သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်စ်ပို့ရုံး မဟာချိုင် မှာဖွင့်ဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနစီစဉ်


မြန်မာနိုင်ငံကူးလက်မှတ်
မြန်မာနိုင်ငံကူးလက်မှတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ အစီစဉ်နဲ့ နိုင်ငံကူးလက်မှတ်တွေထုတ်ပေးတဲ့ ရုံးကိုလာရောက်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ကပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနတွေက ပြီးခဲ့တဲ့လက ဆွေးနွေးပွဲလုပ်အပြီးမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ့် ရုံးကို ဖွင့်လှစ်ဖို့အတွက်သဘောတူခဲ့တာပါ။ မြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေပျောက်ဆုံးတာ ပျက်ဆီးတာတွေဖြစ်မယ်ဆိုရင် နယ်စပ်ထိ ဆင်းပြီးသွားလုပ်တာ ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးမှာ လနဲ့ ချီစောင့်ပြီး လုပ်စရာမလိုတော့ပဲ အလျင်အမြန်လုပ်ဆောင် နိုင်အောင် ဆာမွတ်ဆာခွန်းခရိုင် မဟာချိုင်ဒေသမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ နေရာတခုဖွင့်လှစ်ဖို့ အတွက် သဘောတူညီမူတွေရခဲ့တဲ့ အကြောင်းအဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဒုဥက္ကဌ ဦးအောင်ကျော်ကပြောပါတယ်။

"ကျနော်တို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပတ်စပို့တွေပျောက်ရင် ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သွားလျောက်ရတယ်။ အဲဒီမှာဆိုရင် သုံးလ လေးလထိ ကြာတယ် အဲဒီမှာမစောင့်နိုင်ရင်တော့ နယ်စပ်တွေမှာ မြန်မာအစိုးရက နေရာ၃ခုမှာ ဖွင့်ပေးထားတယ်။ ကော့သောင်းရယ် မြဝတီရယ် တာချီလိပ်ရယ်မှာဖွင့်ပေးထားတယ်။ အဲဒီ နေရာတွေကိုဆင်းပြီး လုပ်တော့လည်းကုန်ကျစရိတ်တွေနဲ့ အခက်အခဲရှိတယ်။ အခုချိန်မှာတော့ဆာမွတ်ဆာခွန်းခရိုင်မှာ ရုံးကို လာဖွင့်ပေးမယ်ဆိုတော့ အလုပ်သမားတွေက စိတ်ဝင်စားမူရှိတယ် အဓိက ပျောက်ဆုံးတဲ့သူတွေ ပျက်ဆီးသွားတာတွေအတွက် အဓိကထုတ်မှာပါ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက စီစဉ်တာခင်ဗျ"

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေပြန်လုပ်တဲ့အခါမှာ အလုပ်က ခွင့်မရတာတွေ နယ်စပ်ဆင်းပြီး လုပ်ဖို့အတွက် ငွေကြေးအချိန်အခက်အခဲတွေရှိနေတာပါ။ ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက်မနည်းလာရောက်အလုပ်အကိုင်နေကြပြီး တရားဝင်အထောက်အထားရှိသူတွေကတော့ တသန်းတသိန်းကျော်ပဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG