သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၃,၀၀၀ ကျော်လွှတ်မယ်လို့ စစ်ကောင်စီကြေညာ


၂၀၂၃ ခု၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာသူတွေကို စောင့်ကြိုနေကြတဲ့ မိသားစုနဲ့မိတ်ဆွေများ။
၂၀၂၃ ခု၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာသူတွေကို စောင့်ကြိုနေကြတဲ့ မိသားစုနဲ့မိတ်ဆွေများ။

ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၀၀၀ ကျော်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၃၀၁၅ ဦး ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံခြားသားအကျဉ်းသား ၉၈ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းသားတွေကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာပါ။ အခုပြန်လွှတ်မယ့်အထဲ နိုင်ငံရေးပုဒ်မတွေနဲ့ကျခံနေရတဲ့ အကျဉ်းသားတွေ ပါ၊မပါတော့ မသိရှိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ အကျဉ်းသား ၁၇၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၃၈၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။
အကျဉ်းသားလွှတ်မြောက်တဲ့နောက်ဆုံးရအချက်အလက်တွေကို ထပ်မံတင်ပြပေးသွားပါမယ်။

XS
SM
MD
LG