သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ ဇစ်မြစ် နားလည်ကြဖို့ ဒေါ်စုလိုလား


ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ “ဆက်စပ်နေတဲ့ သမိုင်းကြောင်းကိစ္စရပ်တွေအားလုံးကို မြန်မာနိုင်ငံပြင်ပက လူ အနည်းငယ်လောက်နဲ့ မြန်မာနိုင်ငံတွင်းမှာတောင်မှ လူအနည်းငယ်လောက်ပဲ သတိထားမိကြပါတယ်။ ဒါကြောင့် ဒါက ပြင်ပ ကမ္ဘာအတွက်တင် မဟုတ်ပါဘူး၊နို င်ငံတွင်းက ကျမတို့လူထုအနေနဲ့လည်း ဘာဖြစ်နေတယ်၊ ကျမတို့ လုပ်ဆောင်တာတွေဟာ ဘာကြောင့်လုပ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ အရေးအကြီးဆုံးက ကျမတို့လူထု နားလည်သင့်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရေရှည်မှာ ကျမတို့နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ကျမတို့ပဲ ထိန်းသိမ်းရမှာပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျပန်အခြေစိုက် NHK သတင်းဌာနနဲ့ ငါးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သီးခြားတွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောသွားတာကို NHK သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေးကိစ္စအပေါ် အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကြား ဗုဒ္ဓဟူးနေ့ကပဲ နားလည်မှုစာချွန်လွှာ MoU တခုကို လက်မှတ်ရေးထိုးထားပြီး အဲဒါနဲ့ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က - “ကျမတို့ လုပ်ဆောင်ရမယ့် တာဝန်တွေကို MoU မှာပါတာတွေနဲ့အညီ လုပ်ဆောင်ထားပါတယ်။ MoU ကို လေ့လာမယ် ဆိုရင်၊ ကျမတို့ လုပ်ဆောင်နေတာတွေကို ကြည့်မယ်ဆိုရင် ကျမတို့တာဝန်တွေကို ကျမတို့လုပ်ဆောင်ထားတယ်ဆိုတာ တွေ့မယ်လို့ ကျမယူဆပါတယ်” ဆိုပြီး ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “စစ်တပ်ရဲ့ လွှမ်းမိုးမှုက သိပ်ကို အားကောင်းပါတယ်။ လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ ၂၅% ကို စစ်တပ်အတွက် လျာထားပါတယ်။ ဒါဟာ ကျမတို့ရင်ဆိုင်ရမယ့် အခြေအနေ တွေထဲမှာ နောက်ထပ်ပါရှိနေတဲ့ အနေအထားပါ။ အဲဒါကလည်း ဖြစ်ရိုးဖြစ်စဉ်သဘောပါပဲ။ ဘာကြောင့်လည်းဆိုတော့ ရှင်ပြော သလို၊ ကျမ ရှင်းပြထားသလို ကျမတို့ဟာ ဒီမိုကရေစီအပြည့်အဝရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးပါဘူး၊ ကျမတို့ရဲ့ အခြေခံ ဥပဒေဟာ အပြည့်အဝ ဒီမိုကရေစီနည်းကျ မဟုတ်ပါဘူး။” လို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG