သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာတွေ ဘာကြောင့် တရားမဝင်လမ်းက ပြန်ကြသလဲ


လှေလမ်းကြောင်းနဲ့ ပြန်လာကြသော မြန်မာအလုပ်သမားများ
လှေလမ်းကြောင်းနဲ့ ပြန်လာကြသော မြန်မာအလုပ်သမားများ

ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံကူးလက်မှတ်ရှိသူတွေနေရပ်ပြန်တဲ့အခါမှာ တရားမဝင်လမ်းဖြစ်တဲ့ သောင်ရင်းမြစ်နားက လှေဆိပ်တွေကနေ ပြန်ကြတာကြောင့် ဖေဖေါ်ဝါရီလ တတိယပတ်အထိ လူ၂၀ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ထိုင်းနိုင်ငံထဲကိုနောက်ထပ် ၅နှစ်ဝင်လို့ မရအောင်ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ပြီး ဘန်ကောက်-ချင်းမိုင် စတဲ့ နေရာအသီးသီးကလာကြတဲ့ ရွေ့ပြောင်းအလုပ်သမား တွေဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် မြန်မာပြည်ကို ပြန်ကြတဲ့ အခါမှာ တရားဝင် နယ်စပ်ချစ်ကြည်ရေးတံတားပေါ်ကနေ မဖြတ်ပဲ တရားမဝင်လမ်းတွေကို သုံးပြီး ပြန်ကြကြောင့် နေရပ်ပြန်မြန်မာတွေ ဖမ်းဆီးခံရရုံသာမက သူတိုရဲ ့နိုင်ငံကူးလက်မှတ်တွေပါ ဖျက်သိမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံနေ၇တာပါ။ ဒီလထဲမှာပဲ နေရပ်ပြန်မြန်မာတွေ ၂၀ထက်မနည်း ပြည်နှင်ဒဏ်ပေးခံရကြောင်း ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အေအေစီအဖွဲ့က ကိုရဲမင်းက ပြောပြပါတယ်။

"ရခိုင်တွေအုပ်စုလိုက်ပြန်တယ် ပြန်တဲ့အခြေအနေမှာအပေါ်ဘက်ကနေ လာကြိုတာလည်းမရှိတော့ အောက်ဂိတ်ကနေ ဖြစ်သလိုကူးနေတော့ ထိုင်းဘက်က သူတိုစာအုပ်တွေကို CANCEL (ဖျက်သိမ်း)လုပ်လိုက်တယ် နောက်ဆိုပြန်ဝင်ဖို့အတွက် လေး ငါးနှစ်ကတော့ခက်သွားပြီပေါ့ "

လာမယ့် ဧပြီလဆိုရင် ရွှေ့ပြောင်းအလုပ်သမားအများစု ဟာနေရပ်ကိုပြန်ကြလေ့ ရှိတာပါ ။ ဒီအတွက်ရွှေပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင်ဖြစ်အောင်အထောက်အထားတွေ လုပ် တံဆိပ်တုံးတွေ ထုပြီးပြန်ကြဖို့ကိုလည်းသူကနိုးဆော်ခဲ့ပါတယ်။

"တရားဝင် တံတားပေါ်ကနေ တရားဝင်အထောက်အထားတွေနဲ့ တရားဝင်တံဆိပ်တုံးတွေထုပြီး ပြန်ရင်တော့ကောင်းတယ် အောက်က လှေဆိပ်ကနေ ဖြစ်သလိုကူးရင်တော့ ထိုင်းဥပဒေအရ အရေးယူဖမ်းဆီးခံရနိုင်တယ်။ နောက်ဆို ပြည်နှင်ဒဏ်ပေးတာတွေပါခံရနိုင်တာပေါ့"

နယ်စပ်ပြန်မြန်မာတွေ အနေနဲ့ တံတားပေါ်က ပြန်တဲ့အခါမှာ နောက်ထပ်တခါ ထိုင်းကိုပြန်ဝင်နိုင်ဖို့ အတွက် စစ်ဆေရေးဂိတ်တွေမှာ တဆိပ်တုံးထုခအဖြစ် ဘတ်ငွေတထောင်ပေး၇တာပါ ပွဲစားတွေနဲ့ လုပ်မယ်ဆိုရင်တော့ဘတ်ငွေ ၁၆၀၀ လောက်ထိဈေးပေါက်တာကြောင့် အလုပ်သမားတွေအနေနဲ့ ငွေကုန်ကြေးကျမတတ်နိုင်တာကြောင့် တံတားအောက်က လှေဆိပ်တွေကနေ တဆင့်ခိုးပြန်ကြလေ့ရှိပါတယ်။ ဒီလိုတုံး မထုပဲခိုးပြန်တာကို ဖမ်းဆီးမိရင်တော့ ထိုင်းကိုပြန်ဝင်ခွင့် ၅နှစ်ထိ ပိတ်ပင်လိုက်ပါတယ်။

ချင်းမိုင်-ဘန်ကောက်-မဟာချိုင်စတဲ့နေရာတွေက အလုပ်လုပ်ပြိးပြန်လာကြတဲ့မြန်မာတွေအနေနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကိုရောက်ပြီဆိုရင် ၄၈နာရီထက်ပိုပြီး ကြာကြာနေထိုင်မယ်ဆိုရင် ဧည့်စာရင်းတိုင်ထားပြီး နေထိုင်ရတာပါ။ ဒါမှာမဟုတ်ရင်တော့ ၄၈နာရီအတွင်းမှာ မိမိအလုပ်လုပ်တဲ့နေရာကို ပြန်သွားရမှာဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်တဲ့ အခါမှာလည်း ထိုင်းအိမ်ရှင်ကိုယ်တိုင် လဝကရုံးကို သွားရောက်တိုင်ကြားပေးရတာကြောင့် နေရပ်ပြန်မြန်မာတွေ အတွက်ကတော့ အခက်အခဲရှိနေပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG