သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အပေါ် တုံ့ပြန်ချက်တချို့


မြောက်ဦးမြို့မှ ဒေသခံများ၊ ဂျွန် ၃၀၊ ၂၀၁၉ ။
မြောက်ဦးမြို့မှ ဒေသခံများ၊ ဂျွန် ၃၀၊ ၂၀၁၉ ။

Zawgyi

စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အပေါ် တုံ့ပြန်ချက်တချို့

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဦးဆောင်ပြီးတော့ ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့မှာ ပျော်ပွဲရွင်ပွဲတွေနဲ့ ရခိုင်ရိုးရာကျင်ကိုင်ပွဲတွေကို ကျင်းပနေ တာလည်းဖြစ်ပါတယ်။ မနှစ်က ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုတွေကြောင့် ရခိုင်ပြည်နယ်နေ့ကို မကျင်းပနိုင်ခဲပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်မှုတွေလည်း လျော့နည်းနေတာကြောင့် ကျင်းပရတာဖြစ်တယ်လို့လည်း ကျင်ကိုင်ပွဲကျင်းပရေး ကော်မတီ က ပြောပါတယ်။ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်နေ့ကို လက်မခံနိုင်တဲ့ သူတွေရှိသလို စစ်ကောင်စီက ပွဲကျင်းပတာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒီကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ဦးဝင်းမင်းပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဦးဆောင်ပြီးတော့ ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့မှာ ပျော်ပွဲရွင်ပွဲတွေနဲ့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတွေကို ကျင်းပနေတာလည်းဖြစ်ပါတယ်။ မနှစ် ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ရခိုင်ပြည်နယ်နေ့ကို မကျင်းပနိုင်ခဲပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်မှုတွေလည်း လျော့နည်းနေတာကြောင့် ကျင်းပရတာဖြစ်တယ်လို့လည်း ကျင်ကိုင်ပွဲကျင်းပရေး ဆပ် ကော်မတီ ဦးစီုးနိုင်ကပြောပါတယ်။

“ ဟိုဖက်နှစ်က ၄၆ကြိမ်မြောက်မှာကတော့ မလုပ်ဖြစ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုဗစ် ရောဂါရှိတယ်။ ဖြစ်ပါ့မလားဒီလောက် ရောဂါတွေဖြစ်နေတာ ဒီလောက်ထိ ကျနော်တို့က ထိန်း ချုပ်မှုမလုပ်နိုင်သေးဘူး။ ဒီနှစ်မှာကျတော့ ကျနော်တို့ ယုံကြည်တာ ကျနော်တို့ ဒေသမှာဖြင့် ဒီကိုဗစ်ရောဂါကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ဘာပဲပြောပြော တော်တော်များများ ထိန်းချုပ်နိုင်တယ်။ နိုင်ပြီလို့လည်း ကျနော်တို့ယုံကြည်တယ် ယုံကြည်တဲ့ အတွက်ကြောင့် ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြိုင်ပွဲဆိုပြီးတော့ ကျင်းမရတာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာတော့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို စည်းကာ သိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပြီး အနယ်အနယ်အရပ်ရပ် ကျင်ကိုင်သူတွေ လာရောက်အား ပေးသူတွေနဲ့ ပြည့်နှက်နေတာပါ။

ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့ ကြားက အခုလို လူထောင်နဲ့ချီတဲ့ ပျော်ပွဲ ရွင်ပွဲတွေကို ပြည်နယ်စစ်ကောင်စီက ကျင်းပနေတာနဲ့ ပတ်သတ်ပြီး ရခိုင်ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်က အခုလိုပြောပါတယ်။

“ ရခိုင်ပြည်နယ်နေ့ဆိုတာကတော့ ရခိုင်သားတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ် တစ်ခု တော့မဟုတ်ပါဘူး။ ဒါက ခေတ်အဆက်ဆက် အစိုးရက သတ်မှတ်ထားတဲ့နေ့တစ်ခုပဲ ဖြစ်တယ်။ ကိုယ်တွေမှာ သတ်မှတ်ထားတဲ့နေ့တွေက ရခိုင်အမျိုးသားနေ့တို့ ဘာတို့ဆိုရင် အမျိုးသားညီလာခံက ချမှတ်တဲ့ရက်တွေရှိတယ်။ အခုက ရခိုင်တွေ ကိုယ်တိုင် ဆုံးဖြတ်ပြီး တော့ သတ်မှတ်ထားတဲ့နေ့ရက်တစ်ခုလည်းမဟုတ်ဘူး။ အစိုးကရ ဒီနေ့ကို မင်းတို့ ပြည်နယ် နေ့လုပ်ပါဆိုပြီးတော့ လုပ်ထားတဲ့ နေ့တစ်နေ့ ဖြစ်တာကြောင့် ကျနော်တို့ကတော့ ရင်ထဲမှာ ဘာမှမခံစားဘူး။ နေ့ထူးနေ့မြတ်တစ်ခုလို့လည်းမမြင်ဘူး။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈အကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်ရခိုင်ပြည်နယ်မှာ ပျော်ပွဲရွင်ပွဲတွေ ပျောက်ကွယ်နေခဲ့တာပါ။အဲတာကြောင့် ဒီနှစ်မှာ ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီကကျင်းပခွင့်ပေးတဲ့ အတွက် ပျော်တယ်လို့လည်း စစ်တွေဒေသခံ မခိုင်ချေကပြောပါတယ်။

“ ကိုယ်တို့ ရခိုင်ပြည်နယ်နေ့မှာ အခုလို ပွဲချပေးတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ စိုးရိမ်မှုတော့ အများကြီးမရှိဘူး နည်းနည်းပါးပါးတော့ စိုးရိမ်မိပါတယ်။”

စစ်တွေမြို့ဘုရားကြီးကွင်းမှာ ကျင်းပနေတဲ့ ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ထောင်နဲ့ချီတဲ့ ဒေသခံတွေ လာရောက်အားပေးကြပေမယ့် လာရောက်သူအများစုမှာ နှာခေါင်းစည်းတွေ မတပ်ထားတာကြောင့် ကိုဗစ်ကူးစက်မှုတွေ ရှိလာမှာကိုလည်း ဒေသခံတွေက စိုးရိမ် နေကြတာပါ။

ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက အခုလို ပွဲလမ်းသဘင်တွေ ကျင်းပနေတာဟာ ပြည်သူတွေဆီက မေတ္တာကို လိုချင်လို့ လုပ်တာဖြစ်တယ်လို့လည်း ရခိုင်ဒေသခံ ကိုဇော် ဇော်က ပြောပါတယ်။

“ အခုကလည်း စစ်ကောင်စီက ပြည်သူတွေအပေါ်မှာ မေတ္တာထားတယ်ဆိုတာမျိုး ပြချင် တာ နေမှာပေါ့။ ဒီလိုမျိုးလည်း ဖြစ်ကောင်ဖြစ်နိုင်တယ်။ နောက် ဆံတော်ရှင် ဘုရားပွဲလည်း သူတို့ လုပ်တာပဲ ပြည်နယ်နေ့လည်းသူတို့လုပ်တာပဲ။ တကယ်စေ တနာပါ လားမပါ လားဆို တာကတော့ သူတို့ပဲ သိမှာပါ။ ကျနော်တို့ကတော့ မထင်ပါဘူး။ သူတို့ပြည်သူတွေဆီက မေတ္တာတွေကို ညှစ်ယူချင်တာ ဘယ်လောက်ရနိုင်မလဲဆိုပြီးတော့ အဲတာကြောင့် လုပ်တယ် လို့မြင်တယ်။”

ရခိုင်ပြည်နယ် မြိုတော်အပါအဝင် တခြားမြို့နယ်တွေမှာလည်း ဒီကနေ့ကျရောက်တဲ့ 47ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက ဦးဆောင်ပြီးတော့ ကျင်းပ ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ နည်းပါးလာတယ်ဆိုပေမယ့်ဒီလအတွင်းမှာပဲ ဘင်္ဂလား ဒေရှ့်နိုင်ငံဖက်က ပြန်လာတဲ့ ကုန်သည်တွေဆီမှာ ကိုဗစ်ကူးစက်မှုတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


###

Unicode














XS
SM
MD
LG