သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းက ျပန္လာသူေတြကုိ ကရင္ျပည္နယ္အတြင္း ၁၄ ရက္ၾကာ သီးျခားခြဲထားမည္ 


မတ္လ ၃၁ရက္ေန႔ ျပန္လာတဲ့ျမန္မာေရႊေျ႔ပာင္းအလုပ္သမားမ်ား (ပံု-ကရင္ျပည္နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန့္ဇင္ေအာင္)

(Zawgyi/Unicode)

ထိုင္းကေနရပ္ျပန္လာတဲ့ သူေတြကို ဧၿပီလ ၁ရက္ေန႔ကစတင္ၿပီး ၁၄ရက္ၾကာေစာင့္ၾကည့္မွာျဖစ္ေၾကာင္း ကရင္ျပည္နယ္ လႊတ္ေတာ္ကုိယ္စားလွယ္က ဆုိပါတယ္။ ဒီအေၾကာင္းကို မေအးေအးမာ တင္ဆက္ေပးသြားမွာပါ။

ေနရပ္ျပန္ေတြ အေနနဲ႔ ဧျပီလ ၁၅ရက္ေန႔ ေနာက္ပုိင္းမွာျပန္လာဖို႔ ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေမတၱာရပ္ခံစာထြက္ၿပီးေနာက္ နယ္စပ္ကေန မတ္လ ၃၁ရက္ေန႔မွာ ျပန္၀င္လာသူ ၈၀၀နီးပါးရွိပါတယ္။

မတ္လ ၃၁ရက္ေန႔မွာ ျပန္လာသူေတြကုိေတာ့ ကရင္ျပည္နယ္ နဲ႔ မြန္ျပည္နယ္မွာ
အစုိးရ အစီမံနဲ႔ ေစာင့္ၾကည့္ေနရာေတြမွာ ၁၄ရက္ေနေနရမွာျဖစ္ေၾကာင္း ကရင္ျပည္နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္႔ဇင္ေအာင္ကဆုိပါတယ္။

"တျခားျပည္နယ္ နဲ႔ တုိင္းေတြကုိ ျပန္ခြင့္မျပဳေတာ့ဘူး။ တျခားျပည္နယ္နဲ႔ တိုင္းေတြက
လူေတြကုိလည္း က်ေနာ္တို႔ ေစာင့္ၾကည့္မွာေပါ့ေနာ္ လတ္တေလာမွာေတာ့
ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ပါမွာေပါ့ေနာ္။ မနက္ျဖန္ကစၿပီး မြန္ျပည္နယ္လည္း ပါမွာ မဟုတ္ေတာ့ဘူး။ ကရင္ျပည္နယ္က အစိုးရ စီစဥ္တဲ့ေနရာမွာ ေစာင့္ၾကည့္ေတာ့မွာျဖစ္ပါတယ္။”

ႏိုင္ငံျခားေရးဌာနက ေနရပ္ျပန္ေတြနဲ႕ ပတ္သက္လို႔ ေမတၱာရပ္ခံစာထြက္ၿပီး ေနာက္ မတ္လ ၃၁ရက္ေန႔မွာ ေနရပ္ျပန္လာသူေတြကိုေတာ့ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ေတြ က ခ်ိတ္ဆက္ေဆာင္ရြက္ျပီး မြန္ျပည္နယ္၊ ေမာ္လၿမိဳင္တကၠသုိလ္နဲ႔ ကရင္ျပည္နယ္၊ ဘားအံ ၊ေကာ့ကရိပ္၊ ျမ၀တီက အစိုးရ စီမံေဆာင္ရြက္ထားတဲ့ေနရာေတြမွာ ေနရာခ်သြားျပီး ၁၄ၾကာ ေနထုိင္ခဲ့ေၾကာင္း ေထာက္ခံစာ ထုတ္ေပးသြားမယ္လို႔ ကရင္ျပည္နယ္ လႊတ္ေတာ္ကုိယ္စာလွယ္ ဦးသန္႔ဇင္ေအာင္က ဆုိပါတယ္။

“က်ေနာ္တုိ႔ ဒီေန႔ကေတာ့ ကရင္ျပည္နယ္ နဲ႔ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္တို႔ ခ်ိတ္ဆက္ၿပီး ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္က အစုိးရေစာင့္ၾကည့္တဲ့ေနရာေတြမွာ ထားပါမယ္။ ေမာ္လၿမိဳင္တကၠသိုလ္ နဲ႔ တခ်ိဳ႕လည္း ျမ၀တီမွာေပါ့ေနာ္။ ျပည္နယ္အစိုးရက စီမံေပးတဲ့ ေနရာေတြမွာပဲ ေစာင္ၾကည့္ ေနရမွာေပါ့ေနာ္ ။ ၁၄ရက္ ဒီမွာ ေနပါမယ္ဆုိတဲ့အေၾကာင္း နိုင္ငံေတာ္အစိုးရ သတ္မွတ္ေပးထားတဲ့ ေနရာမွာ ၁၄ရက္ၾကာေနပါမယ္ဆိုတဲ့ အေၾကာင္း၀န္ခံကတိ လက္မွတ္ထိုးခိုင္းပါတယ္။ အဲဒါၿပီးမွသာ သူတို႔နဲ႔ ပတ္သက္ၿပီး ၁၄ရက္ၾကာေနထုိင္ထားတဲ့ လက္မွတ္ေတြကို က်ေနာ္တို႔က ထုတ္ေပးမွာေပါ့ေနာ္။”

မတ္လ ၂၀ေက်ာ္စတင္ၿပီး ထိုင္းႏိုင္ငံကေန ေနရပ္ျပန္လာတဲ့ သူ ၂ေသာင္းေက်ာ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ ကုိရိုနာဗုိင္းရပ္စ္ဟာ ကပ္ႀကီးအသြင္ျဖစ္ပြားႏိုင္တယ္လို႔ ျမန္မာက်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ၿပီးေနာက္ အခုလိုမ်ိဳး နယ္စပ္ေတြမွာ ထာၿပီးေစာင့္ၾကည့္တာမ်ိဳး လုပ္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ထိုင်းက ပြန်လာသူတွေကို ကရင်ပြည်နယ်အတွင်း ၁၄ ရက်ကြာ သီးခြားခွဲထားမည်

(Unicode)

ထိုင်းကနေရပ်ပြန်လာတဲ့ သူတွေကို ဧပြီလ ၁ရက်နေ့ကစတင်ပြီး ၁၄ရက်ကြာစောင့်ကြည့်မှာဖြစ်ကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ ဒီအကြောင်းကို မအေးအေးမာ တင်ဆက်ပေးသွားမှာပါ။

နေရပ်ပြန်တွေ အနေနဲ့ ဧပြီလ ၁၅ရက်နေ့ နောက်ပိုင်းမှာပြန်လာဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံစာထွက်ပြီးနောက် နယ်စပ်ကနေ မတ်လ ၃၁ရက်နေ့မှာ ပြန်ဝင်လာသူ ၈၀၀နီးပါးရှိပါတယ်။

မတ်လ ၃၁ရက်နေ့မှာ ပြန်လာသူတွေကိုတော့ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်မှာ
အစိုးရ အစီမံနဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ရက်နေနေရမှာဖြစ်ကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကဆိုပါတယ်။

"တခြားပြည်နယ် နဲ့ တိုင်းတွေကို ပြန်ခွင့်မပြုတော့ဘူး။ တခြားပြည်နယ်နဲ့ တိုင်းတွေက
လူတွေကိုလည်း ကျနော်တို့ စောင့်ကြည့်မှာပေါ့နော် လတ်တလောမှာတော့
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ပါမှာပေါ့နော်။ မနက်ဖြန်ကစပြီး မွန်ပြည်နယ်လည်း ပါမှာ မဟုတ်တော့ဘူး။ ကရင်ပြည်နယ်က အစိုးရ စီစဉ်တဲ့နေရာမှာ စောင့်ကြည့်တော့မှာဖြစ်ပါတယ်။”

နိုင်ငံခြားရေးဌာနက နေရပ်ပြန်တွေနဲ့ ပတ်သက်လို့ မေတ္တာရပ်ခံစာထွက်ပြီး နောက် မတ်လ ၃၁ရက်နေ့မှာ နေရပ်ပြန်လာသူတွေကိုတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်တွေ က ချိတ်ဆက်ဆောင်ရွက်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ကရင်ပြည်နယ်၊ ဘားအံ ၊ကော့ကရိပ်၊ မြဝတီက အစိုးရ စီမံဆောင်ရွက်ထားတဲ့နေရာတွေမှာ နေရာချသွားပြီး ၁၄ကြာ နေထိုင်ခဲ့ကြောင်း ထောက်ခံစာ ထုတ်ပေးသွားမယ်လို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးသန့်ဇင်အောင်က ဆိုပါတယ်။

“ကျနော်တို့ ဒီနေ့ကတော့ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ ချိတ်ဆက်ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က အစိုးရစောင့်ကြည့်တဲ့နေရာတွေမှာ ထားပါမယ်။ မော်လမြိုင်တက္ကသိုလ် နဲ့ တချို့လည်း မြဝတီမှာပေါ့နော်။ ပြည်နယ်အစိုးရက စီမံပေးတဲ့ နေရာတွေမှာပဲ စောင်ကြည့် နေရမှာပေါ့နော် ။ ၁၄ရက် ဒီမှာ နေပါမယ်ဆိုတဲ့အကြောင်း နိုင်ငံတော်အစိုးရ သတ်မှတ်ပေးထားတဲ့ နေရာမှာ ၁၄ရက်ကြာနေပါမယ်ဆိုတဲ့ အကြောင်းဝန်ခံကတိ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒါပြီးမှသာ သူတို့နဲ့ ပတ်သက်ပြီး ၁၄ရက်ကြာနေထိုင်ထားတဲ့ လက်မှတ်တွေကို ကျနော်တို့က ထုတ်ပေးမှာပေါ့နော်။”

မတ်လ ၂၀ကျော်စတင်ပြီး ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာတဲ့ သူ ၂သောင်းကျော်ကြောင့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကပ်ကြီးအသွင်ဖြစ်ပွားနိုင်တယ်လို့ မြန်မာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုမျိုး နယ်စပ်တွေမှာ ထာပြီးစောင့်ကြည့်တာမျိုး လုပ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG