သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်း ရွှေတွင်းကျောက်တွင်း မြေပြိုမှု ၃ ဦးသေဆုံး


မေလ ၁ ရက်နေ့တုန်းက ဖားကန့်ရှိ ကျောက်စိမ်းတွင်းမှာ မြေပြိုစဉ် (MOI)
မေလ ၁ ရက်နေ့တုန်းက ဖားကန့်ရှိ ကျောက်စိမ်းတွင်းမှာ မြေပြိုစဉ် (MOI)

ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက ရွေလုပ်ကွက်နဲ့ ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ မေလ ၂၆ ရက်နေ့ တရက်ထဲမှာတင် မြေပြိုမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူက ၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။ အင်းတော်ကြီးဒေသထဲက ရွှေမှော်မှာ မြေကျင်းပြိုကျပြီး ၂ ဦးပိတ်မိ သေဆုံးခဲ့ရသလို ဖားကန့်ဒေသမှာတော့ မြေစာပုံပြိုကျတဲ့အတွက် ရေမဆေးကျောက် ရှာဖွေသူတဦး သေဆုံးခဲ့ရပါတယ်။အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာမှာရှိတဲ့ ရတနာကြယ်ကုမ္ပဏီ လုပ်ကွက်မှာ ကမ်းပါးပြိုကျပြီး လူသေဆုံးမူတွေ ဒဏ်ရာရမူတွေ ရှိခဲ့ကြောင်း ဒေသခံတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပြပါတယ်။

"ကျင်းကမ်းပါးကမြေပြို တဲ့အခါကျတော့ ပဲ့ကျတာပေါ့ ပဲ့ကျတဲ့ကျင်းကလည်းအနည်းဆုံးပေ ၂၀၀ ၃၀၀လောက်ရှိတာပေါ့။ အဲဒီမှာရေတွေက အပြည့်ရှိတယ်။ အဲဒီကမြေက ရေထဲကိုဖြုတ်ကျတော့ ဝိတ်နဲ့ဆိုတော ကမ်းပါးက လူတွေကိုရိုက်ချသလို ဖြစ်သွားတယ်။ အဲဒီမှာပဲ လူတယောက် သေတယ်။ ၇ ယောက်လောက်က ဒဏ်ရာတွေရသွားတယ်။ ရွေတူးလို့ မမုံကိုင်ဒေသမှာ ဟိုတလောက ကချင်ပြည်နယ် သံယဇာတအဖွဲ့ဘက်ဟိုးတွေ အများကြီးဖမ်းတဲ့ နေရာပေါ့။ အဲဒါ တက်လက်နဲ့ အင်တော်ကြီးကြားပေါ့ အဲဒီမှာလည်း တယောက် သေတယ်။"

မေလ ၂၆ရက်နေ့ မှာပဲ အင်းတော်ကြီးဒေသ ၊ လုံးတုံနယ်မြေ ၊မမုံကိုင်ကျေးရွာ ၊ အနောက်ဘက်မှာ ရှိတဲ့ရွှေမှော်မှာ တစ်နိုင်တစ်ပိုင် ရွှေတူးဖေါ်နေစဉ် မှာပဲ မြေကျင်းပြိုကျပြီး မရဲ့ကိုင် ကျေးရွာသား ၁၇ နှစ်အရွယ် အမျိုးသားတဦးနဲ့ ဆင်ဖြူကုန်းကျေးရွာက အသက် ၂၂ အရွယ် အမျိုးသမီးတို့သေဆုံးမူဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာပဲ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူအုပ်စု ဝှေခါမှော်၊ ဝှေခါကျေးရွာက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ကွက်အတွင်းမှာ ကျောက်စိမ်း ကမ်းပါးပြိုကျတာကြောင့် ရေမဆေးကျောက်ရွာဖွေသူ ၁၄ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။

ဖားကန့်နဲ့ အင်တော်ကြီးဒေသ တွေက မြေပြိုမူ၊ အသေအပျောက်ရှိမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် မိုးညှင်းခရိုင်က ရဲစခန်းတွေကို မေးမြန်းခဲ့ပေမယ့် အသေအပျောက် သတင်းတွေကတော့ မှန်ကန်ကြောင်းပြောပြခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပြောမပြနိုင်သေးဘူး လို့ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ့ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခဏဆိုသလို ရှိနေပြီး တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပြီး ပျောက်ဆုံး သေဆုံးနေကြရတာလည်း ဖြစ်ခဲ့ရတာပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိ တောင်းဆိုမူတွေလည်း ရှိခဲ့တာပါ။

အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ် အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တ ဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင်သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG