သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ စစ်ကောင်စီ နေပြည်တော်မှာကျင်းပ


နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက်ပြည်ထောင်စု နေ့အခမ်းအနား ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်ကောင်စီက ကျင်းပါတယ်။ စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့ ပေါ်ပေါက်နေပြီး စစ်တပ်က နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးနေသလို၊ တိုင်းပြည်မှာ ညီညွတ်မှုပြိုကွဲနေတဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ အကဲခတ်တွေ သုံးသပ်နေချိန်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

အင်အားကြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစာပြီး နိုင်ငံရေး ဩဇာခံအဖြစ် ဖေါ်ဆောင်ဖို့ နောက်ကွယ်မှာ စစ်ပွဲတွေ ဖန်တီးနေတယ်လို့ ပြောဆိုထားတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖတ်ကြားသွားပါတယ်။ ဒါပေမဲ့လည်း ဘယ်အင်အားကြီးနိုင်ငံတွေဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။ ပြည်တွင်းတိုင်းရင်းသား အဖွဲ့အစည်းတချို့နဲ့ ပြည်တွင်းပြည်ပက အဖျက်သမားတွေဟာ မြန်မာပြည်အကျိုးကို မလိုလားတဲ့ အင်အားကြီးနိုင်ငံတချို့ အားကိုးနဲ့ ဆူပူအကြမ်းဖက်မှုမျိုးစုံနဲ့ တိုက်ပွဲတွေ ဖေါ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီအကြီးက စွပ်စွဲသွားပါတယ်။

မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုင်းရင်းသားဒေသတွေ အပါအဝင် လူပေါင်း နှစ်သန်းခြောက်သိန်းလောက် အိုးမဲ့အိမ်မဲ့နေရပ်စွန့်ခွာနေရပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ စစ်တပ်ရဲ့ တရားဝင်ရပ်တည်မှုကို ခြိမ်းခြောက်ခံနေရတဲ့ အချိန်အဖြစ် မြန်မာ့အရေး အကဲခတ်တွေက သတ်မှတ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG