သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလး၊ ျမေတာင္ဘုန္းႀကီးေက်ာင္း စစ္တပ္ စီးနင္းရွာေဖြ


မႏၲေလး ဆႏၵျပပြဲတခုတြင္ ပါဝင္ခဲ့သည့္ သံဃာေတာ္မ်ား။ ၈ ေဖေဖာ္ဝါရီ ၂၀၂၁

(Zawgyi/Unicode)

မႏၲေလးက ထင္ရွားတဲ့ ျမေတာင္ေက်ာင္းတိုက္ကို ဒီကေန႔ညေနပိုင္းမွာ စစ္တပ္က ဝင္ေရာက္ စီးနင္း ရွာေဖြၿပီး တေယာက္နဲ႔ သံဃာေတာ္တပါးကို ဖမ္းဆီးသြားပါတယ္။

ျမေတာင္တိုက္ရဲ႕ နာယက ဆရာေတာ္တပါးကေတာ့ စစ္တပ္က အတင္း ဝင္ရွာေနခ်ိန္မွာ အေမာေဖာက္လာတဲ့အတြက္ ေဆးခန္းသြားဖို႔ ေက်ာင္းကအထြက္ ပ်ံလြန္ေတာ္မူသြားတယ္လို႔ ျဖစ္စဥ္ကို အေသးစိတ္သိထားတဲ့ မႏၱေလးၿမိဳ႕ခံတဦးက ဗီြအိုေအကိုေျပာပါတယ္။

ၿမိဳ႕ခံတဦး။ ။ ဟုတ္ပါတယ္ခင္ဗ်ာ။ သူတို႔အင္အားေတာ္ေတာ္မ်ားမ်ားနဲ႔ သုံးနာရီေလာက္မွာဝင္တယ္ ခင္ဗ်ာ။

ကိုရန္ႏိုင္။ ။ အင္အားေတာ္ေတာ္မ်ားမ်ားဆိုတာ ဘယ္ေလာက္ေလာက္မ်ားလဲ။
ၿမိဳ႕ခံတဦး။ ။ ႏွစ္ရာေက်ာ္ေလာက္ရွိတယ္ဗ်။ အိမ္စီးကားေတြနဲ႔ေက်ာင္းထဲကိုဝင္တာ။ ဆလြန္းကားေတြရယ္၊ Saab ေတြနဲ႔ေက်ာင္းထဲကို ဝင္တယ္ဗ်။ အျပင္မွာေတာ့ စစ္ကားေတြနဲ႔အခ်ဳပ္ကားႏွစ္စီးက အျပင္မွာေနေနတယ္။

ကိုရန္ႏိုင္။ ။ စစ္ကားက ဘယ္ေလာက္ေလာက္ရွိလဲ။
ၿမိဳ႕ခံတဦး။ ။ စစ္ကားက အျပင္မွာ သုံးစီးေလာက္ပဲ။ အိမ္စီးကားေတြနဲ႔မ်ားတယ္။ အရပ္ဝတ္ေတြနဲ႔မ်ားတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ ဘာျဖစ္လို႔ဝင္စီးတာလည္းဗ်။
ၿမိဳ႕ခံတဦး။ ။သူတို႔က သတင္းအတိအက်ရတယ္လို႔ေျပာတယ္ဗ်။ အဲဒီမွာ အရပ္ဝတ္နဲ႔ဗိုလ္ေလးတေယာက္ဆီက ေျပာတယ္ခင္ဗ်။ သတင္းအတိအက်ရလို႔ေက်ာင္းထဲကို ဝင္ရွာတယ္ေျပာတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ အဖမ္းအဆီးေရာ ဘယ္လိုရွိပါလဲ။
ၿမိဳ႕ခံတဦး။ ။ ဖမ္းဆီးတာက ႏို႔ဆီဗူးလို႔က်ေနာ္တို႔ေခၚေခၚေနတဲ့ တေယာက္ရယ္၊ ႏို႔ဆီဗူးက သူတို႔ဖမ္းတဲ့အခ်ိန္မွာ ျမေတာင္ထဲက ေက်ာင္းတိုက္တတိုက္ရဲ႕ ေျမေအာက္ခန္းထဲ ဝင္ပုန္းတယ္ဗ်။ အဲဒီဝင္ပုန္းတဲ့အခ်ိန္မွာ ေက်ာင္းတိုက္တိုက္က ဆရာေတာ္တပါးရယ္၊ ေ႐ႊဝါဝင္းက ဆရာေတာ္တပါးရယ္၊ သူတို႔ႏွစ္ပါးနဲ႔ ႏို႔ဆီဗူးဆိုတဲ့ တေယာက္နဲ႔မိသြားတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ ဘာျဖစ္လို႔ဖမ္းသြးာတယ္လို႔ၾကားလဲ။
ၿမိဳ႕ခံတဦး။ ။ လက္လုပ္မိုင္းေတြနဲ႔၊ ေဖာက္ခြဲေရးပစၥည္းေတြကို ဒီ ၁၅ ရက္ေန႔အတြက္ သူတို႔ေဖာက္မယ္လို႔သတင္းရတဲ့အတြက္ ဒီေဖာက္ခြဲေရးပစၥည္းေတြရွိတယ္ဆိုၿပီးေတာ့ သူတို႔ဝင္ရွာတယ္ခင္ဗ်။ ပစၥည္းေတာ္ေတာ္မ်ားမ်ားလည္း မိသြားတယ္ခင္ဗ်။ လက္လုပ္မိုင္းေတြနဲ႔ဒီမိုင္းဆက္စပ္ပစၥည္းေတြေပါ့။

ကိုရန္ႏိုင္။ ။ အဲဒီေတာ့ အဖမ္းခံရတာေတာ့ ဒီသုံးေယာက္ပဲေပါ့။
ၿမိဳ႕ခံတဦး။ ။ ဦးဇင္းႏွစ္ပါးဗ်။ က်ေနာ္တို႔ကေတာ့ သူတို႔သက္သက္ႀကိဳတင္စီစဥ္ၿပီးေတာ့ လုပ္တယ္လို႔ထင္တယ္ဗ်။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီျမေတာင္တိုက္ရဲ႕ ေ႐ႊဝါဝင္း တိုက္အုပ္ေက်ာင္းမွာလည္း တိုက္အုပ္ဆရာေတာ္ႀကီးက ေအးေအးေဆးေဆးေနတဲ့ ဆရာေတာ္ႀကီးတပါးပဲေပါ့။ အခု နာယက ဆရာေတာ္တပါးလည္း ပ်ံလြန္ေတာ္မူသြားတယ္ဗ်။ အဲဒီကိစၥေၾကာင့္။ သူတို႔ဝင္ဖမ္းတဲ့အခ်ိန္မွာပဲ ဆရာေတာ္ႀကီးက ေနမေကာင္းလို႔၊ ေမာေနလို႔လဲေနတာကို သူတို႔က အထဲ ပစၥည္းဝင္ရွာဖို႔လုပ္ၾကေတာ့ ဆရာေတာ္ႀကီးက မင္းတို႔ျဖည္းျဖည္းလုပ္ၾကပါလို႔ေျပာတဲ့အခ်ိန္ ငွတ္သိုက္ပုလင္းေတြ ဘာေတ ေက်ာင္းထဲ အကုန္႐ိုက္ခြဲေတာ့ ဆရာေတာ္ႀကီးဟာ ေမာၿပီးေတာ့၊ ကဲ ငါ့ကိုေဆးခန္းလိုက္ပို႔ေတာ့၊ သူတို႔ရွာခ်င္တာ ရွာေပ့ေစဆိုၿပီး ေဆးခန္းအထြက္မွာ ပ်ံလြန္ေတာ္မူသြားတာ။

ကိုရန္ႏိုင္။ ။အခုေနာက္ဆုံးအေျခအေနကေရာ ဘယ္လိုရွိလဲ။
ၿမိဳ႕ခံတဦး။ ။ အခုေနာက္ဆုံးအေျခအရေတာ့ သူတို႔အျပင္မွာေတာ့ အရပ္ဝတ္ေတြနဲ႔နည္းနည္းကင္းေထာက္ခ်ခဲ့တဲ့ ပုံစံေတာ့ရွိတယ္ခင္ဗ်။ အရပ္ဝတ္ေတြနဲ႔က မ်ားတယ္ အျပင္မွာပတ္တာက။ ယူနီေဖာင္းဝတ္တဲ့ ဥစၥာနည္းတယ္ဗ်။ ေက်ာင္းထဲဝင္တာလည္း အရပ္ကားေတြနဲ႔ဝင္တယ္။ အျပင္မွာလည္း အရပ္ဝတ္ေတြနဲ႔ပဲ သူတို႔ ေက်ာင္းပတ္ပတ္လည္တခုလုံးကို ဝိုင္းတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ ဒီကေန႔ဝင္ေရာက္စီးနင္းတဲ့အထဲမွာ ပစ္တာခတ္တာေတြေရာ ရွိေသးလားဗ်။
ၿမိဳ႕ခံတဦး။ ။ မရွိဘူးဗ်။ အဲလို ပစ္တာခတ္တာေတြေတာ့ မရွိဘူး။

............................................................

တိုက္႐ိုက္ လင့္ခ္



(Unicode)

မန္တလေး၊ မြတောင်ဘုန်းကြီးကျောင်း စစ်တပ် စီးနင်းရှာဖွေ

မန္တလေးက ထင်ရှားတဲ့ မြတောင်ကျောင်းတိုက်ကို ဒီကနေ့ညနေပိုင်းမှာ စစ်တပ်က ဝင်ရောက် စီးနင်း ရှာဖွေပြီး တယောက်နဲ့ သံဃာတော်တပါးကို ဖမ်းဆီးသွားပါတယ်။


မြတောင်တိုက်ရဲ့ နာယက ဆရာတော်တပါးကတော့ စစ်တပ်က အတင်း ဝင်ရှာနေချိန်မှာ အမောဖောက်လာတဲ့အတွက် ဆေးခန်းသွားဖို့ ကျောင်းကအထွက် ပျံလွန်တော်မူသွားတယ်လို့ ဖြစ်စဉ်ကို အသေးစိတ်သိထားတဲ့ မန္တလေးမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

မြို့ခံတဦး။ ။ ဟုတ်ပါတယ်ခင်ဗျာ။ သူတို့အင်အားတော်တော်များများနဲ့ သုံးနာရီလောက်မှာဝင်တယ် ခင်ဗျာ။

ကိုရန်နိုင်။ ။ အင်အားတော်တော်များများဆိုတာ ဘယ်လောက်လောက်များလဲ။
မြို့ခံတဦး။ ။ နှစ်ရာကျော်လောက်ရှိတယ်ဗျ။ အိမ်စီးကားတွေနဲ့ကျောင်းထဲကိုဝင်တာ။ ဆလွန်းကားတွေရယ်၊ Saab တွေနဲ့ကျောင်းထဲကို ဝင်တယ်ဗျ။ အပြင်မှာတော့ စစ်ကားတွေနဲ့အချုပ်ကားနှစ်စီးက အပြင်မှာနေနေတယ်။

ကိုရန်နိုင်။ ။ စစ်ကားက ဘယ်လောက်လောက်ရှိလဲ။
မြို့ခံတဦး။ ။ စစ်ကားက အပြင်မှာ သုံးစီးလောက်ပဲ။ အိမ်စီးကားတွေနဲ့များတယ်။ အရပ်ဝတ်တွေနဲ့များတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ ဘာဖြစ်လို့ဝင်စီးတာလည်းဗျ။
မြို့ခံတဦး။ ။သူတို့က သတင်းအတိအကျရတယ်လို့ပြောတယ်ဗျ။ အဲဒီမှာ အရပ်ဝတ်နဲ့ဗိုလ်လေးတယောက်ဆီက ပြောတယ်ခင်ဗျ။ သတင်းအတိအကျရလို့ကျောင်းထဲကို ဝင်ရှာတယ်ပြောတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ အဖမ်းအဆီးရော ဘယ်လိုရှိပါလဲ။
မြို့ခံတဦး။ ။ ဖမ်းဆီးတာက နို့ဆီဗူးလို့ကျနော်တို့ခေါ်ခေါ်နေတဲ့ တယောက်ရယ်၊ နို့ဆီဗူးက သူတို့ဖမ်းတဲ့အချိန်မှာ မြတောင်ထဲက ကျောင်းတိုက်တတိုက်ရဲ့ မြေအောက်ခန်းထဲ ဝင်ပုန်းတယ်ဗျ။ အဲဒီဝင်ပုန်းတဲ့အချိန်မှာ ကျောင်းတိုက်တိုက်က ဆရာတော်တပါးရယ်၊ ရွှေဝါဝင်းက ဆရာတော်တပါးရယ်၊ သူတို့နှစ်ပါးနဲ့ နို့ဆီဗူးဆိုတဲ့ တယောက်နဲ့မိသွားတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ ဘာဖြစ်လို့ဖမ်းသွးာတယ်လို့ကြားလဲ။
မြို့ခံတဦး။ ။ လက်လုပ်မိုင်းတွေနဲ့၊ ဖောက်ခွဲရေးပစ္စည်းတွေကို ဒီ ၁၅ ရက်နေ့အတွက် သူတို့ဖောက်မယ်လို့သတင်းရတဲ့အတွက် ဒီဖောက်ခွဲရေးပစ္စည်းတွေရှိတယ်ဆိုပြီးတော့ သူတို့ဝင်ရှာတယ်ခင်ဗျ။ ပစ္စည်းတော်တော်များများလည်း မိသွားတယ်ခင်ဗျ။ လက်လုပ်မိုင်းတွေနဲ့ဒီမိုင်းဆက်စပ်ပစ္စည်းတွေပေါ့။

ကိုရန်နိုင်။ ။ အဲဒီတော့ အဖမ်းခံရတာတော့ ဒီသုံးယောက်ပဲပေါ့။
မြို့ခံတဦး။ ။ ဦးဇင်းနှစ်ပါးဗျ။ ကျနော်တို့ကတော့ သူတို့သက်သက်ကြိုတင်စီစဉ်ပြီးတော့ လုပ်တယ်လို့ထင်တယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမြတောင်တိုက်ရဲ့ ရွှေဝါဝင်း တိုက်အုပ်ကျောင်းမှာလည်း တိုက်အုပ်ဆရာတော်ကြီးက အေးအေးဆေးဆေးနေတဲ့ ဆရာတော်ကြီးတပါးပဲပေါ့။ အခု နာယက ဆရာတော်တပါးလည်း ပျံလွန်တော်မူသွားတယ်ဗျ။ အဲဒီကိစ္စကြောင့်။ သူတို့ဝင်ဖမ်းတဲ့အချိန်မှာပဲ ဆရာတော်ကြီးက နေမကောင်းလို့၊ မောနေလို့လဲနေတာကို သူတို့က အထဲ ပစ္စည်းဝင်ရှာဖို့လုပ်ကြတော့ ဆရာတော်ကြီးက မင်းတို့ဖြည်းဖြည်းလုပ်ကြပါလို့ပြောတဲ့အချိန် ငှတ်သိုက်ပုလင်းတွေ ဘာတေ ကျောင်းထဲ အကုန်ရိုက်ခွဲတော့ ဆရာတော်ကြီးဟာ မောပြီးတော့၊ ကဲ ငါ့ကိုဆေးခန်းလိုက်ပို့တော့၊ သူတို့ရှာချင်တာ ရှာပေ့စေဆိုပြီး ဆေးခန်းအထွက်မှာ ပျံလွန်တော်မူသွားတာ။

ကိုရန်နိုင်။ ။အခုနောက်ဆုံးအခြေအနေကရော ဘယ်လိုရှိလဲ။
မြို့ခံတဦး။ ။ အခုနောက်ဆုံးအခြေအရတော့ သူတို့အပြင်မှာတော့ အရပ်ဝတ်တွေနဲ့နည်းနည်းကင်းထောက်ချခဲ့တဲ့ ပုံစံတော့ရှိတယ်ခင်ဗျ။ အရပ်ဝတ်တွေနဲ့က များတယ် အပြင်မှာပတ်တာက။ ယူနီဖောင်းဝတ်တဲ့ ဥစ္စာနည်းတယ်ဗျ။ ကျောင်းထဲဝင်တာလည်း အရပ်ကားတွေနဲ့ဝင်တယ်။ အပြင်မှာလည်း အရပ်ဝတ်တွေနဲ့ပဲ သူတို့ ကျောင်းပတ်ပတ်လည်တခုလုံးကို ဝိုင်းတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ ဒီကနေ့ဝင်ရောက်စီးနင်းတဲ့အထဲမှာ ပစ်တာခတ်တာတွေရော ရှိသေးလားဗျ။
မြို့ခံတဦး။ ။ မရှိဘူးဗျ။ အဲလို ပစ်တာခတ်တာတွေတော့ မရှိဘူး။

အပြည့်အစုံကို ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG