သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ကာလတိုသင်တန်းအတွက် Passport သက်တမ်း တိုးပေးတော့မည်မဟုတ်


ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး

ထိုင်းနိုင်ငံမှာ ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတွေကို ကျောင်းသားဗီဇာနဲ့ ရေတိုသင်တန်းတွေတက်နေသူတွေရဲ့ PE အမျိုးအစား နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်သွားရင် ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက် ပညာသင်ကြားသူတွေအတွက် ထိုင်းအစိုးရသတ်မှတ်ထားတဲ့ Non ED အမျိုးအစားဗီဇာနဲ့ မြန်မာလူငယ်အများအပြား ထိုင်းမှာ နေထိုင်နေကြပါတယ်။ အဲဒီ Non ED ကျောင်းသားဗီဇာနဲ့ ကျောင်းတက်နေကြသူတွေထဲမှာ ရေတိုသင်တန်းတက်သူတွေ များပြားလွန်းတဲ့အတွက် ဘန်ကောက်မြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာရော၊ ချင်းမိုင်မြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးချုပ်တို့မှာပါ Passport သက်တမ်းတိုး မပေးတော့ဘူးလို့ မြန်မာသံရုံးက ထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ထုတ်ပေးတဲ့ PE အမျိုးအစား နိုင်ငံကူး Passport တွေကို ရေတိုသင်တန်း တက်သူတွေကို မပေးတော့ဘူးလို့ ကြေညာတာပါ။ ထိုင်းတက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန်တက်နေသူတွေ၊ အခြေခံပညာကျောင်းတက်နေသူတွေကိုတော့ အရင်အတိုင်း ဆက်ပြီး Passport အသစ်လဲပေးတာတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ အသက်အရွယ်အတွင်း အမျိုးသမီး၊ အမျိုးသားတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံက လူငယ်အများအပြား ထိုင်းနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာ သွားနေထိုင်နိုင်ဖို့ ကြိုးစားနေကြချိန်မှာ အခုလို မြန်မာသံရုံးက ကန့်သတ်ချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။

ထိုင်းမှာ ကာလတိုသင်တန်းအတွက် Passport သက်တမ်း တိုးပေးတော့မည်မဟုတ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG