သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ထိရောက်မှုသုံးသပ်ချက်


ပခုက္ကူ ငြိမ်းချမ်းရေးစကားဝိုင်း (Myanmar State Counsellor Office)

ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးရေးကို ဦးတည်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ ဒီကနေ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ နိုင်ငံအတွင်းက နေရာတချို့မှာ ကျင်းပလာခဲ့တာ ဆယ်ကြိမ်နီးပါး ရှိပြီဖြစ်ပြီး ဆွေးနွေးပွဲတွေရဲ့ ထိရောက်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုအပေါ်မှာတော့ သဘောထားအမြင်အမျိုးမျိုး ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

NLD ပါတီအာဏာရလာပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်ကစလို့ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ဒေသတော်တော်များ များမှာ နိုင်ငံတော်အတိုင်ပင်ခံ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လုပ်လာ တာ အခုဆိုရင် ၁ဝကြိမ်နီးပါးရှိလာပြီဖြစ်ပါတယ်။

ပခုက္ကူဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က -

"အင်မတန်မှပြည်သူလူထုကအရည်အချင်းရှိတဲ့နိုင်ငံတွေမှာမထင်မှတ်ဘဲနဲ့ကောင်းတဲ့အရည်အချင်းမရှိသူတွေ အုပ်စိုးသွားတာလည်း သမိုင်းမှာရှိပါတယ်။ ဒါပေမယ့် ပြည်သူကဆင်ခြင်တုံတရားရှိလေလေ အစိုးရတွေကောင်း လေလေပဲ။"

မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးညီလာခံက ထင်သ လောက်ခရီးမပေါက်ချိန်မှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုဦးတည်ပြောဆိုတဲ့ အတိုင်ပင်ခံရဲ့ ငြိမ်းချမ်း ရေးစကားဝိုင်းတွေကိုသုံးသပ်ဝေဖန်မှုတွေရှိလာပါတယ်

ဒီပြင် လူမှုကွန်ယက်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံ စကားဝိုင်းမကျင်းပခင် နေ့ရက်အလိုတွေမှ နိုင်ငံတော်အတိုင်ပင်ခံလာမယ့်လမ်းတလျှောက်ကို ပြင်ဆင်မွန်းမံမှု တွေ လုပ်တဲ့ ဓါတ်ပုံဗီဒီယိုဖိုင်တွေ တက်လာတာကြောင့် အရင်စစ်အစိုးရတုန်းနဲ့နိုင်းယှဉ်မှုတွေရှိလာခဲ့ပါတယ်။ လူကြီးလာမှ ပြင်ဆင်ပြလေ့တဲ့အကျင့်တွေကို NLD လက်ထက်မှာမရှိသင့်တော့ဘူးလို့ ဝေဖန်ထောက်ပြမှုတွေရှိလာတာပါ။

ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့ အသိပညာဗဟုသုတ ဖြန့်ဝေပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ ဒီစကားဝိုင်းတွေက ငြိမ်းချမ်းရေးအတွက် ထိရောက်မှုအားနည်းတယ် ဆိုပေမယ့် အခြားကောင်းကွက် အချက်တွေရှိနေသေး တယ်လို့ ပြောပြလာသူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းပါ။

"အမျိုးသားရင်ကြားစေ့ရေးတခုအတွက်ထိရောက်သင့်သလောက်မထိရောက်ဘူးလို့မြင်ပါတယ်။ ငြိမ်းချမ်း ရေးစကားဝိုင်းလို့ပြောမယ်ဆိုရင် ကြီးကြီးမားမားထိရောက်တာမရှိပေမယ့်လို့အောကါခြေပြည်သူ၊ကျေးလက်ပြည်သူနဲ့ထိတွေ့နိုင်တော့အောက်ခြေမှာဖြစ်ပျက်နေတာ တွေလွဲချော်နေတာတွေ တိုင်းပြည်နယ်အစိုးရတွေရဲ့ စွမ်းဆောင်ရည်အားနည်းချက်တွေကိုတိုက်ရိုက်သိနိုင်လို့ အတိုင်းအတာတခုအထိ အကျိုးဖြစ်ပါတယ်"

ချင်းအမျိုးသားတပ်ဦးက အတွင်းရေးမှုး ဒေါက်တာရွှေခါး ကတော့ ငြိမ်းချမ်းရေးစကားဝိုင်းတွေနဲ့ပတ်သတ်လို့

"ငြိမ်းချမ်းရေးအသိပညာမျှပေးတာမို့ကောင်းပါတယ်။ အချက်အလက်အရပြောရရင်တော့ ဘာမှမယ်မယ် ရရမမျော်လင့်ဘူး။ အထောက်အကူပြုမယ်လို့ ဘာမှမျှော်လင့်ချက်မရှိဘူး။ ဘာလို့လဲဆို အသိပညာမျှပေးတဲ့အဆင့်ဘဲရှိတယ်လို့မြင်တယ်"

ပအို့ခေါင်းဆောင်တဦးတဲ့ ခွန်မြင့်ထွန်းကတော့ ငြိမ်းချမ်း ရေးစကားဝိုင်းတွေဆီကနေ တကယ့်ငြိမ်းချမ်းရေးအတွက် နည်းလမ်းကောင်းတွေဆက်ရှာဖို့လိုတယ်လို့ ဆိုလိုက်ပါတယ်။

"နိုင်ငံတော်ခေါင်းဆောင်အနေနဲ့အသိအမှတ်ပြုလို့ ဝမ်းသာမိတယ်။ သို့သော်လည်းဒီစကားဝိုင်းတွေကတဆင့်ဆက်ပြီးတော့ငြိမ်းချမ်းရေးကိုရယူဖို့ဘဲဖက်ဒရယ်ထူ ထောင်ဖို့လိုတာဘဲဖြစ်ပါတယ်။လှေကားထှစ်တခုလို ဆက်လှမ်းရမှာပေါ့။"

နိုင်ငံရေးငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ငြိမ်းချမ်းရေးစကားဝိုင်းတွေဆီကနေု မြန်မာ့ငြိမ်းချမ်းကိုအထောက်အပံ့ပေးနိုင်ဖို့အတွက် အခုလို အကြံပေးသွားတာပါ။

"ကျနော်အမြင်ကတော့သိပ်မထိရောက်ဘူးထင်တယ်။ သူ့ခေါင်းဆောင်မှုအရငြိမ်းချမ်းရေးလှုံဆော်ပေးတာ ကန့်ကွက်စရာမရှိပါဘူး။ ထိထိရောက်ရောက်လှုံဆော်စေချင်ရင် ပါတီကခေါင်းဆောင်ပြီးဖြစ်စေ လွှတ်တော်ကိုယ်စလှယ်တွေကနေ တပြည်လုံးမှာ ပြည်သူကိုချပြရှင်း ပြတာလုပ်သင့်တယ်မြင်ပါတယ်"

ဒီကနေ့မှာတော့နိုင်ငံတော်အတိုင်ပင်ခံဟာ ပခုက္ကူမှာ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပခဲ့ပါတယ်။

XS
SM
MD
LG