သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-ကေမာၻဒီးယား - လာအို ေရႊ႕ေျပာင္းလုပ္သားအေရး ပူးေပါင္း ေဆာင္ရြက္မည္


ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား

(Zawgyi/Unicode)

ကေမာၻဒီးယား၊ လာအုိနဲ႔ ျမန္မာႏုိင္ငံတို႔က ေရႊ႕ေျပာင္းအလုပ္သမားေတြကို အကာအကြယ္ေပးႏုိင္ေရး ပူးေပါင္းလုပ္ေဆာင္သြား ၾကဖို႔ သံုးႏုိင္ငံ ျပည္ထဲေရးဝန္ႀကီးအဆင့္ အစည္းအေဝးမွာ တာဝန္ရွိသူေတြ သေဘာတူလိုက္ၾကပါတယ္။

ကေမာၻဒီးယားႏုိင္္ငံ၊ Seam Reap ျပည္နယ္မွာ ႏွစ္ရက္ၾကာက်င္းပတဲ့ အစည္းအေဝးအတြင္း အဲဒီလိုသေဘာတူလိုက္ၾကတာပါ။

သံုးႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြကို အကာအကြယ္ေပးေရးကိစၥ ထိုင္းႏုိင္ငံနဲ႔ ေဆြးေႏြးေျပာဆိုၾကမယ္လို႔ အစည္းအေဝး အဆံုးသတ္ ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ကေမာၻဒီးယား ျပည္ထဲေရးဝန္ႀကီး Sar Kheng ကေျပာပါတယ္။

ဒီတႏုိင္ငံခ်င္းစီက ႏုိင္ငံသားေတြဟာ ျပည္ပမွာ အလုပ္အကုိင္ရွာေဖြခြင့္ရွိၿပီး အစိုးရတရပ္ခ်င္းစီအေနနဲ႔ အလုပ္သမားေတြ သြား ေရာက္တဲ့ႏိုင္ငံေတြနဲ႔ ညႇိႏိႈင္းၿပီး သူတို႔ကိုအကာအကြယ္ေပးဖို႔ တာဝန္ရွိတယ္လုိ႔လည္း ကေမာၻဒီးယား ျပည္ထဲေရးဝန္ႀကီးက ေျပာ ပါတယ္။

ထိုင္းႏုိင္ငံဟာ ေဒသတြင္းက ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားဆံုး အလုပ္သြားလုပ္ၾကတဲ့ႏုိင္ငံပါ။ လုပ္ငန္းခြင္အသီးသီးမွာ ဒီအလုပ္သမားေတြဟာ အလုပ္ခြင္မွာ ေခါင္းပံုျဖတ္ အႏုိင္က်င့္ခံရတာ၊ အႏုိင့္အထက္ ျပဳက်င့္ခံရတာ၊ သတ္မွတ္လစာအတိုင္း မရတာ စတဲ့အေျခအေနေတြကို ၾကံဳၾကရေလ့ရွိၿပီး အထူးသျဖင့္ေတာ့ ထုိင္းႏုိင္ငံရဲ႕ ပင္လယ္စာထုတ္ကုန္လုပ္ငန္းမွာ လုပ္ကိုင္ေန ရသူေတြ ၾကံဳေတြ႔ရတဲ့ အေျခအေနေတြက အဆိုးဆံုးျဖစ္ပါတယ္။

ထိုင္းႏုိင္ငံက အလုပ္သမားေတြရဲ႕ အခြင့္အေရးနဲ႔ပတ္သက္လို႔ ပိုတိုးတက္လာေအာင္ မလုပ္ႏုိင္လို႔ဆိုၿပီး ထိုင္းႏုိင္ငံကို အေမရိကန္ က ေပးထားတဲ့ ပင္လယ္စာလုပ္ငန္း ကုန္သြယ္ခြင့္ အထူးအခြင့္အေရးကို ေနာက္ ၆ လၾကာရင္ ဆိုင္းငံ့ေတာ့မယ့္အေၾကာင္း သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာပဲ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ဆီ စာေပးပို႔ အေၾကာင္းၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

မြန်မာ-ကမ္ဘောဒီးယား - လာအို ရွှေ့ပြောင်းလုပ်သားအရေး ပူးပေါင်း ဆောင်ရွက်မည်

(Unicode)

ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်ရေး ပူးပေါင်းလုပ်ဆောင်သွား ကြဖို့ သုံးနိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ တာဝန်ရှိသူတွေ သဘောတူလိုက်ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ Seam Reap ပြည်နယ်မှာ နှစ်ရက်ကြာကျင်းပတဲ့ အစည်းအဝေးအတွင်း အဲဒီလိုသဘောတူလိုက်ကြတာပါ။

သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးရေးကိစ္စ ထိုင်းနိုင်ငံနဲ့ ဆွေးနွေးပြောဆိုကြမယ်လို့ အစည်းအဝေး အဆုံးသတ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng ကပြောပါတယ်။

ဒီတနိုင်ငံချင်းစီက နိုင်ငံသားတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရှာဖွေခွင့်ရှိပြီး အစိုးရတရပ်ချင်းစီအနေနဲ့ အလုပ်သမားတွေ သွား ရောက်တဲ့နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး သူတို့ကိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးက ပြော ပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး အလုပ်သွားလုပ်ကြတဲ့နိုင်ငံပါ။ လုပ်ငန်းခွင်အသီးသီးမှာ ဒီအလုပ်သမားတွေဟာ အလုပ်ခွင်မှာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရတာ၊ အနိုင့်အထက် ပြုကျင့်ခံရတာ၊ သတ်မှတ်လစာအတိုင်း မရတာ စတဲ့အခြေအနေတွေကို ကြုံကြရလေ့ရှိပြီး အထူးသဖြင့်တော့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာထုတ်ကုန်လုပ်ငန်းမှာ လုပ်ကိုင်နေ ရသူတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေက အဆိုးဆုံးဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ပိုတိုးတက်လာအောင် မလုပ်နိုင်လို့ဆိုပြီး ထိုင်းနိုင်ငံကို အမေရိကန် က ပေးထားတဲ့ ပင်လယ်စာလုပ်ငန်း ကုန်သွယ်ခွင့် အထူးအခွင့်အရေးကို နောက် ၆ လကြာရင် ဆိုင်းငံ့တော့မယ့်အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အောက်တိုဘာလ ၂၅ ရက်နေ့မှာပဲ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဆီ စာပေးပို့ အကြောင်းကြားထားပါတယ်။

XS
SM
MD
LG