သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလူသတ်မှု သံသယရှိသူ မြန်မာ ၄ ဦး ပြန်လွတ်မြောက်


၂၀၁၉ ခုနှစ်က မလေးရှားနိုင်ငံမှာ လူသတ်မှုသံသယနဲ့ဖမ်းဆီးခံထားရပြီး တရားသေပြန်လွတ်လာတဲ့ အကျဥ်းသားများ။ (ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့/သြဂုတ်လ ၂၉၊ ၂၀၂၃)
၂၀၁၉ ခုနှစ်က မလေးရှားနိုင်ငံမှာ လူသတ်မှုသံသယနဲ့ဖမ်းဆီးခံထားရပြီး တရားသေပြန်လွတ်လာတဲ့ အကျဥ်းသားများ။ (ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့/သြဂုတ်လ ၂၉၊ ၂၀၂၃)

မလေးရှားနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ်ကျခံရနိုင်တဲ့ မြန်မာနိုင်ငံသားလေးဦးကို မလေးရှားတရားရုံးက အပြစ်မရှိကြောင်း ဩဂုတ်လ၂၉ ရက်နေ့ကအမိန့်ချမှတ်ခဲ့ပြီး တရားသေလွှတ်ပေးလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

၂၀၁၉ ခုနှစ်က မလေးရှား နိုင်ငံDang Wangi မြို့က ကော်ဖီဆိုင်ဝန်ထမ်းတဦးကိုသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီး စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ၂၉ရက်နေ့ကတော့ လူသတ်မှုမှာသက်သေမခိုင်တဲ့အတွက် သူတို့ကို တရားရုံးကတရားသေလွှတ်ပေးခဲ့တာဖြစ်ကြောင်း မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းကပြောပြပါတယ်။

"ကော်ဖီဆိုင်တဆိုင်မှာဖြစ်တဲ့အမှုပါ။ ကော်ဖီဆိုင်နံမည်က မလေးလိုခေါ်တာကတော့ kawan (ကာဝမ်) လဘက်ရည်ဆိုင်နံမည်က မြန်မာလို 'သူငယ်ချင်း' လို့ခေါ်တယ် ၊ သူတို့ကို ရုံးချိန်းမှာတရားလိုပြသက်သေကနေ လူသတ်မှုမှာခိုင်ခိုင်မာမာ သက်သေမပြနိုင်လို့ တရားရုံးဆုံးဖြတ်ချက်နဲ့ တရားသေလွှတ်ပေးလိုက်တာပါ။"

ဒီအမှုဟာ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့ပြီး သက်သေတွေအများကြီးကိုခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက် လူသတ်မှုကျူးလွန်တယ်ဆိုတာ ခိုင်မာတဲ့သက်သေအထောက်အထားမရခဲ့ဘူးလို့လည်း ပြောပါတယ်။

"တရားလိုပြသက်သေ ၁၁ ဦးကိုခေါ်ယူစစ်ဆေးခဲ့တယ်။ အဲဒီမှာ ကျနော်တို့ မြန်မာ ၄ ယောက်က သတ်တယ်လို့ ခိုင်ခိုင်မာမာတိတိကျကျ ပြောဆိုနိုင်ခြင်းမရှိဘူး။"

ပြန်လွှတ်ပေးခဲ့တဲ့ အမျိုးသားလေးဦးကတော့ အသက် ၃၀နဲ့ ၄၀အကြားရှိတဲ့ Pau Deih Lian ၊Kai Lian Mong၊ Kai Za Muang ၊ Tuang Siang Muangတို့ဖြစ်ကြတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြကြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့မြန်မာ ၄ ဦးထံကနေ လူသတ်မှုမှာကျူးလွန်ခဲ့တဲ့ လက်နက်မျိုးတွေ ရှာမတွေတဲ့အပြင် မျက်မြင်သက်သေ ၁၁ ဦးရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးရာမှာ သက်သေမပြနိုင်ဘူးလို့ဆိုပါတယ်။ ဒီအတွက် တရားသူကြီး မိုနီယမ်ဒီက တရားသေလွှတ်ပေးဖို့ အမိန်ချလိုက်တဲ့အကြောင်း မလေးရှားသတင်းတွေမှာ သြဂုတ်လ၂၉ ရက်နေ့ကဖေါ်ပြထားပါတယ်ရှင်။

နောက်အမှုတခုဖြစ်တဲ့ မလေးရှားနိုင်ငံသား ယာဉ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာနဲ့အိန္ဒိယ ၂ ဦးကိုတော့ ပြစ်မှုထင်ရှားတယ်ဆိုပြီး မလေးရှာတရားရုံးက ပြီးခဲ့တဲ့ဇူလိုင်လကသေဒဏ်ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG