သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူရႊင္ေတာ္ ဇာဂနာ အဖမ္းခံရ


လူရႊင္ေတာ္ ဇာဂနာ။ (ဓာတ္ပံု - AP Photo/Khin Maung Win - ေအာက္တိုဘာ ၁၃၊ ၂၀၁၁)

[Zawgyi/Unicode]

စစ္တပ္အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲေနသလို ဆႏၵျပသူေတြ၊ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ၊ ေထာက္ခံသူေတြကို စစ္တပ္ကဖမ္းဆီးေနတာမွာ ဒီကေန႔မနက္ပိုင္းကေတာ့ ထင္ရွားတဲ့ အႏုပညာရွင္တဦးျဖစ္သူ ဇာဂနာ ေခၚ ဦးသူရကို ေနအိမ္မွာ လာဖမ္းသြားတယ္လို႔ လူ႐ႊင္ေတာ္ ငေပ်ာေက်ာ္က သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း အဆိုေတာ္ ရဲတိုက္ကို ဖမ္းထားတဲ့အေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ ဒါ့အျပင္ နယ္ပယ္အသီးသီးက ထင္ရွားတဲ့ အႏုပညာရွင္ေတြ၊ သတင္းမီဒီယာသမားေတြကုိလည္း ပုဒ္မ ၅၀၅ (က)နဲ႔ ဖမ္းဝရမ္းထုတ္ထားပါတယ္။

အဲဒီလို ပစ္ခတ္ၿဖိဳခြဲတာ၊ ဖမ္းဆီးတာေတြ အျပင္းအထန္ လုပ္ေနတဲ့ၾကားမွာပဲ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ၿပီး ဒီမုိကေရစီေရးေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြကေတာ့ ႏုိင္ငံတဝန္း ေနရာအမ်ားအျပားမွာ ဒီကေန႔အခ်ိန္ထိ ဆက္ရွိေနဆဲပါပဲ။

ရန္ကုန္ၿမိဳ႕မွာေတာ့ ဒီကေန႔ ေသြးမတိတ္ ေဆးသပိတ္ဆိုတဲ့ လႈပ္ရွားမႈကို လူငယ္ေတြ ဦးေဆာင္ၿပီး လုပ္ခဲ့ၾကပါတယ္။ လမ္းမႀကီးေတြနဲ႔ လမ္းဆံုလမ္းခြေတြမွာ သေဘၤာေဆးအနီေရာင္ ပက္ဖ်န္းၿပီးေတာ့ ေသြးမတိတ္ေသးဘူးဆိုတဲ့ သေဘာမ်ဳိး ဆႏၵျပၾကတာပါ။ တခ်ဳိ႕ေနရာေတြမွာေတာ့ စစ္တပ္နဲ႔ ထိပ္တိုက္မတိုးေအာင္ေရွာင္ၿပီး လမ္းႀကိဳလမ္းၾကားေတြမွာ ဆႏၵျပခဲ့ၾကပါတယ္။

ထားဝယ္ၿမိဳ႕မွာေတာ့ ျမန္မာ့႐ိုးရာ အတာသၾကၤန္ ႏွစ္သစ္ကူးကာလမွာ ပြင့္ေလ့ရွိတဲ့ ပိေတာက္ပန္းေတြကို ကိုင္ေဆာင္ၿပီး ခ်ီတက္ဆႏၵျပၾကပါတယ္။

မႏၲေလးမွာ ေဆးဝန္ထမ္းေတြရဲ႕ ပင္မသပိတ္စစ္ေၾကာင္းကို အသံဗံုးေတြ၊ မ်က္ရည္ယိုဗံုးေတြသံုးၿပီး ၿဖိဳခြဲသလို မံုရြာမွာလည္း ပင္မသပိတ္စခန္းကို အၾကမ္းဖက္ဖ်က္ဆီးခဲ့ေပမယ့္ ဆႏၵျပပြဲေတြကေတာ့ ရပ္မသြားခဲ့ပါဘူး။ ဒါ့အျပင္ မႏၲေလးမွာ တ႐ုတ္ႏုိင္ငံကိုလည္း ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။

မိုးကုတ္၊ ဖားကန္႔၊ တန္ဆည္၊ မိတၳီလာ၊ ကသာ၊ ဟိုပင္၊ ေရစႀကိဳ၊ တီးတိန္၊ ျမင္းျခံ၊ ပုဂံ၊ ေလာင္းလံု အစရွိတဲ့ၿမိဳ႕ေတြမွာလည္း နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ဧၿပီလ ၅ ရက္ေန႔အထိဆိုရင္ ေသဆံုးသူေပါင္း ၅၇၀ ထက္မနည္းရွိၿပီလို႔ ႏုိ္င္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားၿပီး ေသဆံုးသူ အေရအတြက္ဟာ ဒီထက္ပိုမ်ားႏုိင္တယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးခံထားရသူကေတာ့ ၂,၇၃၀ နီးပါးရွိၿပီလို႔လည္း AAPP ကေျပာပါတယ္။

လူရႊင္ေတာ္ ဇာဂနာ အဖမ္းခံရ
please wait

No media source currently available

0:00 0:02:04 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူရွှင်တော် ဇာဂနာ အဖမ်းခံရ

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေသလို ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ထောက်ခံသူတွေကို စစ်တပ်ကဖမ်းဆီးနေတာမှာ ဒီကနေ့မနက်ပိုင်းကတော့ ထင်ရှားတဲ့ အနုပညာရှင်တဦးဖြစ်သူ ဇာဂနာ ခေါ် ဦးသူရကို နေအိမ်မှာ လာဖမ်းသွားတယ်လို့ လူရွှင်တော် ငပျောကျော်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဆိုတော် ရဲတိုက်ကို ဖမ်းထားတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးက ထင်ရှားတဲ့ အနုပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေကိုလည်း ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

အဲဒီလို ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးတာတွေ အပြင်းအထန် လုပ်နေတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ နိုင်ငံတဝန်း နေရာအများအပြားမှာ ဒီကနေ့အချိန်ထိ ဆက်ရှိနေဆဲပါပဲ။

ရန်ကုန်မြို့မှာတော့ ဒီကနေ့ သွေးမတိတ် ဆေးသပိတ်ဆိုတဲ့ လှုပ်ရှားမှုကို လူငယ်တွေ ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။ လမ်းမကြီးတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ သင်္ဘောဆေးအနီရောင် ပက်ဖျန်းပြီးတော့ သွေးမတိတ်သေးဘူးဆိုတဲ့ သဘောမျိုး ဆန္ဒပြကြတာပါ။ တချို့နေရာတွေမှာတော့ စစ်တပ်နဲ့ ထိပ်တိုက်မတိုးအောင်ရှောင်ပြီး လမ်းကြိုလမ်းကြားတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

ထားဝယ်မြို့မှာတော့ မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးကာလမှာ ပွင့်လေ့ရှိတဲ့ ပိတောက်ပန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြပါတယ်။

မန္တလေးမှာ ဆေးဝန်ထမ်းတွေရဲ့ ပင်မသပိတ်စစ်ကြောင်းကို အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲသလို မုံရွာမှာလည်း ပင်မသပိတ်စခန်းကို အကြမ်းဖက်ဖျက်ဆီးခဲ့ပေမယ့် ဆန္ဒပြပွဲတွေကတော့ ရပ်မသွားခဲ့ပါဘူး။ ဒါ့အပြင် မန္တလေးမှာ တရုတ်နိုင်ငံကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မိုးကုတ်၊ ဖားကန့်၊ တန်ဆည်၊ မိတ္ထီလာ၊ ကသာ၊ ဟိုပင်၊ ရေစကြို၊ တီးတိန်၊ မြင်းခြံ၊ ပုဂံ၊ လောင်းလုံ အစရှိတဲ့မြို့တွေမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ဧပြီလ ၅ ရက်နေ့အထိဆိုရင် သေဆုံးသူပေါင်း ၅၇၀ ထက်မနည်းရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူကတော့ ၂,၇၃၀ နီးပါးရှိပြီလို့လည်း AAPP ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG