သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်အမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာတဦး ဖမ်းဆီးခံရ


ထိုင်းလွှတ်တော်အမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာတဦး ဖမ်းဆီးခံရ
ထိုင်းလွှတ်တော်အမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာတဦး ဖမ်းဆီးခံရ

ထိုင်းလွှတ်တော်အမတ်ဟောင်းတဦးကို သတ်ပြီး ပစ္စည်းယူသွားတယ်ဆိုတဲ့ သံသယနဲ့ ြမန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တဦးကို ထိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခင်းဖြစ်အပြီး နောက်တရက်အကြာမှာပဲ လူသတ်မှု သံသယရှိခံရသူ မြန်မာအလုပ်သမားကို ဖမ်းမိလိုက်တာပါ။

အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အသတ်ခံရတဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း
အသတ်ခံရတဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း

အသတ်ခံရသူဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စေ့ အရပ် ၊ ဝုန်စဝပ် ၁၉ လမ်း အိမ်နံပတ် ၄၅၃ မှာနေထိုင်နေတဲ့ အသက် ၇၂ နှစ်အရွယ် ထိုင်း လွှတ်တော်အမတ်ဟောင်းတဦးဖြစ်သူ ဖုန်စပ် ဝပ်ထရာနစ်ဖြစ်ပါတယ်။ သူ့ကို သတ်ပြီး ရွှေဆွဲကြိုးယူ ထွက်ပြေးသွား ခဲ့တယ်လို့ စွပ်စွဲခံရသူကတော့ အမတ်ဟောင်းဆီမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား မင်းထွေး (ခ) ကိုကိုပါ။ သြဂုတ်လ ၁၂ ရက်နေ့မှာ အခင်းဖြစ်ပြီးတဲ့နောက် နောက်တရက်ဖြစ်တဲ့ သြဂုတ်လ ၁၃ ရက်၊ အင်္ဂါနေ့မှာ ဘန်ကောက် အနီးမဟာချိုင်မြို့မှာ မင်းထွေးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက ပြောပါတယ်။

စွပ်စွဲခံရသူဟာ အလုပ်ရှင်ကို သံတရွင်းနဲ့ ဦးခေါင်းကိုရိုက်သတ်ပြီး ရွှေဆွဲကြိုးနဲ့ ဘတ်ငွေ ၁၆၀၀၀ ကိုယူပြီးတော့ ထွက်ပြေးခဲ့တယ် ဆိုတာကို ဝန်ခံတယ်ဆိုပြီး ထိုင်း ရဲမှူး ဧကချိုင် ဘွန်ဝိစွပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မင်းထွေးဟာ သေဆုံးသူ လွှတ်တော်အမတ်ဟောင်း ရဲ့ ဓါတ်ငွေ့အိုး လုပ်ငန်းမှာ အလုပ်သမား အဖြစ်လုပ်တာ နှစ်လရှိပြီလို့ဆိုပါတယ်။
အခင်းဖြစ်တဲ့နေ့ သြဂုတ်လ ၁၂ ရက်နေ့က တော့ သူရဲ့ နေအိမ်ပြုပြင်နေတာ လာရောက် စစ်ဆေးတဲ့အချိန် တရားခံ မင်းထွေးနဲ့ အမတ်ဟောင်းတို့အလုပ်ကိစ္စနဲ့ စကားများပြီး မင်းထွေးက လွှတ်တော်အမတ်ဟောင်းရဲ့ဦးခေါင်းကို သံဒုတ်နဲ့ ရိုက်သတ်ပြီးတော့ နေအိမ်ဒုတိယထပ်က ဘီဒိုထဲမှာ အလောင်းကိုထည့်ပြီး ထွက်ပြေးသွားတာလို့ ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။

သံသယရှိသူ ထွက်ပြေးသွားတဲ့ လမ်းကြောင်းက CCTV မှတ်တမ်းတွေကိုစစ်ဆေးပြီးမဟာချိုင်မှာ သူ့ကို လိုက်လံဖမ်းဆီးနိုင်ခဲ့ တာဖြစ်တယ်လို့လည်း ပြောပါတယ်။
တရားခံအဖြစ်စွပ်စွဲခံထားရသူ မင်းထွေးကို ဘန်ကောက်မြို့ ရဲချုပ်ရုံးမှာ ရဲချုပ် ချလန်ကိရက်စီဝါရာခန် ကိုယ်တိုင် လာရောက် ကြည့်ရူ့စစ်ဆေးသွားပါပြီး လူသတ်မှု၊ လုယက်မှုတွေနဲ့ တရားစွဲ တင်သွားမယ်လို့ ပြောပါတယ်။ ဒီစွဲချက်တွေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ် ၂၀ ကနေ တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး အလုပ်ရှင်တွေကြား၊ အလုပ်သမားတွေကြား ပြဿနာတက် ပဋိပက္ခဖြစ်တာမျိုးတွေ မကြာခဏ ကြားရလေ့ရှိပေမယ့် လူသတ်မှုအထိ ကျူးလွန်တာမျိုးကတော့ မကြာခဏ ကြားရ လေ့ရှိတဲ့ဖြစ်ရပ်မျိုး မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG