲ့အလိုကျအောက်ကနေ ဖေါ်ဆောင်ပေးနေရတာဖြစ် တဲ့အတွက် ကနော်တို့အခုလိုမျိုး နှစ်ရှည်ထောင်ဒါဏ်တွေချမှတ်တဲ့ကိစ္စက မထူးဆန်းဘူးလို့ပြောရ ပါတယ်။ ဒါကဘာနဲ့တူလဲဆိုလို့ရှိရင် ကျနော်တို့ ၁၉၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်းးမှာလည်း အဲဒိ စစ်အုပ်ချုပ်ရေးကာလတွေမှာ ဒီလို နှစ်ရှည်ထောင်ဒါဏ်တွေချခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိခဲ့ဖူူးပါတယ်။ ကျနော်တို့ SNLD က ဥက္ကဌ ဦးခွန်ထွန်းဦးတို့ဆိုလို့ရှိရင်နှစ် ၈၀ ကျော်၊ ဗိုလ်ချုပ်ဆေထင်ဆိုလို့ရှိရင် နှစ် ၁၀၀ ကျော် စတဲ့ပစ်ဒါဏ်တွေနှစ်ရှည်ထောင်ဒါတွေချမှတ်ခဲ့တာကို ကျနော်တို့တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိတရားစီရင်ရေးစနစ်ကတော့လုံးဝအားကိုးလို့မရတဲ့အခြေအနေမျိုးဖြစ်နေတယ် လို့ကျနော်တော့မြင်ပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော်။ ။ ဟုတ်ကဲ့ အဲဒိတော့ အခုလိုစစ်တပ်အာဏာသိမ်းပြီး တရားစီရင်ရေးတွေ ပျက်တဲ့အခါကျတော့ ပြည်သူတွေရဲ့ Rights of Justice တရားမျှတစွာတရားစီရင်ခွင့်ရရှိရေး ဆိုတဲ့အပေါ်ဘယ်လိုများ ထိခိုက်တယ်လို့ထင်ပါသလဲခင်ဗျ။

ဦးမင်းလွင်ဦး။ ။မျှတစွာတရားစီရင်ရေးစနစ်က အစောကပြောတဲ့ ဥပဒေ ၃ ရပ်ကို စစ်ကောင်စီ ကနေယူထားလိုက် ကတည်းကိုကလွတ်လပ်တဲ့တရားစီရင်ရေး ဆိုတာမရှိဘူး မျှတတဲ့တရားစီရင်ရေး ဆိုတာမရှိဘူး၊ အဲတော့ဘာတွေဖြစ်လာလဲဆိုတော့ ကာကျနော်တိုစစ်ခုံရုံးတွေကနေချမှတ် အမိန့်တွေ က အာဏာကုန်ချမှတ်တာမျိုးဖြစ်လာတယ်။ စစ်ခုံရုံးမဟုတ်ဘူးဆိုလို့ရှိရင်တောင်မှ မူလတရားရုံးတွေ က ချတဲ့ဥစ္စာတွေကအမြင့်ဆုံးပစ်ဒါဏ်တွေဖြစ်လာတယ်။ အဲဒိတော့ကျနော်တို့က မူလတရားရုံးမှာ စွဲထားတဲ့ အမှုဆိုရင်တောင်မှ အခုချိန်မှာ “ချရုံး” ပေါ့နော်ထောင်ဒါဏ်တွေကြီးဘဲ ချနေတဲ့ “ချရုံး” လို့တောင်ပြော စမတ်ပြုတဲ့အထိဖြစ်နေတယ်လို့ကျနော်တို့တွေ့ရတယ်။ ဒါကြောင့်ကျနော်တို့ လွတ်လပ်တဲ့ တရားစီရင် ရေးစနစ်က အခုအချိန်မှာ မြန်မာနိုင်ငံမှာဘယ်လိုမှရှာလို့မတွေ့နိုင်ဘူးလို့ ဘဲပြောပါရစေ။

ကိုဇော်မိုးကျော်။ ။အဲဒိတော့ အခုလို တရားစီရင်ရေးပျက်သုန်းနေတာဟာ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူးလို့ ပြောလို့ရပါသလားခင်ဗျ။

ဦးမင်းလွင်ဦး။ ။ဟုတ်ပါတယ်ဗျာ တရားဥပဒေစိုးမိုးမှုမရှိတော့ပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ စစ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုတွေရဲ့ အကျိုးကိုအကာအကွယ်ပေးမယ့် ဥပဒေတွေ တချို့ဖျက်သိမ်း ခံခဲ့ရတာရှိတယ်။ ဥပမာတသီးပုဂ္ဂလဆိုင်ရာ လွတ်လပ်မှုဆိုင်ရာဥပဒေ၊ ဖျက်သိမ်း၊ ရုတ်သိမ်းခံရတယ်၊ နောက်ပြီးတော့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရအကာအကွယ် ပေးထားတဲ့ အခွင့်အရေးတွေကို စစ်အုပ်ချုပ်ရေးဆိုတဲ့ အောက်မှာရုတ်သိမ်းခံရတယ်၊ နောက်ပြီးတော့ ကျနော်တို့ဒီ မတရားဖမ်းဆီးနေတာတွေ၊ မတရားနှိပ်စက်ညှင်းပန်းနေတဲ့ကိစ္စရပ်တွေကို ဘယ်မှာမှ တိုင်ကြားလို့ မရဖြစ်နေပါတယ်။ ဒါကြောင့်ကျနော်တို့ရဲ့တရားစီရင်ရေး ဟာအခုအချိန်မှာတော့လုံးဝအားကိုး လို့မရတဲ့အခြေအနေမျိုးဖြစ်တယ်လို့ မြင်ပါတယ်ဗျာ။

ကိုဇော်မိုးကျော်။ ။ နောက်ဆုံးမေးခွန်းတခုမေးပြပါရစေခင်ဗျ။ အခုဒီတရားစီရင်ရေးပျက်ယွင်း နေပြီဆိုပေမယ့်လည်း၊ အခုတရားရုံးတွေရှိတယ်၊ ရုံးချိန်းတယ်၊ အခုဒေါ်နန်းခင်ထွေးမြင့် တို့ကိစ္စဘဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေဘဲဖြစ်ဖြစ်၊ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ လုပ်နေပါသေးတယ်။ အဲတော့ အဲဒါတွေကတကယ်လုပ်နေတာလား၊ အဲဒါကိုလုပ်နေတဲ့ တရားသူကြီး တွေ၊ ရှေ့နေတွေ၊ ဥပဒေကိုနားလည်တဲ့သူတွေကိုယ်တိုင်ကရော ဘာဖြစ်လို့ဒီလိုလုပ်နေတာလဲ၊ ဒီတော့ဒီတရားရုံးတွေကဘာအတွက်လဲ။


ဦးမင်းလွင်ဦး။။ ဒါကတော့ဗျာ နိုင်ငံတကာကနေစောင့်ကြည့်လာတဲ့အခါမှာ လွပ်တဲ့တရားစီရင်ရေး စနစ်အရ စစ်ဆေးစီရင်နေတယ်ဆိုတဲ့ပုံသဏ္ဍကိုပြချင်တဲ့အတွက် အခုလိုမျိုးစီမံ ဆောင်ရွက်နေတာ ဖြစ်တယ်၊ အမှန်ကတော့ဗျာ ဒီဥစ္စာက သရုပ်ပြ တရားရုံးသဘောမျိုးဘဲ ဖြစ်နေတယ်၊ တကယ်တမ်း တရားဥပဒေရဲ့ အနှစ်သာရကို ဆောင်ရွက်မှုမရှိတဲ့တရားရုံးတွေ ဖြစ်နေတယ်လို့ ဘဲကျနော်ကတော့ မြင်ပါတယ်ဗျ။

ကိုဇော်မိုးကျော်။ ။ဟုတ်ကဲ့ ဦးမင်းလွင်ဦးခင်ဗျာ၊ ကျေးဇူအများကြီးတင်ပါတယ်ခင်ဗျ။

ဦးမင်းလွင်ဦ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG