သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ဖိတ္ေခၚေဆြးေႏြးမႈအေပၚ ျပည္သူ႔ပါတီဥကၠ႒ သေဘာထား


ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး

( Unicode)

စစ္ေကာင္စီရဲ႕ ဖိတ္ေခၚေဆြးေႏြးမႈအေပၚ ျပည္သူ႔ပါတီဥကၠ႒ သေဘာထား

ၿငိမ္းခ်မ္းေရးဆိုင္ရာ ညႇိႏႈိင္း ေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီးေတာ့ ျပည္ေထာင္စုေန႔အခမ္းအနား တက္ေရာက္ခဲ့တဲ့ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးရဲ႕ အျမင္သေဘာထားေတြ သိႏိုင္ဖို႔ ဗြီအိုေအသတင္းေထာက္ ကိုမိုးေဇာ္က ေနျပည္ေတာ္မွာ လူကိုယ္တိုင္ သီးသန႔္ ေတြ႕ဆုံ ေမးျမန္းၿပီး တင္ျပထားပါတယ္။

ကိုမုိးေဇာ္ - ဒီေန႔မွာလည္း ထပ္ၿပီး ေျပာပါတယ္၊ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာလည္း ေၾကညာခ်က္ထုတ္တယ္၊ အဓိကေတာ့ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္္လႈိင္ကေနၿပီး EAO တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းေတြကုိ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားတယ္။ ကန္႔သတ္မႈေတြ မရွိတဲ့ ၿငိမ္းခ်မ္းေရးဆုိၿပီး သူ ဖိတ္ေခၚတယ္။ သမုိင္းမွာလည္း ဒီလိုမ်ဳိး ဖိတ္ေခၚတာ မရွိဘူးဆုိတာလည္း သူေျပာတယ္။ အဲဒီ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚတဲ့အေပၚမွာ ဦးကိုကုိႀကီး အေနနဲ႔ ဘယ္လိုမ်ား ျမင္ပါသလဲ။

ဦးကုိကိုႀကီး - “အဓိကေတာ့ ၿငိမ္းခ်မ္းေရးဆုိတာ ႀကိဳဆိုရမယ့္ကိစၥပဲ။ ေနာက္တခုကလည္း လက္နက္ကုိင္ ပဋိပကၡ ခ်ဳပ္ၿငိမ္းဖို႔ ဆုိတာက အရင္းခံက ႏုိင္ငံေရး ျပႆနာေပါ့။ ဒါေၾကာင့္ က်ေနာ္တုိ႔ ဆုိ႐ုိးစကားေတာင္ရွိတယ္၊ ေသြးထြက္တဲ့ ႏုိင္ငံေရးနဲ႔ ေသြးမထြက္တဲ့ ႏုိင္ငံေရးဆုိတာ။ အဲဒီေတာ့ ေသြးမထြက္တဲ့ ႏုိင္ငံေရး ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေအာင္ျမင္ရင္ ေသြးထြက္တဲ့ႏုိင္ငံေရး မလုိအပ္ဘူးေပါ့။ ေသြးထြက္နည္းမွာေပါ့ဗ်ာ၊ သေဘာက။ ဒါေၾကာင့္ က်ေနာ္တုိ႔ကေတာ့ ေသြးမထြက္တဲ့ ႏုိင္ငံေရး ၿငိမ္းခ်မ္းေရး ေဆြးေႏြးတာဟာ တုိင္းျပည္အတြက္ အေကာင္းဆုံးပဲလို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။”

ကုိမုိးေဇာ္ - ေနာက္တခ်က္အေနနဲ႔ အခု နစကဘက္က ၿငိမ္းခ်မ္းေရး ဖိတ္ေခၚတဲ့ဟာမွာ တုိင္းရင္းသား လက္နက္ကုိင္ေတြေပါ့၊ NCA လက္မွတ္ထုိးတဲ့ အဖြဲ႔ေတြေရာ၊ မထုိးတဲ့ အဖြဲ႔ေတြေရာ ဖိတ္ေခၚတယ္။ ေနာက္ သူေျပာထားတဲ့အထဲမွာ အၾကမ္းဖက္ အဖြဲ႔အစည္းလို႔ သတ္မွတ္ထားတဲ့ဟာေတြေတာ့ သူ ဖိတ္ေခၚတာ မရွိဘူး။ အဲ့ေတာ့ အခု တုိင္းျပည္ထဲမွာ ျဖစ္ေနတဲ့ အေနအထားမွာဆုိရင္ NUG နဲ႔ PDF ေတြနဲ႔ အဓိကေပ့ါေလ၊ အလယ္ပိုင္းေဒသေတြမွာ ထိေတြ႔ တုိက္ပြဲေတြျဖစ္ေနတယ္၊ ပဋိပကၡေတြ ျပင္းထန္ေနတယ္။ အဲဒီဟာေတြ ေျဖရွင္းဖုိ႔အတြက္ေရာ ဘယ္လိုမ်ဳိး ျမင္ပါသလဲ။

ဦးကုိကိုႀကီး - “ႏုိင္ငံေရးမွာ ကာလ တခုနဲ႔တခု မတူဘူးေပါ့။ ဒီ ေႏြဦးေတာ္လွန္ေရး မတုိင္ခင္တုန္းကေတာ့ အဓိက လက္နက္ကုိင္ ပဋိပကၡဆုိတာ EAO ေတြနဲ႔ပဲရွိတာ။ EAO ေတြရဲ႕ အေျခခံက တကယ္က ဖက္ဒရယ္ပဲ။ က်ေနာ္တို႔ ဝါဒေရးရာ လက္နက္ကုိင္တဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီက ေျပာရရင္ေတာ့ အခုအခ်ိန္မွာ လက္နက္ကုိင္ လႈပ္ရွားမႈက မရွိသေလာက္ ျဖစ္သြားၿပီ။ အဲဒီေတာ့ ရွိေနတဲ့ တုိင္းရင္းသား EAO ေတြက တန္းတူညီမွ်ေရး၊ ဖက္ဒရယ္ေရးေပၚမွာ မူတည္ၿပီးေတာ့ ျဖစ္တာ။ ေႏြဦးေတာ္လွန္ေရးက်ေတာ့ အဓိက ဒီမုိကေရစီေရး မဲဆႏၵေတြ အလဟႆ ျဖစ္သြားတယ္၊ ပယ္ဖ်က္ခံရတယ္ဆုိတဲ့ အေပၚမွာ မူတည္ၿပီးေတာ့ ေပါက္ကြဲၾကတာျဖစ္ေတာ့ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္က တြဲၿပီး ေျဖရွင္းရမယ္လို႔ ျမင္တယ္။ ေနာက္တခုက အခုကာလမွာ EAO ေတြအျပင္ကုိ ဇာတ္ေကာင္အသစ္ေတြ ေပၚလာတယ္။ ဆုိေတာ့ Player အသစ္ေတြကို က်ေနာ္တုိ႔ ဖယ္ၿပီး စဥ္းစားလို႔ေတာ့ မရဘူး။ သူတုိ႔နဲ႔ပတ္သက္တဲ့ အေၾကာင္းရင္းကိုလည္း ေျဖရွင္းမွ အခုျဖစ္ေနတဲ့ လက္နက္ကုိင္ ပဋိပကၡေတြ ေျဖရွင္းႏုိင္မယ္လို႔ ျမင္ပါတယ္။”

ကိုမုိးေဇာ္ - အဲဒါဆုိ အခု က်ေနာ္တို႔ သိထားသေလာက္ အခု အာဏာရယူထားတဲ့ နစကဘက္ကလည္း ေဆြးေႏြးဖို႔ဆုိတဲ့ ကိစၥမ်ဳိးကုိ စကားထုတ္ေဖာ္ေျပာထားတာ မရွိဘူး၊ အလားတူပဲ NUG နဲ႔ PDF တုိ႔ဘက္မွာလည္း ေဆြးေႏြးဖို႔ဆုိတာ မရွိဘူးဆိုေတာ့ ဒီႏုိင္ငံေရးျပႆနာ ေျဖရွင္းဖို႔ဆိုရင္ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံအတြက္ ဘယ္လုိနည္းလမ္းေတြနဲ႔ ေျဖရွင္းလုိ႔ ရႏုိင္မလဲ။ အေနအထားကို ဘယ္လိုျမင္ပါသလဲ။

ဦးကိုကိုႀကီး - “က်ေနာ္တို႔ျမင္တာကေတာ့ ႏုိင္ငံေရးဆုိတာ စကားေျပာရတာပဲ။ စကားေျပာလုိ႔ အဆင္မေျပလုိ႔ လက္နက္ကုိင္ၾကတာ။ လက္နက္ကိုင္ရင္းနဲ႔ တေယာက္ကိုတေယာက္ အျပဳတ္မတုိက္ႏုိင္ဘူးဆုိတာ ျဖစ္လာတဲ့အခါက်ရင္ စကားျပန္ေျပာၾကတာေပါ့။ ဒါေၾကာင့္ အပိတ္ေတြေျပာတာေတာ့ မေကာင္းဘူး။ လုံးဝ ေတြ႔ဆုံေဆြးေႏြးမႈကို လက္မခံဘူးဆိုတာ ဒါ လမ္းကို အေသပိတ္လုိက္သလို ျဖစ္သြားတယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔က ထိေတြ႔ဆက္ဆံမႈ ေဆြးေႏြးမႈဆုိတာကေတာ့ လမ္းဖြင့္ထားဖို႔ လုိတယ္။ ပဋိပကၡ ျပင္းထန္ေနတဲ့အခ်ိန္မွာ အေျဖမထြက္ေသးဘူး ဆုိရင္ေတာင္မွ ေတြ႔ဆုံေဆြးေႏြးမႈ လမ္းေၾကာင္းကေတာ့ ရွိထားဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။”

ကုိမုိးေဇာ္ - ဦးကုိကိုႀကီးတုိ႔ပါတီ အေနနဲ႔ ပဋိပကၡျဖစ္ေနတဲ့ ႏွစ္ဖက္ၾကားမွာ ၾကားလူတေယာက္အေနနဲ႔ ႏွစ္ဖက္စလုံးကုိ တစုံတရာ ေမတၱာရပ္ခံတာပဲျဖစ္ျဖစ္၊ တုိက္တြန္းတာပဲျဖစ္ျဖစ္ လုပ္မယ္ဆုိရင္ အဓိက ဘာေတြမ်ား ေျပာဖို႔ရွိပါသလဲ။

ဦးကိုကိုႀကီး - “က်ေနာ္တို႔က အၾကမ္းမဖက္ ႏုိင္ငံေရးနည္းလမ္းကို ေရြးခ်ယ္ထားတယ္ ဆုိေပမယ့္ က်ေနာ္တုိ႔က ၾကားေတာ့မဟုတ္ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ က်ေနာ္တုိ႔က ဒီမိုကေရစီဘက္မွာ ဖက္ဒရယ္ဘက္မွာ စၿပီး ႏုိင္ငံေရးေလာကထဲ ဝင္လာကတည္းက အခုိင္အမာ ရပ္တည္တာ ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔မွာ ဘက္ရွိပါတယ္။ အဲ့ေတာ့ အၾကမ္းမဖက္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ၾကားေတာ့မဟုတ္ဘူး။ က်ေနာ္တုိ႔ ႏုိင္ငံေရးရပ္တည္ခ်က္က ဒီမုိကေရစီ ဖက္ဒရယ္ကုိ ႏုိင္ငံေရးနည္းလမ္းနဲ႔ ေရာက္ေအာင္ သြားမွာျဖစ္တဲ့အတြက္ေၾကာင့္ တဖက္ကလည္း စစ္တပ္ဟာ က်ေနာ္တုိ႔ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ သူဟာ ဗမာျပည္ ႏုိင္ငံေရးအခန္းက႑မွာ ေတာက္ေလွ်ာက္ ပါဝင္ေနတယ္၊ အခုလည္း သူက ပါဝင္ေနတယ္။ ဆုိေတာ့ သူဟာ က်ေနာ္တို႔ ဒီကာလမွာ ေဆြးကို ေဆြးေႏြးရမယ္။ ကုိယ့္ ဒီမုိကေရစီ စံခ်ိန္စံညႊန္းအရ ရာႏႈန္းျပည့္ ေရြးေကာက္ခံတဲ့ ကိုယ္စားလွယ္မ်ားသာ ျဖစ္ရမယ္ ဆုိတာက ဒီမုိကေရစီ။ အဲဒီပန္းတုိင္ကို ေရာက္ေအာင္သြားတဲ့ ေနရာမွာ လက္ရွိအျေခအေနကုိေတာ့ က်ေနာ္တုိ႔က မ်က္ကြယ္ျပဳလုိ႔မရဘူး။ ဒါေၾကာင့္ က်ေနာ္တို႔က ဒါ ၾကားမဟုတ္ဘူး။ သို႔ေသာ္ ႏုိင္ငံေရးအေျဖထြက္ေအာင္ေတာ့ က်ေနာ္တုိ႔က၊ တခ်က္ခုန္႐ုံနဲ႔ေတာ့ မေရာက္ႏုိင္ဘူး၊ ႏုိင္ငံေရးဆိုတာက ျဖစ္စဥ္ပဲ။ ဆုိေတာ့ ဒီအေျခအေနကေနၿပီးေတာ့ လြန္ေျမာက္တဲ့၊ ပုိေကာင္းတဲ့ အေျခအေနတရပ္ျဖစ္ေအာင္ က်ေနာ္တုိ႔က ႏုိင္ငံေရးနည္းလမ္းနဲ႔ ဝုိင္းႀကိဳးစားမယ္။ ေနာက္တဆင့္ကေန ဒီ့ထက္ပိုေကာင္းတဲ့ တဆင့္ကို က်ေနာ္တုိ႔က ပုိပိုၿပီး အဆင့္ျမင့္လာေအာင္ ႀကိဳးစားတာကုိ ဒါ ႏုိင္ငံေရးလုိ႔ပဲ က်ေနာ္တို႔ နားလည္ပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ဒီမုိကေရစီေရး၊ ဖက္ဒရယ္ေရး၊ တန္းတူညီမွ်ေရး ဆိုတာကေတာ့ က်ေနာ္တုိ႔ရဲ႕ ယုံၾကည္ခ်က္ ျဖစ္တဲ့အတြက္ေၾကာင့္ ႏုိင္ငံေရးနည္းလမ္းနဲ႔ မဆုတ္မနစ္ က်ေနာ္တို႔ ဆက္ၿပီး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ဆွေးနွေးမှုအပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ သဘောထား

ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ အမြင်သဘောထားတွေ သိနိုင်ဖို့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က နေပြည်တော်မှာ လူကိုယ်တိုင် သီးသန့် တွေ့ဆုံ မေးမြန်းပြီး တင်ပြထားပါတယ်။

ကိုမိုးဇော် - ဒီနေ့မှာလည်း ထပ်ပြီး ပြောပါတယ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း ကြေညာချက်ထုတ်တယ်၊ အဓိကတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီး EAO တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတယ်။ ကန့်သတ်မှုတွေ မရှိတဲ့ ငြိမ်းချမ်းရေးဆိုပြီး သူ ဖိတ်ခေါ်တယ်။ သမိုင်းမှာလည်း ဒီလိုမျိုး ဖိတ်ခေါ်တာ မရှိဘူးဆိုတာလည်း သူပြောတယ်။ အဲဒီ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ်မှာ ဦးကိုကိုကြီး အနေနဲ့ ဘယ်လိုများ မြင်ပါသလဲ။

ဦးကိုကိုကြီး - “အဓိကတော့ ငြိမ်းချမ်းရေးဆိုတာ ကြိုဆိုရမယ့်ကိစ္စပဲ။ နောက်တခုကလည်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဆိုတာက အရင်းခံက နိုင်ငံရေး ပြဿနာပေါ့။ ဒါကြောင့် ကျနော်တို့ ဆိုရိုးစကားတောင်ရှိတယ်၊ သွေးထွက်တဲ့ နိုင်ငံရေးနဲ့ သွေးမထွက်တဲ့ နိုင်ငံရေးဆိုတာ။ အဲဒီတော့ သွေးမထွက်တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ရင် သွေးထွက်တဲ့နိုင်ငံရေး မလိုအပ်ဘူးပေါ့။ သွေးထွက်နည်းမှာပေါ့ဗျာ၊ သဘောက။ ဒါကြောင့် ကျနော်တို့ကတော့ သွေးမထွက်တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးတာဟာ တိုင်းပြည်အတွက် အကောင်းဆုံးပဲလို့ ကျနော်ကတော့ မြင်ပါတယ်။”

ကိုမိုးဇော် - နောက်တချက်အနေနဲ့ အခု နစကဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ဟာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေပေါ့၊ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေရော၊ မထိုးတဲ့ အဖွဲ့တွေရော ဖိတ်ခေါ်တယ်။ နောက် သူပြောထားတဲ့အထဲမှာ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ဟာတွေတော့ သူ ဖိတ်ခေါ်တာ မရှိဘူး။ အဲ့တော့ အခု တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အနေအထားမှာဆိုရင် NUG နဲ့ PDF တွေနဲ့ အဓိကပေ့ါလေ၊ အလယ်ပိုင်းဒေသတွေမှာ ထိတွေ့ တိုက်ပွဲတွေဖြစ်နေတယ်၊ ပဋိပက္ခတွေ ပြင်းထန်နေတယ်။ အဲဒီဟာတွေ ဖြေရှင်းဖို့အတွက်ရော ဘယ်လိုမျိုး မြင်ပါသလဲ။

ဦးကိုကိုကြီး - “နိုင်ငံရေးမှာ ကာလ တခုနဲ့တခု မတူဘူးပေါ့။ ဒီ နွေဦးတော်လှန်ရေး မတိုင်ခင်တုန်းကတော့ အဓိက လက်နက်ကိုင် ပဋိပက္ခဆိုတာ EAO တွေနဲ့ပဲရှိတာ။ EAO တွေရဲ့ အခြေခံက တကယ်က ဖက်ဒရယ်ပဲ။ ကျနော်တို့ ဝါဒရေးရာ လက်နက်ကိုင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောရရင်တော့ အခုအချိန်မှာ လက်နက်ကိုင် လှုပ်ရှားမှုက မရှိသလောက် ဖြစ်သွားပြီ။ အဲဒီတော့ ရှိနေတဲ့ တိုင်းရင်းသား EAO တွေက တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေးပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာ။ နွေဦးတော်လှန်ရေးကျတော့ အဓိက ဒီမိုကရေစီရေး မဲဆန္ဒတွေ အလဟဿ ဖြစ်သွားတယ်၊ ပယ်ဖျက်ခံရတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ပေါက်ကွဲကြတာဖြစ်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်က တွဲပြီး ဖြေရှင်းရမယ်လို့ မြင်တယ်။ နောက်တခုက အခုကာလမှာ EAO တွေအပြင်ကို ဇာတ်ကောင်အသစ်တွေ ပေါ်လာတယ်။ ဆိုတော့ Player အသစ်တွေကို ကျနော်တို့ ဖယ်ပြီး စဉ်းစားလို့တော့ မရဘူး။ သူတို့နဲ့ပတ်သက်တဲ့ အကြောင်းရင်းကိုလည်း ဖြေရှင်းမှ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။”

ကိုမိုးဇော် - အဲဒါဆို အခု ကျနော်တို့ သိထားသလောက် အခု အာဏာရယူထားတဲ့ နစကဘက်ကလည်း ဆွေးနွေးဖို့ဆိုတဲ့ ကိစ္စမျိုးကို စကားထုတ်ဖော်ပြောထားတာ မရှိဘူး၊ အလားတူပဲ NUG နဲ့ PDF တို့ဘက်မှာလည်း ဆွေးနွေးဖို့ဆိုတာ မရှိဘူးဆိုတော့ ဒီနိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရနိုင်မလဲ။ အနေအထားကို ဘယ်လိုမြင်ပါသလဲ။

ဦးကိုကိုကြီး - “ကျနော်တို့မြင်တာကတော့ နိုင်ငံရေးဆိုတာ စကားပြောရတာပဲ။ စကားပြောလို့ အဆင်မပြေလို့ လက်နက်ကိုင်ကြတာ။ လက်နက်ကိုင်ရင်းနဲ့ တယောက်ကိုတယောက် အပြုတ်မတိုက်နိုင်ဘူးဆိုတာ ဖြစ်လာတဲ့အခါကျရင် စကားပြန်ပြောကြတာပေါ့။ ဒါကြောင့် အပိတ်တွေပြောတာတော့ မကောင်းဘူး။ လုံးဝ တွေ့ဆုံဆွေးနွေးမှုကို လက်မခံဘူးဆိုတာ ဒါ လမ်းကို အသေပိတ်လိုက်သလို ဖြစ်သွားတယ်။ ဒါကြောင့် ကျနော်တို့က ထိတွေ့ဆက်ဆံမှု ဆွေးနွေးမှုဆိုတာကတော့ လမ်းဖွင့်ထားဖို့ လိုတယ်။ ပဋိပက္ခ ပြင်းထန်နေတဲ့အချိန်မှာ အဖြေမထွက်သေးဘူး ဆိုရင်တောင်မှ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကတော့ ရှိထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

ကိုမိုးဇော် - ဦးကိုကိုကြီးတို့ပါတီ အနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်ကြားမှာ ကြားလူတယောက်အနေနဲ့ နှစ်ဖက်စလုံးကို တစုံတရာ မေတ္တာရပ်ခံတာပဲဖြစ်ဖြစ်၊ တိုက်တွန်းတာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် အဓိက ဘာတွေများ ပြောဖို့ရှိပါသလဲ။

ဦးကိုကိုကြီး - “ကျနော်တို့က အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ထားတယ် ဆိုပေမယ့် ကျနော်တို့က ကြားတော့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီဘက်မှာ ဖက်ဒရယ်ဘက်မှာ စပြီး နိုင်ငံရေးလောကထဲ ဝင်လာကတည်းက အခိုင်အမာ ရပ်တည်တာ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ဘက်ရှိပါတယ်။ အဲ့တော့ အကြမ်းမဖက်တဲ့အတွက်ကြောင့် ကျနော်တို့က ကြားတော့မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်က ဒီမိုကရေစီ ဖက်ဒရယ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ရောက်အောင် သွားမှာဖြစ်တဲ့အတွက်ကြောင့် တဖက်ကလည်း စစ်တပ်ဟာ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူဟာ ဗမာပြည် နိုင်ငံရေးအခန်းကဏ္ဍမှာ တောက်လျှောက် ပါဝင်နေတယ်၊ အခုလည်း သူက ပါဝင်နေတယ်။ ဆိုတော့ သူဟာ ကျနော်တို့ ဒီကာလမှာ ဆွေးကို ဆွေးနွေးရမယ်။ ကိုယ့် ဒီမိုကရေစီ စံချိန်စံညွှန်းအရ ရာနှုန်းပြည့် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်များသာ ဖြစ်ရမယ် ဆိုတာက ဒီမိုကရေစီ။ အဲဒီပန်းတိုင်ကို ရောက်အောင်သွားတဲ့ နေရာမှာ လက်ရှိအြခေအနေကိုတော့ ကျနော်တို့က မျက်ကွယ်ပြုလို့မရဘူး။ ဒါကြောင့် ကျနော်တို့က ဒါ ကြားမဟုတ်ဘူး။ သို့သော် နိုင်ငံရေးအဖြေထွက်အောင်တော့ ကျနော်တို့က၊ တချက်ခုန်ရုံနဲ့တော့ မရောက်နိုင်ဘူး၊ နိုင်ငံရေးဆိုတာက ဖြစ်စဉ်ပဲ။ ဆိုတော့ ဒီအခြေအနေကနေပြီးတော့ လွန်မြောက်တဲ့၊ ပိုကောင်းတဲ့ အခြေအနေတရပ်ဖြစ်အောင် ကျနော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ဝိုင်းကြိုးစားမယ်။ နောက်တဆင့်ကနေ ဒီ့ထက်ပိုကောင်းတဲ့ တဆင့်ကို ကျနော်တို့က ပိုပိုပြီး အဆင့်မြင့်လာအောင် ကြိုးစားတာကို ဒါ နိုင်ငံရေးလို့ပဲ ကျနော်တို့ နားလည်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ တန်းတူညီမျှရေး ဆိုတာကတော့ ကျနော်တို့ရဲ့ ယုံကြည်ချက် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ မဆုတ်မနစ် ကျနော်တို့ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

XS
SM
MD
LG